Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ၁၅ဦး အသက်ဆုံးရှုံးခဲ့ရ

တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် (၆၁၃)ဦးတွင် အဖမ်းဆီးခံရသူ (၈၅) ဦး၊ ဖမ်းဆီးခံရနေရစဥ်အတွင်း ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂) ဦးနှင့် ပြန်လည်လွတ်မြောက်သူ (၂၆) ဦးရှိကြောင်း အစီရင်ခံစာ၌ ပါရှိသည်။

(မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ် ထားစဉ်၊ ဓာတ်ပုံ-KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ)
(မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ် ထားစဉ်၊ ဓာတ်ပုံ-KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ)

▪️ဖမ်းခံရစဉ် ကွယ်လွန်သူနှစ်ဦးနှင့် ရှောင်တိမ်းရင်း ကွယ်လွန်သူများပါဝင်၊ ၈၈ဦး ဖမ်းဆီးခံထားရဆဲဖြစ်

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၅ဦး ကွယ်လွန်ခဲ့ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ဖတ်ကြားတင်သွင်းခဲ့သည့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ(CRPH)၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၌ ဖော်ပြထား သည်။

(မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ် ထားစဉ်၊ ဓာတ်ပုံ-KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ)
(မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ် ထားစဉ်၊ ဓာတ်ပုံ-KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ)

ရွေးကောက်ခံပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် (၄၇၆)ဦးရှိရာ အဖမ်းဆီးခံရသူ (၄၀) ဦး၊ ပြန်လည်လွတ်မြောက်သူ (၉)ဦး၊ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရသော လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦးနှင့်ကွယ်လွန်သူ (၅)ဦးရှိကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့ပြင် ဆက်သွယ်၍ မရသူ (၉၀) ဦးရှိကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် (၆၁၃)ဦးတွင် အဖမ်းဆီးခံရသူ (၈၅) ဦး၊ ဖမ်းဆီးခံရနေရစဥ်အတွင်း ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂) ဦးနှင့် ပြန်လည်လွတ်မြောက်သူ (၂၆) ဦးရှိကြောင်း အစီရင်ခံစာ၌ ပါရှိသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရသော လွှတ်တော်ကိုယ်စားလှယ် (၅၇)ဦး၊ ဖမ်းဆီးခံရပြီး ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂)ဦး၊ ရှောင်တိမ်းရင်း ကွယ်လွန်သူ (၈)ဦး၊ စုစုပေါင်း ကွယ်လွန်သူ (၁၀)ဦးရှိကြောင်း ဖော်ပြထားသည်။

You May Also Like

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် အသက်ဆုံးရှုံးခဲ့ရသော လူပေါင်း ၂,၉၀၀ ကျော်ကို အမေရိကန်သံရုံးက ဂုဏ်ပြုကြောင်း ဖော်ပြသည်။

သတင်း

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မနက်ပိုင်း ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာတဲ့ လွှတ်တော်အစည်းအဝေးတွေ မစတင်မီမှာ စစ်တပ်ဟာ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီးအာဏာသိမ်းခဲ့တာပါ။

သတင်း

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှာဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အရပ်သားအစိုးရကိုစစ်တပ်ကမတရားဖမ်းဆီးပြီးအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း လူ့အခွင့်အရေး ကိစ္စအပါအဝင် ကဏ္ဍပေါင်းစုံမှာ နိုင်ငံရဲ့ အခြေအနေက တောက်လျှောက် ဆုတ်ယုတ် လာနေကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တက်ခ်က ဆိုပါတယ်။

သတင်း

ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးက (UNODC)ကတော့စစ်အာဏာသိမ်းမှုအပြီးနိုင်ငံစီးပွားရေးစိုက်ဆင်းသွားခြင်းက တောင်သူတွေ ဘိန်းစိုက်ပျိုးမှုဆီ ပြန်ဦးလှည့်သွားစေတဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်နိုင်ကြောင်း ပြောပါတယ်။