Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်​အေးတိုက်ပွဲ စစ်ကောင်စီရဟတ်ယာဉ်ကို KPDFက ပစ်ချခဲ့ဟု KIAအသိပေး

KIA တပ်မဟာ(၈)နယ်မြေသို့ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှု၊ မြင်းမူရှိ စစ်ကောင်စီတပ်စခန်းကိုPDF များကတိုက်ခိုက်မီးရှို့မှု၊ ဟုမ္မလင်းဒေသ တိုက်ပွဲသတင်းများကို KIA သတင်းဌာန က ဖော်ပြခဲ့ခြင်းဖြစ်သည်။

(KPDF တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KPDF)
(KPDF တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KPDF)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးဒေသ တိုက်ပွဲ၌ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)များလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဟတ်ယာဉ်ကို KPDFက ပစ်ချခဲ့သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA တပ်မဟာ(၈)နယ်မြေသို့ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှု၊ မြင်းမူရှိ စစ်ကောင်စီတပ်စခန်းကိုPDF များကတိုက်ခိုက်မီးရှို့မှု၊ ဟုမ္မလင်းဒေသ တိုက်ပွဲသတင်းများကို KIA သတင်းဌာန က ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၃ရက်က စစ်ကိုင်းတိုင်း ဟုမ္မလင်းဒေသ၌ စစ်ကောင်စီတပ်နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့သည်။

(KPDF တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KPDF)
(KPDF တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KPDF)

“စစ်ကောင်စီတပ်မှ ထိခိုက်မှု ရှိခဲ့ကာလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လာတာကြောင့် KPDFဘက်မှစစ်ကောင်စီတပ်၏ ရဟတ်ယာဉ် တစ်စီး ပျက်ကျအောင် ပစ်ချနိုင်ခဲ့” ဟု KIA သတင်းပြန်ကြားရေးဌာန၏ သတင်းဖော်ပြချက်၌ ပါရှိသည်။ ကချင်​ဒေသပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့-KPDF သည် KIAက စစ်သင်တန်းပေးထားသည့် တပ်ဖွဲ့များဖြစ်ပြီး KIA၏ ကွပ်ကဲမှုအောက်၌ရှိသည်။

Public Service Announcement
Public Service Announcement

ဟုမ္မလင်းရွှေပြည်အေးမြို့အနီးတိုက်ပွဲ၌စစ်ကောင်စီရဟတ်ယာဉ်ကို ပျက်ကျအောင် ပစ်ချနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက​ဖေ​ဖော်ဝါရီ ၃ ရက်ည​နေပိုင်း၌ထုတ်ပြန်ခဲ့သည်။

ထို့သို့ ရဟတ်ယာဉ် ပစ်ချခံရပြီးနောက် ဖေဖော်ဝါရီ ၄ရက် နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်သည် KIA အမှတ်(၈)တပ်မဟာ အမှတ် (၄၁) တပ်ရင်းနယ်မြေရှိ KIA တပ်စွဲရာနေရာများကို တိုက်လေယာဉ် ၃စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်ခံရမှုနှင့် KIA တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးရှိမရှိကို ဖော်ပြမထားပေ။

KIA အနေဖြင့် ၂၀၂၁ မေလ ၃ရက်နေ့ကလည်း မိုးမောက်မြို့နယ်ကုန်းလောကျေးရွာအနီး၌စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးပျက်ကျအောင် တိုက်ခိုက်ခဲ့ရာ ယင်းဖြစ်စဉ်၌ စစ်ကောင်စီ ရဟတ်ယာဉ်မောင်း အရာရှိများ သေဆုံးခဲ့သည်။

KIA အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် တော်လှန်ရေး အင်အားစုများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး စစ်ရေးအစီမံများကို ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုလည်း ဖေဖော်ဝါရီ ၄ရက် မနက် အစောပိုင်း၌ PDF ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ ၂နာရီခန့်ကြာ နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်ကောင်စီတပ်၏ လက်နက်အချို့ကို PDF မှ သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း၊ တပ်စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးကို ခရိုင်ကွပ်ကဲရေးမှူး၏ စီစဉ်ညွှန်ကြားမှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း တိုက်ပွဲ၌ ပါဝင်သည့် မြင်းခြံခရိုင် တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ရေး စုဖွဲ့မှုများ လုပ်ဆောင်ရာတွင် ခရိုင်အဆင့် ကွပ်ကဲရေးမှူးတာဝန်ကို မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ စစ်ရေးတာဝန်ရှိသူများက တာဝန်ယူ ဆောင်ရွက်ကြောင်း NUG ကာကွယ်ရေးက ထုတ်ဖော်ပြောဆိုထားသည်။ထို့ကြောင့် KIAအနေဖြင့်စစ်ကိုင်းတိုင်းရှိ စစ်ရေး ဆောင်ရွက်ချက် စစ်ဆင်ရေးများကို ကွပ်ကဲနေသည်ဟုဆိုနိုင်သည်။

You May Also Like

သတင်း

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် အတက်နိုင်ဆုံး ဝေးရာတွင်နေထိုင်ကြရန် Unicorn Guerrilla Force အဖွဲ့က ထပ်မံသတိပေးသည်။

သတင်း

ကလေးဝမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကလေးခရိုင်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့အောက်တွင် ဖွဲ့စည်းထားသည်။

သတင်း

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၄ ရက် ည ၁၀ နာရီခွဲခန့်တွင်ဖယ်ခုံ PDF တပ် ရင်း( ၂ )၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်း (၃) နှင့် URF တို့ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့သည်။

သတင်း

ယနေ့(ဖေဖော်ဝါရီ ၅ရက်) ကျရောသည့် (၆၂)နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ NUG ကာကွယ်ရေးက ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။