Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးဝတိုက်ပွဲ စစ်​ကောင်စီတပ်ဒုတပ်ရင်းမှူးအပါအဝင်​သေဆုံးထိခိုက်သူများပြီး​နောက်စစ်​ကြောင်းပြန်ဆုတ်သွား

ကလေးဝမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကလေးခရိုင်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့အောက်တွင် ဖွဲ့စည်းထားသည်။

(စစ်​ကောင်စီတပ်ဝတ်စုံကို ​ခြေဖြင့်နင်း​၍​အောင်ပွဲခံ​နေ​သောPDFတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီတပ်ဝတ်စုံကို ​ခြေဖြင့်နင်း​၍​အောင်ပွဲခံ​နေ​သောPDFတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-​ပေးပို့)

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ပါတ်ကြာတိုက်ပွဲဖြစ်ပွားခဲရာစစ်ကောင်စီတပ်မှဒုတပ်ရင်းမှူးအပါအဝင်သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်းစစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။

ကလေးဝမြို့နယ်အတွင်းတွင်ဇန်နဝါရီလ ၁၉ ရက်မှစ၍ ဖေဖော်ဝါရီလ ၂ ရက်နံနက်အထိနှစ်ပါတ်​ကျော်ကြာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် အထိအခိုက်များစွာဖြင့်ဆုတ်ခွာသွားကြောင်းတော်လှန်ရေးအင်အားစုများကပြောသည်။

” နေ့တိုင်းလိုထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ ဖေဖော်ဝါရီ ၁ရက်ညနေကနေစပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကနေ စစ်ကောင်စီတပ်ကို ညှပ်တိုက်တာ။ ဖေဖော်ဝါရီ ၂ရက်မနက်မှာတော့သူတို့(စစ်ကောင်စီတပ်ဖွဲ့ )ဆုတ်သွားတယ်။ သတင်းအရ ဒုတပ်ရင်းမှူးနဲ့ အခြားအဆင့် သုံးယောက်သေတယ်။ဒဏ်ရာရသူ‌‌တွေကိုလည်း အထမ်းတွေနဲ့ သယ်သွားတာ မြင်လိုက်ရတယ်” ဟု ကလေးဝ‌မြို့မှ စစ်​ရေးသတင်းရင်းမြစ်တစ်ဦးကPeople’s Spring သို့ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားသောစစ်ကောင်စီတပ်သည် ခြေလျင်တပ်ရင်း(ခလရ) ၈၉ ဖြစ်ပြီး ကလေးဝမြို့သို့ စတင်ဝင်ရောက်စဉ်က အင်အား ၇၀ခန့် ရှိကြောင်း၊ ပြန်ဆုတ်သွားချိန်တွင် အင်အား ၅၀ခန့်သာရှိတော့ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ကလေးဝမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကလေးခရိုင်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့အောက်တွင် ဖွဲ့စည်းထားသည်။

You May Also Like

သတင်း

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် အတက်နိုင်ဆုံး ဝေးရာတွင်နေထိုင်ကြရန် Unicorn Guerrilla Force အဖွဲ့က ထပ်မံသတိပေးသည်။

သတင်း

ဇန်နဝါရီလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ပြည်သူ ၁၁၅ဦး အသက်ဆုံးရှုံးခဲ့ရာ စစ်ကိုင်းတိုင်းမှ ၈၀ ဦး ပါဝင်သည်ဟုဆိုသည်။

သတင်း

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၄ ရက် ည ၁၀ နာရီခွဲခန့်တွင်ဖယ်ခုံ PDF တပ် ရင်း( ၂ )၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်း (၃) နှင့် URF တို့ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့သည်။

သတင်း

KIA တပ်မဟာ(၈)နယ်မြေသို့ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှု၊ မြင်းမူရှိ စစ်ကောင်စီတပ်စခန်းကိုPDF များကတိုက်ခိုက်မီးရှို့မှု၊ ဟုမ္မလင်းဒေသ တိုက်ပွဲသတင်းများကို KIA သတင်းဌာန က ဖော်ပြခဲ့ခြင်းဖြစ်သည်။