Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငါန်းဇွန်တွင် ညကင်းပတ်ထွက်လာ​သော စစ်ကောင်စီတပ်ကို တိုက်ခိုက်

ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းကလည်း ငါန်းမြာ-ငါန်းဇွန်လမ်းပိုင်း သားကျင်ရွာအနီးတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံခဲ့ရသေးသည်။

(ငန်းဇွန်မြို့နယ်ကို Google Map.တွင်​တွေ့ရမှု)
(ငန်းဇွန်မြို့နယ်ကို Google Map.တွင်​တွေ့ရမှု)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ညကင်းပတ်ထွက်လာသည့် စစ်ကောင်စီအုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ အများအပြားသေဆုံးကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၁၂ နာရီ ၁၅ မိနစ်ခန့်က ငါန်းဇွန်မြို့၊ အရှေ့ဘက် မြို့နှင့် ၃ မိုင်အကွာ ငွေစင်ကုန်းရွာနှင့် ညောင်ပင်ကြီးရိုးရွာကြား ငါန်းဇွန်-တံတားဦးသွား ကားလမ်းပေါ်တွင် ကားတစ်စီး၊ ဆိုင်ကယ် ၅ စီးဖြင့် ကင်းလှည့်လာသော ၁၀ ဦးပါ စစ်ကောင်စီတပ်ဖွဲ့ ကင်းလှည့်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ထိုယာဥ်များပေါ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူများပါဝင်ပြီး မိုင်းဆွဲပြီးနောက် လက်နက်ကြီးဖြင့် ၂ ချက်ပစ်ကာ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ထို့နောက် လက်နယ်ငယ်များဖြင့်ပါထိပ်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ကြောင်း မန္တလေးခရိုင်၊ အမှတ် ( ၅ ) တပ်ရင်း Myitnge PDF အဖွဲ့ တာဝန်ခံက ပြောသည်။

“လက်လုပ်ဆွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ငါန်းဇွန်ကနေ ၁၄ မိုင်လမ်းမပေါ် ထွ​က်လာတာ။ တံတားဦးဘက်လောက်အထိ ပတ်ကင်းထွက်တဲ့အဖွဲ့ပါ။”ဟု မန္တလေးခရိုင်၊ အမှတ် ( ၅ ) တပ်ရင်း Myitnge PDF အဖွဲ့ တာဝန်ခံက ပြောသည်။

ထိုစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး နေရာတွင်သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ငါန်းဇွန်မြို့နှင့် တံတားဦးမြို့မှ စစ်ကောင်စီတပ်များသည် ကားများဖြင့်အင်အားများ တပ်ကူချက်ချင်းရောက်လာပြီး လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်ခဲ့သည်ဟု Myitnge PDF အဖွဲ့ တာဝန်ခံက ပြောသည်။

“သွေးကွက်တွေမြင်ရတဲ့ ဒေသခံများရဲ့ပြောစကားအရရယ်၊ ရဲဘော်တွေနဲ့ ပေ ၁၀၀ အကွာမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်တာလေ။၉ ယောက်မှာ တစ်ယောက်ကမသေတာကြောင့် လက်နက်ကောက်ဖို့ အဆင်မပြေသွားတာ။”ဟု ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ တာဝန်ခံကဆို သည်။

ထို့ကြောင့် လက်နက်မကောက်နိုင်တော့ဘဲ ပြန်ဆုတ်ခဲ့​သည်ဟုဆိုသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ထိုစစ်ဆင်ရေးကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၏ ညှိ့နှိုင်းကွပ်ကဲမှု နှင့်အတူ မြင်းခြံခရိုင်ရင်း ၆ ( ငါန်းဇွန် )၊ စစ်ကိုင်းခရိုင် ရင်း ၂၊ မန္တလေးခရိုင် ရင်း ၅ MNPDF ( မြစ်ငယ်)၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)၊ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့၊ဒေါင်းဖိုက်တာပြောက်ကျားတပ်ဖွဲ့၊ ခုနှစ်စင်ကြယ်ပြောက်ကျားတပ်ဖွဲ့၊TGYR ပြောက်ကျားတပ်ဖွဲ့၊ မီးနဂါးပြောက်ကျားတပ်ဖွဲ့၊ special task foce၊ ပြည်သူ့အင်အား၊ LPDF ( စဥ့်ကိုင်)၊ MSPDF(မြောင်)တပ်ရင်းတပ်ဖွဲ့၊ ငါန်းဇွန် local အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းကလည်း ငါန်းမြာ-ငါန်းဇွန်လမ်းပိုင်း သားကျင်ရွာအနီးတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံခဲ့ရသေးသည်။

You May Also Like

သတင်း

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဂျာယန်ကျေးရွာရှိ ဂျာယန်ပြည်သူ့စစ်စခန်းအတွင်း သိမ်းသွင်းစစ်မှုထမ်းစေသည့် တအာင်း(ပလောင်)လူမျိုး ၁၂၇ဦးအား TNLA တပ်မဟာ (၇)အဖွဲ့မှ ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဒီဖြစ်ရပ်ဟာမနေ့က မနက်ပိုင်း ၉ နာရီ ဝန်းကျင်မှာဖြစ်ပွားတာဖြစ်ပြီး အမျိုးသား ၃ ဦးက သေနတ်နဲ့ပြီး လက်ပစ်ဗုံး ပစ်ထည့်သွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။

သတင်း

HRS သည် KNU /KNLA သထုံခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း အခြေစိုက်ပြီး ၊KNLA နှင့်ပူး​ပေါင်း၍ စစ်ဆင်​ရေးများပြုလုပ်​နေ​သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

သတင်း

လက်နက်တပ်ဆင်မှု အပိုင်းတွင်လည်း မဟာဗျူဟာမြောက် တပ်ဖြန့်မှု နှင့် ဆက်စပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။အင်အား တည်ဆောက်ပြီး၊ တပ်ဖြန့်နေရာယူပြီး ပါက ဒေသတိုင်း၌ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။