Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ဟု TNLA ထုတ်ပြန်

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဂျာယန်ကျေးရွာရှိ ဂျာယန်ပြည်သူ့စစ်စခန်းအတွင်း သိမ်းသွင်းစစ်မှုထမ်းစေသည့် တအာင်း(ပလောင်)လူမျိုး ၁၂၇ဦးအား TNLA တပ်မဟာ (၇)အဖွဲ့မှ ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA
ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA

▪️အင်အား ၅၀၀ကျော်ဖြင့် ပြည်သူ့စစ်စခန်းကို ဝင်စီးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံး ၃၀ကျော်ဖြင့် တိုက်ခိုက်

စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူစစ် တပ်ဖွဲ့စခန်းအား ဝင်ရောက်စီးနင်းပြီး တအာင်းလူမျိုး ၁၂၇ဦးအား ကယ်ထုတ်နိုင်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ သတင်းထုတ်ပြန်သည်။

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဂျာယန်ကျေးရွာရှိ ဂျာယန်ပြည်သူ့စစ်စခန်းအတွင်း သိမ်းသွင်းစစ်မှုထမ်းစေသည့် တအာင်း(ပလောင်)လူမျိုး ၁၂၇ဦးအား TNLA တပ်မဟာ (၇)အဖွဲ့မှ ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

TNLAမှ အင်အား ၅၀၀ကျော်အသုံးပြုပြီး ဖေဖော်ဝါရီ ၄ရက် နံနက် ၄နာရီတွင် ဂျာယန် ပြည်သူ့စစ်တပ်စခန်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီက လေကြောင်းမှ ဗုံးအလုံး ၃၀ထက်နည်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ဂျာယန်ကျေးရွာအနီးသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊မရှိကို ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။

ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA
ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – TNLA

ဂျာယန်ပြည်သူ့စစ်က အဓမ္မခေါ်ယူထားသူများအနက် အမျိုးသား ၁၁၂ဦး၊ အမျိုးသမီး ၁၅ဦးပါဝင်ပြီး ၂၀ဦးမှာ အသက် ၈နှစ်မှ ၁၇အရွယ် ကလေးငယ်များဖြစ်ကာ ၁၀၇ဦးမှ အသက် ၁၈နှစ်မှ ၆၅ နှစ်အတွင်းရှိသူများဖြစ်သည်ဟု ထုတ်ပြန်သည်။

ဂျာယန် ပြည်သူ့စစ်စခန်းအား ဝင်ရောက်စီးနင်းစဉ် အပြန်အလှန် ပစ်ခတ်မှုရှိမရှိနှင့် နှစ်ဖက် ထိခိုက်ကျဆုံးရှိမရှိကို ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA
ပြည်သူ့စစ်က စစ်မှုထမ်းရန်အဓမ္မခေါ်ယူထားသည့် တအာင်းလူမျိုး ၁၂၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – TNLA

အဆိုပါ ပြည်သူ့စစ်စခန်းအား ဝင်ရောက်စီးနင်းသည့်နေ့ကလည်း TNLA တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ နှစ်ဖက်ကျဆုံးအခြေအနေကို မသိဟု ဖြေကြားထားသည်။

TNLA အနေဖြင့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်ကောင်စီက နမ့်ဆန်မြို့နယ်ရှိ TNLA တပ်စခန်းကို လေကြောင်းမှ အင်အားလုံးအရင်း အသုံးပြုစီးနင်းတိုက်ခိုက်ခဲ့၍ တစ်ပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့ပြီး TNLA ဘက်ကလည်း ကျဆုံးထိခိုက်ရှိခဲ့သည်။

You May Also Like

သတင်း

ထားဝယ်မြို့မြောက်ဘက် (၁၈)မိုင်ခန့်အကွာ ထားဝယ်အထူးစီးပွားရေးဇုန်ကို လုံခြုံရေးပေးနေသည့် စစ်ကောင်စီ၏ ရဲကင်းစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့ ၅ခုက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းအားအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ပစ်သတ်သွားခြင်းကြောင်း ​ဒေသခံများက ပြောပြီး အခြားမှတ်ချက်မပေးပေ။

သတင်း

ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းကလည်း ငါန်းမြာ-ငါန်းဇွန်လမ်းပိုင်း သားကျင်ရွာအနီးတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံခဲ့ရသေးသည်။

သတင်း

HRS သည် KNU /KNLA သထုံခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း အခြေစိုက်ပြီး ၊KNLA နှင့်ပူး​ပေါင်း၍ စစ်ဆင်​ရေးများပြုလုပ်​နေ​သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။