Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကာမိုင်းမြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းတစ်ဦး ပစ်သတ်ခံရ

အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းအားအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ပစ်သတ်သွားခြင်းကြောင်း ​ဒေသခံများက ပြောပြီး အခြားမှတ်ချက်မပေးပေ။

(သေဆုံးသူ အမျိုးသား​၏ ရုပ်အလောင်းအား တွေ့ရစဉ်)
(သေဆုံးသူ အမျိုးသား​၏ ရုပ်အလောင်းအား တွေ့ရစဉ်)

ကချင်ပြည်နယ် ကာမိုင်းမြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ကာမိုင်းမြို့ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းဖြစ်သော(၄၅)နှစ်အရွယ် ဦးမဲလုံးဆိုသူသည် ယနေ့ (ဖေဖော်ဝါရီ ၆ရက်) နံနက် ၁၁နာရီခန့်က ပစ်ခတ်ခံရခြင်း ဖြစ်သည်။

“ကာမိုင်း – လဝါးလမ်းဆုံဂိတ်ဟောင်းမှာ အပစ်ခံရတာ။ သူက အဲ့ဒီဂိတ်မှာ ပိုက်ဆံတောင်းနေတာ။ အရင်ကတော့ ပြည်သူ့စစ်။ နောက်တော့ သူအထုတ်ခံရတယ်။ ဒါပေမယ့် စကစနဲ့တော့ သူကအမြဲတတွဲတွဲနေတတ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းအားအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ပစ်သတ်သွားခြင်းကြောင်း ​ဒေသခံများက ပြောပြီး အခြားမှတ်ချက်မပေးပေ။

You May Also Like

သတင်း

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဂျာယန်ကျေးရွာရှိ ဂျာယန်ပြည်သူ့စစ်စခန်းအတွင်း သိမ်းသွင်းစစ်မှုထမ်းစေသည့် တအာင်း(ပလောင်)လူမျိုး ၁၂၇ဦးအား TNLA တပ်မဟာ (၇)အဖွဲ့မှ ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ပစ်သတ်ခံရသူဟာ အသက် ၆၆ နှစ်အရွယ် ရာအိမ်မှူး ဦးခင်မောင်ငြိမ်း နဲ့ အသက် ၆၉ နှစ်အရွယ် ရာအိမ်မှူး ဦးသာဌေးတို့ဖြစ်တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သတင်း

စစ်ကောင်စီအနေဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုမရှိသည့် အခြေအနေ၌ပင် လေကြောင်းမှ လာရောက်တိုက်ခိုက်ရခြင်းမှာ အင်အားမရှိသည့် သဘောကို တွေ့ရကြောင်း ၎င်းက သုံးသပ်သည်။

သတင်း

လှိုင်မြို့နယ် (၃)ရပ်ကွက်မှ ရာအိမ်မှူးမင်းဇော်ဆိုသူအား အမည်မသိလက်နက်ကိုင်တစ်စုက ကားပေါ်မှ ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်ပြီး နေရာတင်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။