Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် စစ်ရေးတင်းမာနေ၍ စက်တော်ရာလမ်းပိုင်းအား အသုံးမပြုကြရန် PDF သတိပေး

စစ်ကောင်စီတပ်က တပ်ရင်းနှစ်ရင်းစာ ပမာဏရှိသော အင်အားဖြင့် ဝင်ရောက်တပ်စွဲထား မိုးဗြဲမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ ဒေသအတွက် စစ်ရေးအရ အရေးပါသည့် ​ဒေသ တစ်ခု ဖြစ်သည်။

(မိုးဗြဲမြို့ စက်တော်ရာလမ်းပိုင်းမြေပုံအားတွေ့ရစဉ်)
(မိုးဗြဲမြို့ စက်တော်ရာလမ်းပိုင်းမြေပုံအားတွေ့ရစဉ်)

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့တွင် စစ်ရေးတင်းမာနေ၍ စက်တော်ရာလမ်းပိုင်းအား ပြည်သူများအသုံးမပြုကြရန် MOBYE PDF Resue Team- MPRTက ယနေ့ သတိပေး ထုတ်ပြန်သည်။

“လွိုင်ကော်ဘက်ကနေ စစ်ကြောင်းထိုးလာတာလည်းပါတယ်။ပြီးတော့ မိုးဗြဲမြို့ မှာရှိတဲ့ စကစအထိုင်တပ်တွေက လက်နက်ကြီးသုံးပစ်ခတ်မှုက မကြာခဏရှိလာတော့ တိုက်ပွဲအရှိန်မြင့်လာဖို့ရှိတယ်”ဟု မိုးဗြဲ PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုလ ၅ ရက် ညပိုင်းကလည်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် PDFရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်၍ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

စစ်ကောင်စီတပ်က တပ်ရင်းနှစ်ရင်းစာ ပမာဏရှိသော အင်အားဖြင့် ဝင်ရောက်တပ်စွဲထား မိုးဗြဲမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ ဒေသအတွက် စစ်ရေးအရ အရေးပါသည့် ​ဒေသ တစ်ခု ဖြစ်သည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မကြာခဏ ထိတွေ့မှုများရှိနေသည်။

“မိုးဗြဲမြို့ပေါ်မှာဆို ညောင်းဝိုင်ရပ်ကွက်မှာက အင်အား ၉၀ဝန်းကျင်လောက်နဲ့အခိုင်အမာ တပ်စွဲထားသလို စက်တော်ရာ တောင်ပေါ်မှာဆိုလည်း တပ်ရင်းတစ်ခုစာလောက်ရှိတယ်။နောက်ပြီး မိုးဗြဲရေကာတာမှာလည်း လုံခြုံရေးအဖြစ် နေတဲ့ စကစတပ်ဖွဲ့ဝင် တွေရှိတယ်”ဟု မိုးဗြဲမြို့ခံတစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက လွိုင်ကော်မှ ဖယ်ခုံမြို့နယ် မိုးဗြဲဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဖယ်ခုံမြို့နယ်ရှိတော်လှန် ရေးအဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး ထက်မနည်းထိခိုက်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဖယ်ခုံဇုန်က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ပခုက္ကူခရိုင်အမှတ်(၃) တပ်ရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဒေသ ၊ ပခုက္ကူခရိုင်ကွပ်ကဲရေး အောက်တွင်ရာနှုန်းပြည့်တာဝန်ထမ်းဆောင်နေပြီဖြစ်​ကြောင်းလည်းအသိ​ပေးထားသည်။

သတင်း

တောပုကျေးရွာသည် မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအင်အားကောင်းရာ ရွာတစ်ရွာဖြစ်သည်။

သတင်း

ဇရပ်ဖြူကျေးရွာမှာ ပြီးခဲ့သည့် လပိုင်းကတည်း ကစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေဆဲဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းကလည်း ငါန်းမြာ-ငါန်းဇွန်လမ်းပိုင်း သားကျင်ရွာအနီးတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံခဲ့ရသေးသည်။