Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့ ဇရပ်ဖြူလမ်းပိုင်းတွင် ယာဉ်တစ်စီး မိုင်းထိ၍ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ဇရပ်ဖြူကျေးရွာမှာ ပြီးခဲ့သည့် လပိုင်းကတည်း ကစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေဆဲဖြစ်သည်။

(ယနေ့ နေ့လည်ပိုင်းက မိုင်းထိမှန်ခဲ့သညိ့ ဖြစ်စဥ်နေရာအားတွေ့ရစဥ်၊ဓာတ်ပုံ - AMM)
(ယနေ့ နေ့လည်ပိုင်းက မိုင်းထိမှန်ခဲ့သညိ့ ဖြစ်စဥ်နေရာအားတွေ့ရစဥ်၊ဓာတ်ပုံ - AMM)

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဇရပ်ဖြူလမ်းပိုင်းတွင် ယာဉ်တစ်စီး မိုင်းထိ၍ လေးဦးနေရာတွင်သေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူက ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၆ရက်) နေ့လည် ၁ နာရီခန့်က လွိုင်ကော်မြို့မှလာသည့် အမျိုးသားခြောက်ဦးပါ အိမ်စီးကားတစ်စီးမှာ ဇရပ်ဖြူကျေးရွာအကျော်တွင် မိုင်းနင်းမိခဲ့ခြင်းဟု ဆိုသည်။

(ယနေ့ နေ့လည်ပိုင်းက မိုင်းထိမှန်ခဲ့သညိ့ ဖြစ်စဥ်နေရာအားတွေ့ရစဥ်၊ဓာတ်ပုံ - AMM)
(ယနေ့ နေ့လည်ပိုင်းက မိုင်းထိမှန်ခဲ့သညိ့ ဖြစ်စဥ်နေရာအားတွေ့ရစဥ်၊ဓာတ်ပုံ – AMM)

“ကားပေါ်လိုက်ပါသူ အမျိုးသားနှစ်ဦးက အပြင်းအထန်ဒဏ်ရာများနဲ့ အသက်ရှင်ကျန်နေတုန်းပဲ။ ကျန်လေးဦးက ပွဲခြင်းပြီးသေဆုံးသွားတယ်”ဟု ရွှေလွိုင်ကော် ပရဟိတအသင်းတာဝန်ရှိသူက ရှင်းပြသည်။

သေဆုံးသူများ၏ အမည်၊ လိပ်စာကို စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ၎င်းက အသိပေးသည်။

(ယနေ့ နေ့လည်ပိုင်းက မိုင်းထိမှန်ခဲ့သညိ့ ဖြစ်စဥ်နေရာအားတွေ့ရစဥ်၊ဓာတ်ပုံ - AMM)
(ယနေ့ နေ့လည်ပိုင်းက မိုင်းထိမှန်ခဲ့သညိ့ ဖြစ်စဥ်နေရာအားတွေ့ရစဥ်၊ဓာတ်ပုံ – AMM)

ဇရပ်ဖြူကျေးရွာမှာ ပြီးခဲ့သည့် လပိုင်းကတည်း ကစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေဆဲဖြစ်သည်။

Public Service Announcement
Public Service Announcement

“စစ်ရေးအခြေအနေအရကြောင့် ကားမိုင်းများ ၊နင်းမိုင်းများ ရှိနေတတ်ပါတယ်။ထိခိုက်မှုတွေဖြစ်ပွားတဲ့ ဖြစ်စဉ်တွေရှိနေပါတယ်။စကစ စစ်ကြောင်းတွေလည်း ထိုးနေတာကြောင့် အထူးသတိထားကြပါခင်ဗျာ”ဟု ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်

You May Also Like

သတင်း

ဒီဖြစ်ရပ်ဟာမနေ့က မနက်ပိုင်း ၉ နာရီ ဝန်းကျင်မှာဖြစ်ပွားတာဖြစ်ပြီး အမျိုးသား ၃ ဦးက သေနတ်နဲ့ပြီး လက်ပစ်ဗုံး ပစ်ထည့်သွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။

သတင်း

ဇန်နဝါရီလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ပြည်သူ ၁၁၅ဦး အသက်ဆုံးရှုံးခဲ့ရာ စစ်ကိုင်းတိုင်းမှ ၈၀ ဦး ပါဝင်သည်ဟုဆိုသည်။

သတင်း

ကလေးဝမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကလေးခရိုင်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့အောက်တွင် ဖွဲ့စည်းထားသည်။

သတင်း

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၄ ရက် ည ၁၀ နာရီခွဲခန့်တွင်ဖယ်ခုံ PDF တပ် ရင်း( ၂ )၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်း (၃) နှင့် URF တို့ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့သည်။