Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာကလေးငယ်များ ဗုံးခိုကျင်းများ၌ စာသင်ကြားရသည့် အခြေအနေရောက်ရှိနေဟု သံအမတ်ကြီး ကုလသို့ အစီရင်ခံ

မြန်မာစစ်တပ်သည် ကလေးငယ်များနှင့် စာသင်ကျောင်းများအပေါ် ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်ရုံသာမက ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း ငြင်းဆန်လျက်ရှိကြောင်း သံအမတ်ကြီးက ထည့်သွင်းအစီရင်ခံသည်။

(လွတ်​မြောက်နယ်​မြေရှိ စာသင်​ကျောင်းများတွင် ဗုံးခိုကျင်းများတူး၍ ကြိုတင်ပြင်ဆင်​နေကြရသည်။ဓါတ်ပုံ-NUG)
(လွတ်​မြောက်နယ်​မြေရှိ စာသင်​ကျောင်းများတွင် ဗုံးခိုကျင်းများတူး၍ ကြိုတင်ပြင်ဆင်​နေကြရသည်။ဓါတ်ပုံ-NUG)

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာကလေးငယ်များ ဗုံးခိုကျင်းများ၌ စာသင်ကြားရသည့် အခြေအနေရောက်ရှိနေပြီး စာသင်ကျောင်းများနှင့် ကလေးငယ်များသည် တိုက်ခိုက်မှုများ၏ ပစ်မှတ်လုံးဝမဖြစ်ရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ ပြောသည်။

ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၃ ခုနှစ်အတွက် UNICEF Executive Board ၏ ပထမအကြိမ် ပုံမှန်အစည်းအဝေး (First Regular Session of the UNICEF Executive Board) ကို ယမန်နေ့က စတင်ကျင်းပရာ အထွေထွေမိန့်ခွန်းပြောကြားသည့်အစီအစဉ်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင်မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

(လွတ်​မြောက်နယ်​မြေရှိ စာသင်​ကျောင်းများတွင် ဗုံးခိုကျင်းများတူး၍ ကြိုတင်ပြင်ဆင်​နေကြရသည်။ဓါတ်ပုံ-NUG)
(လွတ်​မြောက်နယ်​မြေရှိ စာသင်​ကျောင်းများတွင် ဗုံးခိုကျင်းများတူး၍ ကြိုတင်ပြင်ဆင်​နေကြရသည်။ဓါတ်ပုံ-NUG)

မြန်မာစစ်တပ်သည် ကလေးငယ်များနှင့် စာသင်ကျောင်းများအပေါ် ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်ရုံသာမက ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း ငြင်းဆန်လျက်ရှိကြောင်း သံအမတ်ကြီးက ထည့်သွင်းအစီရင်ခံသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်တပ်က မကြာသေးမီကာလအတွင်း မြို့နယ် (၃၇) ခုကျော်တွင် Martial Law ထုတ်ပြန်ခဲ့ရာ လိုအပ်သူများထံ ထောက်ပံ့ကူညီမှုအစီအစဉ်များ ရောက်ရှိရေးမှာ ပိုမိုကန့်သတ်တားဆီး ခံရနိုင်ချေရှိပြီး စစ်တပ်အနေဖြင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်လုပ်ရပ်များကို ပိုမိုဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိသောကြောင့် ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်ချက်မှာလည်း မြင့်တက်နေမည်သာဖြစ်ကြောင်း တင်ပြသည်။

စစ်အာဏာရှင်အောက်တွင် မြန်မာကလေးငယ်များ၏ အနာဂတ်သည် မရေမရာရှိနေပြီး စစ်အာဏာရှင် ချုပ်ငြိမ်းမှသာ အဆိုပါမရေမရာမှုများကို ကာကွယ်ပေးနိုင်မည်ဖြစ်၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ကြိုးပမ်းအားထုတ်များကို တက်နိုင်သည့်ဘက်မှ အားလုံးဝိုင်းဝန်းကူညီရန် သံအမတ်ကြီးက မေတ္တာရပ်ခံသည်။

You May Also Like

နိုင်ငံတကာ

ကလေးဟာ ၇ ပေါင်လောက် ကိုယ်အလေးချိန်ရှိပြီး နေ့စေ့လစေ့ ကာလလောက်မှာ မွေးဖွားလာတယ်လို့ ယူဆရပါတယ်။ လောလောဆယ် ဆရာဝန်တွေ စိုးရိမ်နေတာက ကလေးရဲ့ ကျောမှာ ရထားတဲ့ ဒဏ်ရာဖြစ်ပြီး နုနယ်တဲ့ ကျောရိုးကို ဒဏ်ဖြစ်သွားမှာကို စိတ်ပူနေကြတာလို့ သိရပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်း ၂ နှစ်တာကျော်လာချိန်မှာ မြန်မာကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ UNICEF မြန်မာက ဆိုထားပါတယ်။

သတင်း

စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိလာရင် ကာကွယ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရတာလို့လည်း ပြောပြကြပါတယ်။

သတင်း

ကလေးမလေးဟာ မြေအနက် ၁၄ မီတာ (၄၂ ပေ)လောက်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ၁၇ နာရီလောက်ဆက်တိုက် တွင်းတူးခဲ့တဲ့နောက် ကလေးမလေးရဲ့ ငိုသံကို ကြားခွင့်ရခဲ့ကြပါတယ်။