Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၂၀၂၂ နှစ် အတွင်းကလေးငယ် ၁၆၅ ဦးသတ်ဖြတ်ခံရ

စစ်တပ်အာဏာသိမ်း ၂ နှစ်တာကျော်လာချိန်မှာ မြန်မာကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ UNICEF မြန်မာက ဆိုထားပါတယ်။

စစ်ကိုင်းတိုင်း၊လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းကတိုက်ခိုက်ခံရပြီးနောက်တွေ့မြင်ရပုံ
စစ်ကိုင်းတိုင်း၊လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းကတိုက်ခိုက်ခံရပြီးနောက်တွေ့မြင်ရပုံ

စစ်အုပ်စုလက်ချက်နဲ့ ကလေးငယ်တွေ သေဆုံးနှုန်းဟာ မြင့်တက်လာပြီး ၂၀၂၂ ခုနှစ်အတွင်းမှာတင် ကလေးငယ် ၁၆၅ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) အစည်းအဝေးမှာတင်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းမှာတင် ကလေးငယ် ၁၆၅ ဦးသတ်ဖြတ်ခံရပြီး ဒီကိန်းဂဏန်းဟာ စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၇၈ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ အချို့ကလေးငယ်တွေဟာ စစ်တပ်ရဲ့လေယာဉ်နဲ့ဗုံးကြဲမှု ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု ကိုရှောင်ရှားနိုင်ဖို့ ဗုံးခိုကျင်းထဲမှာ စာသင်နေရတဲ့အခြေအနေဖြစ်နေတယ်လို့ UNICEF ထံ သံအမတ်ကြီးရဲ့တင်ပြချက်မှာပါရှိပါတယ်။

ဥပမာအနေနဲ့ စစ်ကိုင်းတိုင်း ၊ ကရင်နီပြည်ခေါ် ကယားပြည်နယ် တို့ ထဲက စာသင်ကျောင်းနဲ့ ရခိုင်ပြည်နယ် မှာကလေးငယ်တစ်ဦး နာမည်ပေး ကင်ပွန်းတပ် အခမ်းအနား ဗုံးကျဲခံရလို့ ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ရတယ်လို့ သံအမတ်ကြီး ဆိုပါတယ်။

ဒီလို စာသင်ကျောင်းတွေနဲ့ ကလေးငယ်တွေဟာ တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ် လုံးမဝမဖြစ်စေရဖို့လိုတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်း ၂ နှစ်တာကျော်လာချိန်မှာ မြန်မာကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ UNICEF မြန်မာက ဆိုထားပါတယ်။

အကူအညီလိုအပ်နေသူတွေထဲမှာ ကလေးငယ်ဦးရေဟာ ငါးသန်းခန့် ရှိလာတယ်လို့ လည်းစာရင်းတွေအရ သိရပါတယ်။

ဒါအပြင် ပြည်တွင်းမှာ မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရသူ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်တွေဖြစ်ကြတယ်လို့သိရပါတယ်။

You May Also Like

သတင်း

ဗိုလ်ဝကြီးဆိုသူသည် မိတ္ထီလာမြို့တွင် သင်္ဂြိုလ်လိုက်ရပြီး မိုင်းထိခဲ့သည့်တပ်သား ငါးဦးလည်း အသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။

သတင်း

ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများနှင့် အတက်နိုင်ဆုံး ဝေးရာတွင်နေထိုင်ကြရန် Unicorn Guerrilla Force အဖွဲ့က သတိပေးထားသည်။

သတင်း

စစ်ကောင်စီက ထိုးစစ်ဆင်ရန် ပြင်ဆင်နေသော်လည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များ အန္တရာယ်ကင်း​ကြောင်းအထက်ပါPDF ကဆက်ပြောသည်။

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ဖလံကိုင်း၊ Well-2နှင့် မြိုင်နယ်အတွင်းကူးသန်းနေသော စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား မြိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုများက နေ့စဥ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။