Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘဝများ၊ အသက်များရင်းကာ (၂)နှစ်ကျော်လာသည်အထိ ကြံ့ကြံ့ခံပြီး ဆက်လက်တိုက်ပွဲဝင်နေကြသည့် CDM များကို DPNS ဂုဏ်ပြုမှတ်တမ်းတင်

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူ (CDM)၊ မပါဝင်သူ (Non-CDM) များနှင့် ပတ်သက်၍ DPNS ၏ သဘောထားကို ကြေညာခဲ့ခြင်းဖြစ်သည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင်ပါဝင်လာစေရန် ၂၀၂၁ဖေဖော်ဝါရီအတွင်းက လှုံ့ဆော်ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - PS)
(စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင်ပါဝင်လာစေရန် ၂၀၂၁ဖေဖော်ဝါရီအတွင်းက လှုံ့ဆော်ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - PS)

▪️တော်လှန်ရေးအပေါ် သစ္စာဖောက်သည့် Non-CDM များ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအရထိုက်သင့်သည့် ပြစ်ဒဏ်များကို ခံယူကြရမည်ဟု သတိပေး

ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်အံတုလျက် ဘဝများ၊ အသက်များရင်းကာ (၂)နှစ် ကျော်လာသည်အထိ ကြံ့ကြံ့ခံပြီး ဆက်လက် တိုက်ပွဲဝင်နေကြသည့် CDM များကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ယနေ့ ထုတ်ပြန်သည်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူ (CDM)၊ မပါဝင်သူ (Non-CDM) များနှင့် ပတ်သက်၍ DPNS ၏ သဘောထားကို ကြေညာခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးကြီးတွင် မပါဝင်နိုင်သည့် Non-CDM များအနက် တော်လှန်ရေးကြီးကို ဖျက်လိုဖျက်ဆီး ပြုလုပ်သူ၊ စစ်ကောင်စီ၏ အာဏာယန္တယားများတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်သူ၊ သူလျှိုများ၊ သတင်းပေးများ၊ ဒလန်များအဖြစ် ဆောင်ရွက်နေကြသူများသည် တော်လှန်ရေးအပေါ် သစ္စာဖောက်သူများ ဖြစ်သည်ဟု DPNSက ရှုမြင်ကြောင်း ဖော်ပြသည်။

ထိုကဲ့သို့သော တော်လှန်ရေးအပေါ် သစ္စာဖောက်သူများသည် ပြည်သူလူထုတရပ်လုံးနှင့် တော်လှန်ရေးကြီး၏ ဒဏ်ခတ်မှုကို မုချခံရမည် ဖြစ်ပြီး ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအရ ထိုက်သင့်သည့် ပြစ်ဒဏ်များကို ခံယူကြရမည်၊ ပြန်လည်ပေးဆပ်ကြရမည် ဖြစ်ကြောင်း DPNS က သတိပေးသည်။

သို့သော် CDM လှုပ်ရှားမှုကြီးတွင် အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့ကျကျ မပါဝင်နိုင်သေးသူ Non-CDM များအနက် အများစုကြီးသည် စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး တိုက်ပွဲကြီးတွင် တနည်းမဟုတ် တနည်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်နိုင်သည့် နည်းသဏ္ဍာန်များဖြင့် ပါဝင်နေကြသည်ဟု DPNS က သိမြင်နားလည်ကြောင်း ဖော်ပြသည်။ နိုင်သမျှအားဖြင့် ယခုကဲ့သို့ ပါဝင်နေမှုများအပေါ်လည်း တန်ဖိုးထားပြီး ယခုကဲ့သို့ ပိုမို အရေးကြီးလာသည့် ကာလတွင် အတတ်နိုင်ဆုံး ပိုမို အားစိုက်ပါဝင်ပေးကြရန် အလေးအနက် တိုက်တွန်း ပန်ကြားထားသည်။

You May Also Like

သတင်း

ထို့ပြင် နိုင်ငံ့ဝန်ထမ်း CDMသူရဲကောင်းများဖြစ်သည့် နေ့စားဝန်ထမ်းများ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများ အပါအဝင်)ကို ယနေ့မှစ၍ အမြဲတမ်းဝန်ထမ်းများအဖြစ် အတည်ပြုခန့်ထားကြောင်း ကြေညာသည်။

သတင်း

JCC-CDM တွင် အတည်ပြုပြီး ပေးပို့တင်ပြထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို NUCC က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

CDM တပ်သား ကိုကျော်ငြိမ်းလင်းနှင့်အတူMA 11 ဂန်းတလက် ၊ ကျည်ဘောက် ၃ခု ၊ 5.56 ကျည်(၇၄)တောင့် ၊ဗုံးသီး တစ်လုံးနှင့် ကျည်ကာ တစ်ထည် ပါရှိခဲ့ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

သတင်း

အဲဒီဆေးရုံတွေဟာ CDM တွေကိုအလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်ကောင်စီက ပိတ်ခိုင်းထားတာလို့လည်းစုံစမ်းသိရပါတယ်။