Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ်တွင် စစ်အုပ်စုအား တိုက်ခိုက်ရန် မြေမြုပ်မိုင်းထောင်စဉ် မတော်တဆဖြစ်ရပ်ကြောင့် ရဲဘော်တစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရ

ကျောက်လုံးကြီးKLG တပ်မဟာသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်တွင် ယင်းမာပင်ခရိုင်၊ အမှတ် ၂၁၊၂၂၊ ၂၃ တပ်ရင်းများအဖြစ် ဖွဲ့စည်းထားပြီးဖြစ်သည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် စစ်ကောင်စီနှင့်ပျုစောထီးများအား တိုက်ခိုက်ရန် မြေမြုပ်မိုင်းထောင်စဉ် မတော်တဆဖြစ်ရပ်ကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သောကျောက်လုံးကြီး KLG တပ်မဟာမှ ရဲဘော်ခြောက် ဦးသည် ယနေ့(ဖေဖော်ဝါရီ ၈ရက်) နံနက်က စစ်ကောင်စီလမ်းကြောင်းတစ်နေရာတွင် မိုင်းထောင်စဉ် မတော်တဆဖြစ်ရပ်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ရဲဘော် ခြောက်ဦးမိုင်းထိတယ်။ တစ်ဦးကျဆုံးသွားတယ်။ငါးဦးကတော့ သက်သာနေပါပြီ” ဟု ကျောက်လုံးကြီးKLG တပ်မဟာ ပြန်ကြားရေးအရာရှိက ပြောသည်။

ကျဆုံးသွားသည့်ရဲဘော်သည် အသက် (၂၈)နှစ် အရွယ် ရဲဘော်ဇော်ကြီးဖြစ်သည်။

ရဲဘော်ဇော်ကြီးသည် မိုင်းထုတ်လုပ်တပ်ဆင်ရေးတွင် ကျွမ်းကျင်သူဖြစ်ပြီး မမျှော်လင့်‌သော ယခုဖြစ်ရပ်အတွက် အလွန်ဝမ်းနည်းရကြောင်း ကျောက်လုံးကြီးKLG တပ်မဟာ ရဲဘော်တစ်ဦးက ပြောသည်။

ကျောက်လုံးကြီး KLG တပ်မဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ ဧပြီက ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးကာလ (၂)နှစ်ခန့်အတွင်း မိုင်းမတော်တဆဖြစ်ရပ်ကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကျဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့သည်။

ကျောက်လုံးကြီးKLG တပ်မဟာသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်တွင် ယင်းမာပင်ခရိုင်၊ အမှတ် ၂၁၊၂၂၊ ၂၃ တပ်ရင်းများအဖြစ် ဖွဲ့စည်းထားပြီးဖြစ်သည်။

You May Also Like

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ဖလံကိုင်း၊ Well-2နှင့် မြိုင်နယ်အတွင်းကူးသန်းနေသော စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား မြိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုများက နေ့စဥ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

သတင်း

စစ်ကောင်စီတပ်၊ရဲနှင့်ပျူများနှင့် မကြာခဏထိတွေ့မှုဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲသတင်းများကို လုံခြုံရေးအရ အကန့်အသတ်ဖြင့်သာ ထုတ်ပြန်သွားမည်ဟု GZ Special Task Force အဖွဲ့ကဆိုသည်။

သတင်း

ပခုက္ကူခရိုင်အမှတ်(၃) တပ်ရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဒေသ ၊ ပခုက္ကူခရိုင်ကွပ်ကဲရေး အောက်တွင်ရာနှုန်းပြည့်တာဝန်ထမ်းဆောင်နေပြီဖြစ်​ကြောင်းလည်းအသိ​ပေးထားသည်။

သတင်း

တောပုကျေးရွာသည် မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအင်အားကောင်းရာ ရွာတစ်ရွာဖြစ်သည်။