Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ဗိုလ်ချုပ်ဟောင်းကို အာဆီယံအထူးကိုယ်စားလှယ်ခန့်ဖို့အင်ဒိုစီစဉ်နေ

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီးနောက် မြန်မာ့အရေးကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ကို သီးခြား ဖွဲ့စည်းမယ်လို့ အင်ဒိုနီးရှားက ထုတ်ပြောခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ခံရဖို့နာမည်ထွက်လာသူ စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan
အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ခံရဖို့နာမည်ထွက်လာသူ စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan

မြန်မာ့အရေးကြားဝင်ညှိနှိုင်းဖြေရှင်းပေးနိုင်ဖို့ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူ ဝန်ကြီးတစ်ပါးကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့ အင်ဒိုနီးရှားကစီစဉ်နေပါတယ်။

အသက် ၇၅ နှစ်အရွယ် အင်ဒိုအစိုးရအဖွဲ့ဝင် ဝန်ကြီး စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan ကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုသမ္မတက စီစဉ်နေတာပါ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းရေးအတွက်အထောက်အကူပြုမယ့် အင်ဒိုရဲ့အတွေ့အကြုံတွေကိုနည်းလမ်းပြနိုင်ဖို့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးကို နေပြည်တော်ဆီစေလွှတ်ဖို့ရှိတယ်လို့ လည်းအင်ဒိုသမ္မတက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောထားပါတယ်။

အဲဒီနောက် အင်ဒိုနီးရှားအစိုးရ အဖွဲ့ဝင် ရင်းနှီးမြှုပ်နှံမှုနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဖြစ်သူ စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan ကို အာဆီယံအထူးကိုယ်စားလှယ်ခန့်ဖို့နာမယ်ထွက်လာတာပါ။

သူဟာ အင်ဒိုနီးရှားစစ်တပ်မှာ ကြယ်လေးပွင့်ရ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်ပြီးအတွေ့အကြုံရှိတဲ့ အင်ဒိုနိုင်ငံရေးသမားလည်းဖြစ်ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီးနောက် မြန်မာ့အရေးကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ကို သီးခြား ဖွဲ့စည်းမယ်လို့ အင်ဒိုနီးရှားက ထုတ်ပြောခဲ့ပါတယ်။

အဲဒီရုံးကို အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်မှာဖြစ်ပြီး မြန်မာပြည်တွင်းက တွေ့ဆုံသင့်တွေ့ဆုံထိုက်သူတွေအားလုံးနဲ့ထိတွေ့ဆက်ဆံသွားမယ်လို့ ဆိုထားပါတယ်။

ကိုးကား − bloomberg

You May Also Like

သတင်း

မြန်မာ့အရေးကို နည်းလမ်း ၃ သွယ် ချမှတ်ပြီး ဖြေရှင်းဖို့စီစဉ်ထားတယ်လို့ မနေ့က ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အင်ဒို နိုင်ငံခြားရေးဝန်ကြီးက အသိပေးလိုက်တာပါ။

သတင်း

သူက နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို ကူညီ ဖြေရှင်းပေးဖို့အတွက် အဓိက အချက် ၃ ခုကို အားထည့် လုပ်ဆောင်သင့်တယ်လို့ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပန်ဂျိုင်တန်ရဲ့ မှတ်ချက် စကားနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဇော်မင်းထွန်းကို Bloomberg သတင်းဌာနက ဆက်သွယ် မေးမြန်းပေမယ့် ဘာတုံ့ပြန် မှတ်ချက်မှ မပေးခဲ့ပါဘူး။

သတင်း

အာဆီယံတွင် အင်ဒိုနီးရှားနိုင်ငံ၏ ခေါင်းဆောင်မှု စတင်သည့်အချိန်သည် မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်းပြီး လူထု၏သဘောထား တဟုန်ထိုးမြင့်တက်နေသည့်ကာလ ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွက် အရေးပါသော အခိုက်အတန့်နှင့်လည်း ကိုက်ညီနေကြောင်း NUG က ဆိုသည်။