Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု NUG ထုတ်ပြန်

အာဆီယံတွင် အင်ဒိုနီးရှားနိုင်ငံ၏ ခေါင်းဆောင်မှု စတင်သည့်အချိန်သည် မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်းပြီး လူထု၏သဘောထား တဟုန်ထိုးမြင့်တက်နေသည့်ကာလ ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွက် အရေးပါသော အခိုက်အတန့်နှင့်လည်း ကိုက်ညီနေကြောင်း NUG က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ

အာဆီယံအထူးကိုယ်စားလှယ်ရုံးအကြီးအကဲ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စစ်ရက်နိုသည် အထူးကိုယ်စားလှယ်ရုံး အကြီးအကဲအနေဖြင့် ၎င်း၏ တာဝန်ဝတ္တရားများကို အားသွန်ခွန်စိုက် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG အစိုးရက ယုံကြည်ကြောင်း ဖော်ပြသည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ဇန်နဝါရီ ၁ ရက်တွင် စတင်ထမ်းဆောင်သော အင်ဒိုနီးရှား၏ နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ရက်နိုသည် မြန်မာ့အရေးဖြေရှင်းနိုင်ရေးအတွက် ပါဝင်ပတ်သက်သူအားလုံး(All Stakeholders)နှင့်ထိတွေ့ဆက်ဆံမည်ဟု မကြာသေးမီက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၏ အဆိုပါပြောကြားခဲ့မှုအပေါ် စစ်ကောင်စီက ၎င်းတို့ကြေညာထားသည့် မည်သည့်အကြမ်းဖက်အဖွဲ့များ၊ မတရားအသင်းများနှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် ထုတ်ပြန်ခဲ့သည်။

အာဆီယံတွင် အင်ဒိုနီးရှားနိုင်ငံ၏ ခေါင်းဆောင်မှု စတင်သည့်အချိန်သည် မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်းပြီး လူထု၏သဘောထား တဟုန်ထိုးမြင့်တက်နေသည့်ကာလ ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွက် အရေးပါသော အခိုက်အတန့်နှင့်လည်း ကိုက်ညီနေကြောင်း NUG က ဆိုသည်။

ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်သည့် သမိုင်းဝင်သော ပထမဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပြီး ဥပဒေအရ ချည်နှောင်မှုရှိသည့် အဆိုပါဆုံးဖြတ်ချက်သည် မြန်မာပြည်သူများ၏ သဘောဆန္ဒများကို လုံခြုံရေးကောင်စီမှ ထောက်ခံကြောင်း ပြသလိုက်သည်သာမက အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသည်ကိုလည်း တွေ့ရှိရကြောင်း ဖော်ပြသည်။

You May Also Like

သတင်း

မြောင်လူငယ်ကွန်ရက် -YFC မှဦးဆောင်ကာ ကျဆုံးပြည်သူ့ရဲဘော်များ၏ မိသားစုဝင်များထံ ပေးအပ်ထောက်ပံ့ခဲ့​ခြင်းဖြစ်သည်။

နိုင်ငံတကာ

စစ်အေးခေတ်တုန်းက ကွန်မြူနစ် ဝါဒ ရှင်းလင်း သုတ်သင်ရေး လှုပ်ရှားမှု အပါအဝင် သမိုင်းဝင် ဖြစ်ရပ် ၁၂ ခုကို ဝီဒိုဒိုက အသိအမှတ် ပြုခဲ့ပြီး နိုင်ငံရဲ့ အနာဂတ်မှာ ဒီအခြေအနေတွေ ထပ်ဖြစ်မလာအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ သူက ဆိုတယ်။

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သား၊ရဲသားများနှင့် နွေဦးတော်လှန်ရေး အောင်မြင်ရန် စဥ်ဆက်မပြတ် လက်တွဲလုပ်ဆောင်နေသည်ဟု အသိပေးသည်။

သတင်း

စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဗုံးတစ် လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။