Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်အောင် အင်ဒိုကြိုးပမ်းမယ်

မြန်မာ့အရေးကို နည်းလမ်း ၃ သွယ် ချမှတ်ပြီး ဖြေရှင်းဖို့စီစဉ်ထားတယ်လို့ မနေ့က ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အင်ဒို နိုင်ငံခြားရေးဝန်ကြီးက အသိပေးလိုက်တာပါ။

ဖေဖော်ဝါရီ ၃ရက်မှာ ကျင်းပတဲ့အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး။ ဓာတ်ပုံ − အင်ဒို နိုင်ငံခြားရေးဝန်ကြီးတွစ်တာ
ဖေဖော်ဝါရီ ၃ရက်မှာ ကျင်းပတဲ့အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး။ ဓာတ်ပုံ − အင်ဒို နိုင်ငံခြားရေးဝန်ကြီးတွစ်တာ

အကျပ်အတည်းတွေ့နေတဲ့ မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်အောင် ကြိုးပမ်းမယ်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ သစ် အင်ဒိုနီးရှားက ပြောလိုက်ပါတယ်။

မြန်မာ့အရေးကို နည်းလမ်း ၃ သွယ် ချမှတ်ပြီး ဖြေရှင်းဖို့စီစဉ်ထားတယ်လို့ မနေ့က ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အင်ဒို နိုင်ငံခြားရေးဝန်ကြီးက အသိပေးလိုက်တာပါ။

အဲဒီနည်းလမ်း ၃ သွယ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆွေးနွေးပွဲလုပ်ပေးဖို့ ၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဖြစ်လာစေမယ့်အခြေအနေတွေ ဖန်တီးဖို့ နဲ့ အာဆီယံဟာ ကုလအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းပြီး မြန်မာ့အရေးကိုဖြေရှင်းရေးတို့ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၃ရက်မှာ ကျင်းပတဲ့အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး။ ဓာတ်ပုံ − အင်ဒို နိုင်ငံခြားရေးဝန်ကြီးတွစ်တာ
ဖေဖော်ဝါရီ ၃ရက်မှာ ကျင်းပတဲ့အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး။ ဓာတ်ပုံ − အင်ဒို နိုင်ငံခြားရေးဝန်ကြီးတွစ်တာ

တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ သက်ဆိုင်သူတွေထံ စတင်ချဉ်းကပ်နေပြီလို့ လည်းအင်ဒိုနိုင်ငံခြားရေးဝန်ကြီးက အသိပေးပါတယ်။

တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့အတွက်ဆိုရင် ၂ ဖက်အကြား ယုံကြည်မှု တည်ဆောက်ဖို့ လိုပြီး အကြမ်းဖက်မှုတွေလျော့ချတာနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လိုအပ်နေသူတွေထံ ပေးအပ်နိုင်ဖို့လိုတယ်လို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

အင်ဒိုနီးရှားရဲ့ နည်းလမ်း ၃ သွယ်အပေါ် NUG အစိုးရရော စစ်ကောင်စီဘက်ကပါ တုံ့ပြန်တာမရှိသေးဘူး။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတွေဖြစ်ခဲ့တဲ့ ဘရူးနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေလက်ထက်မှာ တွေ့ဆုံဆွေးနွေးရေးလုပ်ကြဖို့ စစ်ကောင်စီကိုတောင်းဆိုခဲ့ပေမယ့်အကောင်အထည်မပေါ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို စစ်ကောင်စီဘက်ကပေးမတွေ့ခဲ့ပါဘူး ။

You May Also Like

သတင်း

သူက နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို ကူညီ ဖြေရှင်းပေးဖို့အတွက် အဓိက အချက် ၃ ခုကို အားထည့် လုပ်ဆောင်သင့်တယ်လို့ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ခုခံတော်လှန်ရေး မုချအောင်မြင်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်ပန်းတိုင် ပြီးမြောက်အောင်မြင် သည်အထိ ဆုံးခန်းတိုင်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်း KNUဥက္ကဋ္ဌက ပြောသည်။

သတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံသည် စစ်အုပ်စု၏ ပြုလုပ်လာမည်ဆိုသော အတုအယောင်ရွေးကောက်ပွဲကို အမေရိကန်အစိုးရက အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြတ်သားစွာပြောဆိုထားသည်။

သတင်း

ပန်ဂျိုင်တန်ရဲ့ မှတ်ချက် စကားနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဇော်မင်းထွန်းကို Bloomberg သတင်းဌာနက ဆက်သွယ် မေးမြန်းပေမယ့် ဘာတုံ့ပြန် မှတ်ချက်မှ မပေးခဲ့ပါဘူး။