Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန် – မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီထောက်ပို့ဆက်သွယ်ရေး တံတားတစ်စင်းအား မိုင်းခွဲဖြတ်တောက်

စစ်ဆင်ရေးတွင်ပါဝင်သော ညောင်လေးပင်(ပ.က.ဖ)နှင့် ကျောက်တံခါး(ပ.က.ဖ)မှတော်လှန်ရေးရဲဘော်များမှာ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးထားသည်။

ဖျက်ဆီးခဲ့သော တံတားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
ဖျက်ဆီးခဲ့သော တံတားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရန်ကုန် – မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီတပ်၏ ထောက်ပို့ဆက်သွယ်ရေးတံတားတစ်စင်းကို ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် မိုင်းခွဲဖြတ်တောက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(ဖေဖော်ဝါရီ ၉) ထုတ်ပြန်သည်။

ဖျက်ဆီးခဲ့သော တံတားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
ဖျက်ဆီးခဲ့သော တံတားအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ

ညောင်လေးပင်မြို့နယ် ထိန်တပင်နှင့် ထော်နွတ်ကျေးရွာကြားရှိ စစ်ကောင်စီ၏ ထောက်ပို့ဆက်သွယ်ရေးအဖြစ် အသုံးပြုနေသောတံတားအား ယနေ့နေ့လည် ၂ နာရီ ၄၇မိနစ်ခန့်က ညောင်လေးပင်မြို့နယ်(ပ.က.ဖ)နှင့် ကျောက်တံခါးမြို့နယ်(ပ.က.ဖ)တို့ ပူးပေါင်းပြီး မိုင်းခွဲဖြတ်တောက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“ရ်ိက္ခာသယ်တာ ထိခိုက်နိုင်သလို ကုန်ပစ္စည်းစီးဆင်းမှုအပေါ်မှာလည်း အနည်းငယ်သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါပေမဲ့ တံတားက တစ်ခြမ်းပဲပျက်စီးသွားတော့ သွားလို့တော့ရပါသေးတယ်”ဟု ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖျက်ဆီးခဲ့သော တံတားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
ဖျက်ဆီးခဲ့သော တံတားအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ

အဆိုပါ မိုင်းခွဲဖြတ်တောက်ခဲ့သော ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီ ထောက်ပို့ဆက်သွယ်ရေးတံတားမှာ အရှည်ပေ ၆၀ရှိပြီး တံတားတစ်ခြမ်းကျိုးပဲ့ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။

စစ်ဆင်ရေးတွင်ပါဝင်သော ညောင်လေးပင်(ပ.က.ဖ)နှင့် ကျောက်တံခါး(ပ.က.ဖ)မှတော်လှန်ရေးရဲဘော်များမှာ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးထားသည်။

You May Also Like

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ဖလံကိုင်း၊ Well-2နှင့် မြိုင်နယ်အတွင်းကူးသန်းနေသော စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား မြိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုများက နေ့စဥ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

သတင်း

လုယက်သူများက မီးပွိုင့်လွတ်ချိန်တွင် Hijet ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

ဒါလီတံတားကို တိုက်ခိုက်ဖျက်ဆီးခြင်းသည် ရန်သူ၏ စစ်ကူလမ်းကြောင်း၊ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်မှု ဖြစ်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် သတင်းထုတ်ပြန်မှုနောက်ကျရခြင်းဖြစ်ကြောင်း Mother Heros Local PDFက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။