Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထောက်ပို့စစ်ကားတစ်စီး မိုင်းထိပြီး စစ်ကောင်စီတပ်သား၅ ဦး​သေဆုံး

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် သတင်းထုတ်ပြန်မှုနောက်ကျရခြင်းဖြစ်ကြောင်း Mother Heros Local PDFက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(မိုင်းထိစစ်ကားပေါ်မှ တွေ့ရှိရသော စစ်အသုံးအ​ဆောင်များ။ ဓာတ်ပုံ-Mother Heros Local PDF)
(မိုင်းထိစစ်ကားပေါ်မှ တွေ့ရှိရသော စစ်အသုံးအ​ဆောင်များ။ ဓာတ်ပုံ-Mother Heros Local PDF)

စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနားလမ်းတွင် စစ်ကူလာသည့် ထောက်ပို့စစ်ကားတစ်စီး မိုင်းထိပြီး စစ်ကောင်စီ တပ်သား၅ဦး​သေဆုံးကာစစ်အသုံးအဆောင်ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း Mother Heros Local PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂ ရက်နေ့က ရွှေဘိုမြစ်ကြီးနားလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာ အလယ်သျှိုဒေသသို့ လက်နက်ကြီးကျည်၊ လူအင်အားအမြောက်အများဖြင့် ပြည်သူ့ကားကိုချောဆွဲကာ ထောက်ပို့သွားသည့် စစ်ကောင်စီ၏ ဆယ်ဘီးကားတစ်စီးအား ရွှေဘိုနှင့် ခင်ဦး လမ်းဆုံကြားတွင် မဟာမိတ်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Mother heros Local PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယာဥ်ပေါ်ပါ ကျည်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်ကို တွေ့ရသည်။

“မိုင်းထိပြီးတော့ ကျွန်တော်တို့ဘက်ကလည်း လက်နက်ငယ် လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်ဗျ။ သူတို့ဘက်က ရွှေဘို လေ့ကျင့်ရေး(၈) ကနေ တပ်ကူ လာပြီး နောက်ပြန်ဆုတ်ခေါ်ထုတ်သွားတယ်။ Mother Hero အဖွဲ့ နဲ့ မဟာမိတ်အဖွဲ့ကတော့ အထိအခိုက်မရှိအဆင်ပြေခဲ့ပါတယ်။”ဟု Mother heros Local PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် သတင်းထုတ်ပြန်မှုနောက်ကျရခြင်းဖြစ်ကြောင်း Mother Heros Local PDFက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ခင်ဦးမြို့နယ်၊ အလယ်သျှိုကျေးရွာအား ရွှေဘိုလေ့ကျင့်ရေး-၈မှ စစ်ကောင်စီတပ်နှင့် ကန့်ဘလူနယ်ဘက်မှပျူများသည် ဒီဇင်ဘာ၂၈ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဝင်ရောက်ခဲ့ပြီး ပြည်သူများအား ဖမ်း​ဆီးကာ ၈ ဦးထက်မနည်း ​သတ်ဖြတ်ခဲ့သည်။ ထို့နောက် ဇန်နဝါရီလ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် PDF ရဲဘော်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်ကလည်း အကျအဆုံးများရှိခဲ့သည်။

You May Also Like

သတင်း

နိုင်ငံရေးအကဲခတ်တွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဥပဒေသစ်မှာ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံခိုင်ရေးပါတီကို အသာရစေတဲ့ ဥပဒေဖြစ်ပြီး NLD ပါတီကို ဖိနှိပ်ထားတဲ့ ဥပဒေ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းပြီး စာရေးကိရိယာပစ္စည်းအစုံအား သိမ်းဆည်းသွားသည်ဟု Indaw Revolutionက ဖော်ပြသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများစတင်ဆောင်ရွက်နေပြီး မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေသည့် စစ်အုပ်စုကိုလည်း တော်လှန်ရေးအင်အားစုများက တန်ပြန်သတိပေးအရေးယူမှုများ ပြုလုပ်နေပြီဖြစ်သည်။

သတင်း

▪︎ရွာပြန်မနေပါက နေအိမ်များ၊ မြေနေရာများကို ရွှေမျှောလုပ်ပစ်မည်ဟု ခြိမ်းခြောက် စစ်ကောင်စီတပ်က နေအိမ်များမီးရှို့ဖျက်ဆီးထားသည့် ဖားကန့်မြို့နယ် ဆယ်ဇင်ရွာမှ ဒေသခံ များကို မိမိရွာသို့ ပြန်လည်နေထိုင်ရန် စစ်ကောင်စီတပ်ကဖိအားပေး ခြိမ်းခြောက်​နေ၍ စစ်ရေးတင်းမာနေသည့် အခြေအနေ၌ပင် ရွာ၌ ပြန်လည်နေထိုင်နေကြရသည်ဟုဆယ်ဇင်းရွာခံက ပြောသည်။ ၂၀၂၂ ဩဂုတ်လက ဆယ်ဇင်းဒေသတိုက်ပွဲ၌ အထိနာသည့်...