Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သုဝဏ္ဏတံတားအဆင်းတွင် အိမ်စီးကားမောင်းလာသူ ဓားထိုးလုယက်ခံရ

လုယက်သူများက မီးပွိုင့်လွတ်ချိန်တွင် Hijet ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံအချို့က ပြောသည်။

ဓားထိုးလုယက်ခံရပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - မိုးစေတနာပရဟိတအသင်း
ဓားထိုးလုယက်ခံရပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - မိုးစေတနာပရဟိတအသင်း

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတံတား အဆင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၄) နေ့လည်ပိုင်းက အိမ်စီးကား မောင်းနှင်လာသည့် အမျိုးသားဓားထိုး လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နေ့လည် ၁၂ နာရီကျော်တွင် သုဝဏ္ဏတံတားအဆင်း ရွှေအင်ကြင်းအိမ်ရာအနီးတွင် Honda Fit အိမ်စီးကားမောင်းလာသည့် အမျိုးသားတစ်ဦးအား Hijet ယာဥ်ပေါ်မှ အမည်မသိ လူတစ်စုက ဓားဖြင့်ထိုး၍ ပစ္စည်းလုယက်မှု ဖြစ်ပွားခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

” မီးပွိုင့်မိနေတုန်း Hijet ကားပေါ်ကနေ လူ သုံးယောက်ဆင်းလာပြီး ကားအမဲပေါ်က လူကို ဓားနဲ့ ထိုးပြီး လုတာလို့ သိရတယ်။ ရွှေဆွဲကြိုးတို့ ပိုက်ဆံအိတ်တို့ ပါသွားတယ်ကြားတယ်။ အနားက စျေးသည်တွေက အဌားယာဥ်ခေါ်ပေးပြီး ဓားထိုးခံရသူကိုဆေးရုံပို့ပေးလိုက်ပါတယ် “ဟု ၎င်းက ဆိုသည်။

လုယက်သူများက မီးပွိုင့်လွတ်ချိန်တွင် Hijet ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံအချို့က ပြောသည်။

ဓားထိုးခံရသူ အမျိုးသားသည် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး မိသားစုဝင်များဖြင့်လည်း အဆက်အသွယ် ရရှိပြီ ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပရဟိတအဖွဲ့က ဆိုသည်။

You May Also Like

သတင်း

မွန်ပြည်နယ် သံဖြူဇရပ်-ရေး လမ်းမကြီးမှ ကနင်ကမော့နှင့် အောင်သာယာရွာကြားလမ်းပိုင်းတွင်ယမန်နေ့(ဇန်နဝါရီလ၂၇ရက်) ည၆ နာရီ ၄၀မိနစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်တပ်အာဏာသိမ်းနောက် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လုယက်တာတွေ ၊ ဓားပြတိုက်တာ တွေ ခပ်စိတ်စိတ်ဖြစ်ပွားနေတာပါ။

သတင်း

ယခုဖြစ်စဥ်မတိုင်မီ စက်တင်ဘာအတွင်းက လှိုင်မြို့နယ်တွင် အငြိမ်းစားဗိုလ်ချုပ်ဟောင်း အုန်းသွင်နှင့် ၎င်း၏သားမက် ဗိုလ်ကြီးဟောင်း ရှင်းလင်းခံထားရသည်။

သတင်း

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ်နဲ့ သာကေတမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမာကြည်တံတားပေါ်ကနေအမျိုးသား ၁ ဦးခုန်ချပြီးသေဆုံးသွားပါတယ်။