Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင် စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ဖလံကိုင်း၊ Well-2နှင့် မြိုင်နယ်အတွင်းကူးသန်းနေသော စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား မြိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုများက နေ့စဥ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

စစ်ဆင်ရေးတွင်တွေ့ရသည့် တော်လှန်ရေးရဲဘော်တစ်ဦး၊ ဓာတ်ပုံ-မြိုင်(ပကဖ)
စစ်ဆင်ရေးတွင်တွေ့ရသည့် တော်လှန်ရေးရဲဘော်တစ်ဦး၊ ဓာတ်ပုံ-မြိုင်(ပကဖ)

▪️သေဆုံးထိခိုက်မှုများနိုင်ဟု ပကဖပြော

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ Well 2 ရေနံမြေအနီးတွင် စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား ပစ်ခတ်ပြီးနောက် ထက်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ဦးခန့်သေဆုံးနိုင်ကြောင်း မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ယနေ့ (ဖေဖော်ဝါရီ၇ ရက်) မွန်းလွဲ ၁နာရီခန့်က ဖလံကိုင်းရေနံမြေမှ ပြန်လာသော စစ်ကောင်စီ၏ ထောက်ပို့စစ်ကြောင်းအား Well 2 ရေနံမြေအကျော် လမ်းပိုင်းတစ်နေရာတွင် ဇာမဏီပြောက်ကျားတပ်ဖွဲ့ ရိုင်ဖယ်သမားက ချောင်းမြောင်းပစ်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

ထို့နောက် စစ်ကောင်စီစစ်ကြောင်းကို ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးနိုင်ကြောင်း ကိုလယျာ် က ဆက်ပြောသည်။

Public Service Announcement
Public Service Announcement

“ခြေလျင်စစ်ကြောင်းနဲ့ ၆၀ လောက်ပါတယ်။ ကားနှစ်စီးလည်းပါတယ်။”ဟု မြိုင်( ပကဖ)အဖွဲ့ခေါင်းဆောင်က ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“၅ ရက်နေ့မနက်ပိုင်းကတော့ Well 2 ရေနံမြေစခန်းက စစ်ကောင်စီတပ်တွေက တောင်ရိုးနဲ့ ဝဲတူးကြားက လမ်းဘေး သစ်တောတွေကို မီးရှိူ့ပြီးတော့ ဝဲတူးထဲ ပြန်ဝင်ပြီး မနေ့ညကတော့ Well 2 မှာ ညအိပ်သွားတယ်။”ဟု ဒေသခံတစ်ဦးက ​ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( မြိုင် ပကဖ) ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ဖလံကိုင်း၊ Well-2နှင့် မြိုင်နယ်အတွင်းကူးသန်းနေသော စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား မြိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုများက နေ့စဥ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

You May Also Like

သတင်း

စစ်ကောင်စီက ထိုးစစ်ဆင်ရန် ပြင်ဆင်နေသော်လည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များ အန္တရာယ်ကင်း​ကြောင်းအထက်ပါPDF ကဆက်ပြောသည်။

သတင်း

စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိလာရင် ကာကွယ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရတာလို့လည်း ပြောပြကြပါတယ်။

သတင်း

စစ်ကောင်စီတပ်၊ရဲနှင့်ပျူများနှင့် မကြာခဏထိတွေ့မှုဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲသတင်းများကို လုံခြုံရေးအရ အကန့်အသတ်ဖြင့်သာ ထုတ်ပြန်သွားမည်ဟု GZ Special Task Force အဖွဲ့ကဆိုသည်။

သတင်း

ပခုက္ကူခရိုင်အမှတ်(၃) တပ်ရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဒေသ ၊ ပခုက္ကူခရိုင်ကွပ်ကဲရေး အောက်တွင်ရာနှုန်းပြည့်တာဝန်ထမ်းဆောင်နေပြီဖြစ်​ကြောင်းလည်းအသိ​ပေးထားသည်။