Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်ရှိပျူစခန်းအားPDFများတိုက်ခိုက်စစ်​ကောင်စီတပ်ဘက်မှအများအပြားသေဆုံး၊ PDF ၂ ဦးလည်းကျဆုံး

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူများ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်းတန့်ဆည် PDFကအသိ​ပေးသည်။

(တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Taze PDF)
(တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Taze PDF)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် အင်ကုက္ကားရွာ ပျူစောထီးစခန်းအား တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်​ကောင်စီတပ်မှအများအပြားသေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့ (ဖေဖော်ဝါရီလ၉ရက်) နံနက်၁နာရီခန့်ကတန့်ဆည်မြို့နယ်၊ အင်ကုက္ကားရွာရှိ ပျူ‌စောထီးစခန်းကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူများ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်းတန့်ဆည် PDFကအသိ​ပေးသည်။

ထိုသို့ တိုက်ခိုက်ရာ ရဲစခန်းကို မနက် ၇ နာရီ ၅၉ မိနစ်တွင် သိမ်းဆည်းနိုင်ခဲ့သည်။ထိုတိုက်ခိုက်မှုတွင် PDF ၂ ဦးကျဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု NUG ၊ကာကွယ်​ရေးဝန်ကြီးဌာနက​နေ့စဥ်ထုတ်ပြန်​​​သောစစ်​ရေးသတင်းတွင်လည်း​ဖော်ပြထားသည်။

ထို့အပြင် စစ်အုပ်စုရှိရာတန့်ဆည်ရဲစခန်း၊ တန့်ဆည်ဘောလုံးကွင်းနှင့် ထွေအုပ်ရုံးတို့ကိုလည်း ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၄)ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၂၅)က ထုတ်ပြန်သည်။

ဖြစ်စဥ်များနှင့်ပတ်သက်၍ PDFအဖွဲ့များထံPeople’s Springက ဆက်သွယ်မေးမြန်း​သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဖေဖော်ဝါရီလ၆ရက် နံနက်၉နာရီခန့်ကလည်း တန့်ဆည်မြို့မှ ကံထူးမစံပြရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၂၅)၊ တပ်ရင်း(၂၆)နှင့် ဒေသခံပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးသေဆုံးခဲ့ကြောင်း Taze PDFက အသိပေးထားသည်။

You May Also Like

သတင်း

မတ္တရာမြို့ပေါ်ရှိ စျေးဆိုင်များအား မြေလတ်သံ PDF အဖွဲ့ဟုဆိုကာ ပစ်စာများပစ်ပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

"ဆီပေပါ သုံးထောင်ကျော်‌တယ်။ ဆန်တွေ ဆီတွေဆား‌​တွေလည်းပါတယ်။ လက်နက်ခဲယမ်းတွေလည်း ရပါတယ်" ဟု ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံကပြောသည်။

သတင်း

“ထန်တလန်မှာ သူတို့ထောက်ပို့ ပစ္စည်းတွေ စစ်ကူတွေလာပို့တာလို့ ခန့်မှန်းလို့ရတာပေါ့။ မနေ့ကလည်း လုပ်တယ်။ ဒီနေ့လည်းလာသွားတယ်” ဟုဆလိုင်းထက်နီကပြောသည်။

သတင်း

စံပယ်နံသာရဲစခန်းကိုဖေဖော်ဝါရီလ(၉)ရက် မနက် ၀ဝးနာရီ မှစတင်တိုက်ခိုက်ခဲ့ပြီး မနက်၉ နာရီ ၂ မိနစ်တွင် ရဲကင်းစခန်း နှင့်ဗန်ကာများအား မီးရှို့ခဲ့ပြီးရန်သူတပ်သား (၂၀)ဦး ခန့်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်ညတွင် ထုတ်ပြန်ထားသည်။