Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့ တပ်စွဲထားသောစစ်ကောင်စီစခန်းနေရာများအား PDFနှင့် KNDF တိုက်ခိုက်

ယမန်နေ့ နံနက်ပိုင်းက ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ စခန်းများကို KNDF B -14 ၊ B -02 နှင့် လွိုင်ကော် PDF တို့ပူးပေါင်း၍ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း(၁၄)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း(၁၄)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF

လွိုင်ကော်မြို့တွင် တပ်စွဲထားသော စစ်ကောင်စီ စခန်းနေရာများအား ဝင်တိုက်ရာ စစ်ကောင်စီ တပ်သားလေးဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၄ က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့ နံနက်ပိုင်းက ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ စခန်းများကို KNDF B -14 ၊ B -02 နှင့် လွိုင်ကော် PDF တို့ပူးပေါင်း၍ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်စခန်းများကို မိနစ် ၂၀ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးမှုအတွင်း စစ်ကောင်စီဖက်မှ ကယန်းသာယာလမ်းခွဲစခန်းတွင် နှစ်ဦး ၊ လင်ဖုံလေးလမ်းခွဲတွင် နှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း KNDF တပ်ရင်း – ၁၄က ပြောသည်။

ထို့အပြင် ပူးပေါင်းတပ်ဖွဲ့များဖက်မှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဖော်ပြသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီမှ လွိုင်ကော်မြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှာခြင်းများပြုလုပ်နေသလို လက်နက်ကြီးများဖြင့်လည်း နေ့စဥ်ရမ်းသမ်းပစ်ခက်ခြင်းများ ပြုလုပ်နေကြောင်း အသိပေးသည်။

“လွိုင်ကော် -ဘုရားဖြူ၊လွိုင်ကော် -ဇရပ်ဖြူ- ဒေါတမကြီး-ဘောလခဲလမ်း၊လွိုင်ကော်-မိုးဗြဲ -ဖယ်ခုံ စတဲ့ လမ်းတွေမှာ စကစဘက်က စစ်ကြောင်းဝင်နေတာရှိသလို အချိန်မရွေးတိုက်ပွဲတွေကက ရှိလည်းရှိနေတယ်။အဓိကတော့ သူတို့စစ်ကြောင်းတွေ ပိုလှုပ်လာတယ်”ဟု ကရင်နီဒေသခံသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ခရီးဝေးသွားလာခြင်းများအား စစ်ရေးအခြေနေများကို အလေးထားဆင်ခြင်ပြီးမှသာ သွားလာရန် KNDF တပ်ရင်း – ၁၄က မေတ္တာရပ်ခံသည်။

ဖေဖော်ဝါရီ ၄ရက်ကလည်း လွိုင်ကော်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁၅ဦး ထက်မနည်းထိခိုက်သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဖယ်ခုံဇုန်က ယနေ့ ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

မတ္တရာမြို့ပေါ်ရှိ စျေးဆိုင်များအား မြေလတ်သံ PDF အဖွဲ့ဟုဆိုကာ ပစ်စာများပစ်ပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

"ဆီပေပါ သုံးထောင်ကျော်‌တယ်။ ဆန်တွေ ဆီတွေဆား‌​တွေလည်းပါတယ်။ လက်နက်ခဲယမ်းတွေလည်း ရပါတယ်" ဟု ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံကပြောသည်။

သတင်း

“ထန်တလန်မှာ သူတို့ထောက်ပို့ ပစ္စည်းတွေ စစ်ကူတွေလာပို့တာလို့ ခန့်မှန်းလို့ရတာပေါ့။ မနေ့ကလည်း လုပ်တယ်။ ဒီနေ့လည်းလာသွားတယ်” ဟုဆလိုင်းထက်နီကပြောသည်။

သတင်း

စံပယ်နံသာရဲစခန်းကိုဖေဖော်ဝါရီလ(၉)ရက် မနက် ၀ဝးနာရီ မှစတင်တိုက်ခိုက်ခဲ့ပြီး မနက်၉ နာရီ ၂ မိနစ်တွင် ရဲကင်းစခန်း နှင့်ဗန်ကာများအား မီးရှို့ခဲ့ပြီးရန်သူတပ်သား (၂၀)ဦး ခန့်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်ညတွင် ထုတ်ပြန်ထားသည်။