Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်​ထောက်ပို့သင်္ဘောကိုPDFများတိုက်ခိုက်သိမ်းပိုက်

“ဆီပေပါ သုံးထောင်ကျော်‌တယ်။ ဆန်တွေ ဆီတွေဆား‌​တွေလည်းပါတယ်။ လက်နက်ခဲယမ်းတွေလည်း ရပါတယ်” ဟု ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံကပြောသည်။

(စစ်တပ်၏ ​ထောက်ပို့သင်္ဘော​ပေါ်မှ လက်နက်ခဲယမ်း၊စက်သုံးဆီနှင့် စားနပ်ရိက္ခာများကို PDF များကအပြီးသတ်သယ်ယူပြီး​နောက် ​မြင်​တွေ့ရမှု ။ဓါတ်ပုံ-KLG-PDF)
(စစ်တပ်၏ ​ထောက်ပို့သင်္ဘော​ပေါ်မှ လက်နက်ခဲယမ်း၊စက်သုံးဆီနှင့် စားနပ်ရိက္ခာများကို PDF များကအပြီးသတ်သယ်ယူပြီး​နောက် ​မြင်​တွေ့ရမှု ။ဓါတ်ပုံ-KLG-PDF)

▪︎တိုက်ပွဲတွင်စစ်သား ၂၀ ထက်မနည်းသေဆုံးဟုဆို

▪︎​သင်္ဘောပေါ်မှလက်နက်ခဲယမ်းများ၊စက်သုံးဆီ​ပေပါ ၃၀၀၀ ​ကျော်နှင့်စားနပ်ရိက္ခာများကို PDFများသိမ်းဆည်း

ကနီမြို့နယ်တွင်စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောတစ်စီးကိုပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ပြီး ရေယာဉ်ပေါ်မှ စက်သုံးဆီပေပါ၃၀၀၀ ကျော်နှင့် လက်နက်ခဲယမ်းများ၊ စာသုံးကုန်များကို ယူဆောင်နိုင်ခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံကပြောသည်။

“ဆီပေပါ သုံးထောင်ကျော်‌တယ်။ ဆန်တွေ ဆီတွေဆား‌​တွေလည်းပါတယ်။ လက်နက်ခဲယမ်းတွေလည်း ရပါတယ်” ဟု ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံကပြောသည်။

စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်ည ၇ နာရီအချိန်ခန့်တွင် ကနီမြို့နယ် သပြေတောရွာအနီးတွင် သောင်တင်နေစဥ်ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကို ချက်ချင်းမထုတ်ပြန်ခဲ့ဘဲ ရေယာဉ်ပေါ်မှ လက်နက်ခဲယမ်းများ၊ စက်သုံးဆီပေပါများ၊ဆန်များ ၊ဆီများနှင့်စားသုံးကုန်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကိုးရက်ကြာအောင် သယ်ယူခဲ့ကြသည်။ ဇန်နဝါရီ ၃၁ရက်မှ ဖေဖော်ဝါရီ ၈ရက်အထိ သယ်ယူခဲ့ကြပြီး ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)မှ တရားဝင်သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

” ခရိုင်ကွပ်ကဲရေးရဲ့ ကွပ်ကဲမှုနဲ့ သယ်ယူခဲ့ကြတယ်” ဟု ဒေသတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အဆိုပါ ရေယာဉ်သည် အလျားပေ ၂၀၀ခန့်၊ အနံ ပေ ၅၀ခန့်ရှိသော ကုန်တင်ရေ‌ယာဉ်ဖြစ်ပြီး ဇန်နဝါရီ ၃၁ရက်တိုက်ပွဲတွင်စစ်တပ်က အထိနာပြီးနောက် စွန့်ခွာထွက်​ပြေးသွားပြီးသိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

“ရေယာဉ်ကို သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ထက်မနည်းသေတယ်။ အရှင်ဖမ်းမိတာတွေလည်း ရှိတယ်။ဒီထက် အသေးစိတ်တော့ မပြောနိုင်သေးပါဘူး”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

အဆိုပါ ရေယာဉ်ကို ကနီမြို့နယ် သပြေတောနှင့်ရွှေအုန်းပင်ကြား ချင်းတွင်းမြစ်တနေရာတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက် သိမ်းယူခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၉ရက်မှစကာ အဆိုပါကျေးရွာနှစ်ရွာကို စစ်ကြောင်းထိုးလာ၍ ပြည်သူ့ကာကွယ်ရေးမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်းသတင်းရရှိသည်။

အဆိုစစ်ဆင်​ရေးကို ကျောက်လုံးကြီး KLG PDF၊နဂါးညီနောင်အဖွဲ့၊Alphaအဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာ၊ယင်းမာပင် PDA၊ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့၊ ဗျတ္တညီနောင်၊ချိုမိုင်မိုင်အဖွဲ့၊မြောက်ယမားအဖွဲ့၊ခရိုင်း ရင်း1၊ ခရိုင်း ရင်း 2၊နှင့် ကနီ ယင်းမာပင် ဆားလင်းကြီးမဟာမိတ်ညီနောင်များအဖွဲ့တို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

စံပယ်နံသာရဲစခန်းကိုဖေဖော်ဝါရီလ(၉)ရက် မနက် ၀ဝးနာရီ မှစတင်တိုက်ခိုက်ခဲ့ပြီး မနက်၉ နာရီ ၂ မိနစ်တွင် ရဲကင်းစခန်း နှင့်ဗန်ကာများအား မီးရှို့ခဲ့ပြီးရန်သူတပ်သား (၂၀)ဦး ခန့်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်ညတွင် ထုတ်ပြန်ထားသည်။

သတင်း

ယမန်နေ့ နံနက်ပိုင်းက ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ စခန်းများကို KNDF B -14 ၊ B -02 နှင့် လွိုင်ကော် PDF တို့ပူးပေါင်း၍ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူများ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်းတန့်ဆည် PDFကအသိ​ပေးသည်။

သတင်း

ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်သည် ညောင်ပင်ဝန်းရွာက ပြည်သူ ၃ ဦးအား သတ်ဖြတ်ခဲ့ပြီးပြည်သူ ၇ ဦးခန့် ဖမ်းဆီးသွားခဲ့သည်။