Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စပယ်နံသာရဲစခန်းPDFများစီးနင်းတိုက်ခိုက်စစ်​ကောင်စီဘက်မှ ၂၀ ဦးခန့်သေ၊ PDF ၄ ဦးဒဏ်ရာရ

စံပယ်နံသာရဲစခန်းကိုဖေဖော်ဝါရီလ(၉)ရက် မနက် ၀ဝးနာရီ မှစတင်တိုက်ခိုက်ခဲ့ပြီး မနက်၉ နာရီ ၂ မိနစ်တွင် ရဲကင်းစခန်း နှင့်ဗန်ကာများအား မီးရှို့ခဲ့ပြီးရန်သူတပ်သား (၂၀)ဦး ခန့်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်ညတွင် ထုတ်ပြန်ထားသည်။

(ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ စစ်သားနှင့်ပျူများ၏ ပျူစခန်းကိုPDFများတိုက်ခိုက်ပြီးသိမ်းဆည်းရရိ​သော​သေနတ် ၂ လက်နှင့်ကျည်များ ။ ဓါတ်ပုံ-​CJ)
(ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ စစ်သားနှင့်ပျူများ၏ ပျူစခန်းကိုPDFများတိုက်ခိုက်ပြီးသိမ်းဆည်းရရိ​သော​သေနတ် ၂ လက်နှင့်ကျည်များ ။ ဓါတ်ပုံ-​CJ)

ကန့်ဘလူမြို့နယ်၊ စံပယ်နံသာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်စီးနင်းခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ဦးခန့်သေဆုံးခဲ့ပြီး PDFများ အထိအခိုက်ကြီးမားစွာမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။

“စံပယ်နံသာရဲစခန်းကိုမဟာမိတ်တွေပေါင်းတိုက်တာ။သေချာပြင်ဆင်ပြီးမှ တိုက်ခဲ့တာ။ စစ်ကောင်စီတပ်ဖက်က သေတာ များတယ်။ ၂၀မကဘူးလို့သတင်းပြန်ရတယ်။ကျွန်တော်တို့ဘက်က ဒဏ်ရာရသူရှိတယ်။ အ‌ခြေအနေအရ ပြန်ဆုတ်ခဲ့တယ်”ဟု ကန့်ဘလူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စံပယ်နံသာရဲစခန်းကိုဖေဖော်ဝါရီလ(၉)ရက် မနက် ၀ဝးနာရီ မှစတင်တိုက်ခိုက်ခဲ့ပြီး မနက်၉ နာရီ ၂ မိနစ်တွင် ရဲကင်းစခန်း နှင့်ဗန်ကာများအား မီးရှို့ခဲ့ပြီးရန်သူတပ်သား (၂၀)ဦး ခန့်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်ညတွင် ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် လေးဦးမစိုးရိမ်ဒဏ်ရာရရှိခဲ့သည်ဟု ​ဖော်ပြထားသည်။

ကန့်ဘလူမြို့နယ်တွင် ဖေဖော်ဝါရီ ၉ရက်က စံပယ်နံသာရဲစခန်းအပြင် စစ်ကောင်စီခြေကုပ်ယူထား​သော နေရာသုံးနေရာကို PDF များကတစ်ချိန်တည်းတိုက်ခိုက်ခဲ့သည်။ ကျန်နှစ်နေရာနှင့်ပတ်သက်၍ မကြာခင်သတင်းထုတ်ပြန်မည်ဟု ကန့်ဘလူမြို့နယ် ပြီးသည့်အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ စစ်​ကောင်စီတပ်နှင့်ပျူများကို PDF များကယမန်​နေ့(ဖေဖော်ဝါရီလ ၉ ရက်)မနက် ၁ နာရီခန့်က စတင်တိုက်ခိုက်ခဲပြီး ရွာကိုသိမ်းနိုင်ခဲ့သည်။​သေ​နေ​သော စစ်သားများထံမှ ​သေနတ် ၂ လက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ကူတွေ ရောက်လာသဖြင့် PDF များ ပြန်ဆုတ်ခွာခဲ့​ကြောင်း ​ဒေသခံအချို့က ပြောသည်။

You May Also Like

သတင်း

မတ္တရာမြို့ပေါ်ရှိ စျေးဆိုင်များအား မြေလတ်သံ PDF အဖွဲ့ဟုဆိုကာ ပစ်စာများပစ်ပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

"ဆီပေပါ သုံးထောင်ကျော်‌တယ်။ ဆန်တွေ ဆီတွေဆား‌​တွေလည်းပါတယ်။ လက်နက်ခဲယမ်းတွေလည်း ရပါတယ်" ဟု ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံကပြောသည်။

သတင်း

“ထန်တလန်မှာ သူတို့ထောက်ပို့ ပစ္စည်းတွေ စစ်ကူတွေလာပို့တာလို့ ခန့်မှန်းလို့ရတာပေါ့။ မနေ့ကလည်း လုပ်တယ်။ ဒီနေ့လည်းလာသွားတယ်” ဟုဆလိုင်းထက်နီကပြောသည်။

သတင်း

ယမန်နေ့ နံနက်ပိုင်းက ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ စခန်းများကို KNDF B -14 ၊ B -02 နှင့် လွိုင်ကော် PDF တို့ပူးပေါင်း၍ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။