Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင် မဲဝိုင်ဒေသတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦး ဒဏ်ရာရ၊ စစ်ကောင်စီက တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်

နေ့လည် ၁နာရီခွဲခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးသည် မယ်ဝေဒေသ ထိုကော့ကျော်ခီးကျေးရွာအပေါ်ပျံဝဲကာ ဗုံးသီး သုံးလုံးနှင့် စက်သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဇန်နဝါရီအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်တပ်မှ လေးဝါးကျေးရွာနှင့် လာဂေါ်ဒဲကျေးရွာကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - KNU-Mutraw News
ဇန်နဝါရီအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်တပ်မှ လေးဝါးကျေးရွာနှင့် လာဂေါ်ဒဲကျေးရွာကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - KNU-Mutraw News

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် မဲဝိုင်(မဲဝေ)ဒေသတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန် သည်။

ဖေဖော်ဝါရီ ၇ရက်က နေ့လည် ၁နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) လက်အောက်ရှိ တပ်ဖွဲ့ဝင်များသည် မယ်ဝေအုပ်စု တိုမယ်ခီးကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်အား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ရာ၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA တပ်မဟာ(၅)ဘက်က ထိခိုက်မှုမရှိကြောင်း ဖော်ပြသည်။

နေ့လည် ၁နာရီခွဲခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးသည် မယ်ဝေဒေသ ထိုကော့ကျော်ခီးကျေးရွာအပေါ်ပျံဝဲကာ ဗုံးသီး သုံးလုံးနှင့် စက်သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ ထိမှန် ပျက်စီးခဲ့ကြောင်း၊ ထို့နောက်မွန်းလွဲ ၂နာရီခန့်တွင်လည်း တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးသည် မယ်ဝေကျေးရွာသို့ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး ရိက္ခာတင်ရဟတ်ယာဉ် တစ်စီးထပ်မံ ရောက်ရှိကာ မယ်ဝေတပ်စခန်းအတွင်းသို့ ရိက္ခာ၊ လက်နက်ခဲယမ်းများဟုယူဆရသည့် အထုပ်ကြီး(၈)ထုပ်အား ကြဲချပေးသွားကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကအထိနာလျက်ရှိ၍ စစ်ကောင်စီဘက်ကလေကြောင်း တိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိသည်။ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၅၀ ဦးနီးပါး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

ဇန်နဝါရီအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်တပ်မှ လေးဝါးကျေးရွာနှင့် လာဂေါ်ဒဲကျေးရွာကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ – KNU-Mutraw News

You May Also Like

သတင်း

“ထန်တလန်မှာ သူတို့ထောက်ပို့ ပစ္စည်းတွေ စစ်ကူတွေလာပို့တာလို့ ခန့်မှန်းလို့ရတာပေါ့။ မနေ့ကလည်း လုပ်တယ်။ ဒီနေ့လည်းလာသွားတယ်” ဟုဆလိုင်းထက်နီကပြောသည်။

သတင်း

ယမန်နေ့ နံနက်ပိုင်းက ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ စခန်းများကို KNDF B -14 ၊ B -02 နှင့် လွိုင်ကော် PDF တို့ပူးပေါင်း၍ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူများ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်းတန့်ဆည် PDFကအသိ​ပေးသည်။

သတင်း

အမေရိကန်၊ ဗြိတိန်၊ကနေဒါနဲ့ဩစတြေးလျတို့ကအာဏာသိမ်း စစ်ကောင်စီအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေကြောင့် စစ်အာဏာရှင်တွေက မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်တဲ့ စစ်ပွဲမျိုးဆင်နွှဲနိုင်မှုအပေါ်အကန့်အသတ်ဖြစ်စေလိမ့်မယ်လို့ CNFက အသိအမှတ် ပြုထားပါတယ်။