Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာနှင့် စဥ့်ကူးနယ်စပ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

တိုက်ပွဲဖြစ်ပွားချိန်တွင် စဥ့်ကူးမြို့နယ်၊ ကျွန်းကြီးနှင့် ဇီးကုန်းရွာဘက်က စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပိုဝမြောက်ရွာက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

အထိနာသွားခဲ့သည့် စစ်ကောင်စီတပ် ကျန်ခဲ့သော ယူနီဖောင်းများနှင့် နေအိမ်အား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Madaya GZ၊ Wetlet Information Networks
အထိနာသွားခဲ့သည့် စစ်ကောင်စီတပ် ကျန်ခဲ့သော ယူနီဖောင်းများနှင့် နေအိမ်အား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Madaya GZ၊ Wetlet Information Networks

စစ်အုပ်စုလက်နက်ကြီးပစ်၍ ပြည်သူ ငါးဦးဒဏ်ရာရ၊ စစ်အုပ်စုက ဒေသခံ ၄၀ကျော် ဓားစာခံအဖြစ်ဖမ်းဆီးပြီး ကျပ်တစ်သိန်းစီတောင်း

မန္တလေးတိုင်း၊ မတ္တရာနှင့် စဥ့်ကူးမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံး၍ ၎င်းတို့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဇန်နဝါရီ ၉ ရက် နံနက်၆နာရီခန့်က မတ္တရာမြို့နယ်နှင့် စဥ့်ကူးနယ်အစပ်၊ ဧရာဝတီမြစ်ရိုးရှိ ပိုဝရွာ၊ ဆင်ကုန်းရွာနှင့် စိန်ပန်ကုန်းရွာများသို့ ဝင်ရောက်မွှေနှောက်နေသော စစ်ကောင်စီတပ်များကို ဒေသတွင်း တော်လှန်ရေးတပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အင်အား၃၀ခန့်ပါပြီး မတ္တရာမြို့နယ်၊ ဇလကျေးရွာမှ ပိုဝမြောက်ရွာသို့ ဦးတည်ထွက်လာချိန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ နံနက် ၆နာရီခန့်တွင် မြေပြင်နှင့်ဝေဟင်ကပါ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဦးခန့်သေဆုံးကြောင်း Unicorn Guerrilla Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အထိနာသွားခဲ့သည့် စစ်ကောင်စီတပ် ကျန်ခဲ့သော ယူနီဖောင်းများနှင့် နေအိမ်အား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Madaya GZ၊ Wetlet Information Networks
အထိနာသွားခဲ့သည့် စစ်ကောင်စီတပ် ကျန်ခဲ့သော ယူနီဖောင်းများနှင့် နေအိမ်အား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Madaya GZ၊ Wetlet Information Networks

တိုက်ပွဲဖြစ်ပွားချိန်တွင် စဥ့်ကူးမြို့နယ်၊ ကျွန်းကြီးနှင့် ဇီးကုန်းရွာဘက်က စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပိုဝမြောက်ရွာက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဖေဖော်ဝါရီလ ၈ ရက်ကလည်း ထိုစစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြစ်တစ်ဖက်ကမ်း၊ ဝက်လက်နယ်ရှိ ကျေးရွာများဘက်သို့ပါကျရောက်ကာ ကျွဲနွား ၆ကောင် လက်နက်ကြီးကျည်ထိခဲ့ပြီး တစ်ကောင်သေဆုံးခဲ့ကြောင်း Wetlet Information Networks အဖွဲ့က ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် မတ္တရာမြို့နယ် ပိုဝ(တောင်)ရွာနှင့် ရှင်လှ(မြောက်)ရွာတို့မှ ဒေသခံ ပြည်သူ ၄၀ ခန့်ကိုဖမ်းဆီးပြီး တစ်ဦးလျှင် ကျပ်တစ်သိန်းစီတောင်းယူပြီး ရိုက်နှက်နှိပ်စက်၍ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ကောင်စီတပ်သည် ပိုဝ‌မြောက်ရွာမှ ဆင်ကုန်းရွာဘက်သို့ လက်နက်ကြီး ပစ်‌ခတ်ခဲ့ရာ နေအိမ်တစ်လုံးပေါ်ကျရောက်ခဲ့ပြီး နေအိမ်လေးလုံး မီးလောင်၍ ဒေသခံ ပြည်သူတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း Unicorn Guerrilla Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အထိနာသွားခဲ့သည့် စစ်ကောင်စီတပ် ကျန်ခဲ့သော ယူနီဖောင်းများနှင့် နေအိမ်အား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Madaya GZ၊ Wetlet Information Networks
အထိနာသွားခဲ့သည့် စစ်ကောင်စီတပ် ကျန်ခဲ့သော ယူနီဖောင်းများနှင့် နေအိမ်အား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Madaya GZ၊ Wetlet Information Networks

အဆိုပါ စစ်ကောင်စီစစ်ကြောင်းအထိနာ၍ နောက်ထပ်အင်အား ၇၀ ခန့်က ပြည်သူများကိုဓါးစာခံလုပ်ကာ ထပ်တိုးလာ၍ ဆုတ်ခွာပေးခဲ့ရကြောင်း Unicorn Guerrilla Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပထမ အင်အားက ၃၀၊ နောက်ထပ်အားဖြည့်တာက ၇၀ ကျော်ပါ။ ပြည်သူ ၄၀ခန့်ကို ပစ္စည်းသယ်ခိုင်းပြီး ဓားစာခံလုပ်တာပါ။ တောပု မာရဘင်က ဖြစ်မယ်။ မြေပြင်ကကောဒရုန်းနဲ့ပါတိုက်တာပါ။ ၂ နာရီလောက်ကြာတယ်။ အဲဒီနေ့ကပဲ ထိခိုက်သေဆုံးတွေသယ်ပြီး ပြန်လည်ဆုတ်ခွာသွားကြပြီ။”ဟု Unicorn Guerrilla Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အထိနာသွားခဲ့သည့် စစ်ကောင်စီတပ် ကျန်ခဲ့သော ယူနီဖောင်းများနှင့် နေအိမ်အား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Madaya GZ၊ Wetlet Information Networks
အထိနာသွားခဲ့သည့် စစ်ကောင်စီတပ် ကျန်ခဲ့သော ယူနီဖောင်းများနှင့် နေအိမ်အား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Madaya GZ၊ Wetlet Information Networks

အဆိုပါ တိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေးအင်အားစု၊ UNICorn – ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ Peacock Warrior Force-မတ္တရာနှင့် ဧရာဝတီပျံလွှားတပ်ဖွဲ့စသည့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ရိုးရှိ စစ်ကောင်စီတပ်သည် မြစ်ရိုးတလျှောက် ကျေးရွာများအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောက်ကျားတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

You May Also Like

သတင်း

အဆိုပါ တိုက်ပွဲ၌ တော်လှန်ရေး ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

ယခုရက်ပိုင်းအတွင်း ​ဒေသအနှံ့တွင် စစ်​ကောင်စီ၏ တပ်စခန်းမျိုးစုံကို​တော်လှန်​ရေးတပ်ဖွဲ့များက ဆက်တိုက်တိုက်ခိုက်​နေသည်ကို​တွေ့ရသည်။

သတင်း

ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်) နံနက် ၆နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး ၉နာရီအထိ မြေပြင်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ စစ်ကောင်စီက လေကြောင်းပစ်ကူရောက်လာ၍ PDFများ ဆုတ်ခွာခဲ့သော်လည်း လက်နက်ကြီး၊ ဒရုန်းတပ်ဖွဲ့များက တိုက်ခိုက်မှုဆက်လုပ်နေကြောင်း ၎င်း ကဆိုသည်။

သတင်း

လက်နက်ကိုင်ဆောင်ခွင်မူအမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၂၃) ၂၀၂၃ ဇန်နဝါရီ ၃၁ရက် ရက်စွဲ ဖြင့် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးရုံးက အတည်ပြုခဲ့ခြင်းဖြစ်သည်။