Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပြားရဲစခန်းကိုPDFများစီးနင်းတိုက်ခိုက်၊စစ်​ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်​သေဆုံးဟု NUG ကာကွယ်​ရေးထုတ်ပြန်

ယခုရက်ပိုင်းအတွင်း ​ဒေသအနှံ့တွင် စစ်​ကောင်စီ၏ တပ်စခန်းမျိုးစုံကို​တော်လှန်​ရေးတပ်ဖွဲ့များက ဆက်တိုက်တိုက်ခိုက်​နေသည်ကို​တွေ့ရသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG)
(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG)

ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်က မင်းဘူးခရိုင်ရှိ စစ်​ကောင်စီ၏ကန်ပြားရဲစခန်းအားစီးနင်းတိုက်ခိုက်ရာ စစ်​ကောင်စီ၏လက်နက်ကိုင်တပ်သား ၃၀ ဦးခန့်​သေဆုံးထိခိုက်ခဲ့​ကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ကာကွယ်​ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်သည်။

၂ဖေဖော်ဝါရီလ (၈)ရက်နေ့၊ ည၉နာရီခန့်က မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ စစ်​ကောင်စီ၏ကန်ပြားရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မင်းဘူးခရိုင်) တပ်ရင်းအမှတ်(၁)၊ မကွေးခရိုင် တပ်ရင်းအမှတ် (၁)၊မင်ဘူး(ပကဖ)နှင့်ပွင့်ဖြူ(ပကဖ) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်​ကောင်စီတပ်သား(၃၀) ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့​ကြောင်း​ဖော်ပြထားသည်။

စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​သေဆုံးထိခိုက်မှုကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

ထိုအပြင် ရဲစခန်းအတွင်းရှိ ဘားတိုက်နှင့်နေရာအချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့​ကြောင်းလည်းအသိ​ပေးထားသည်။

ရဲစခန်းကိုတိုက်ခိုက်စီးနင်း​နေချိန်တွင်ရန်သူ့တပ်ဘက်မှ စစ်ကူအင်အားများထပ်မံရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းစစ်ကြောင်းက အထိအခိုက်အကျအဆုံး(လုံးဝ) မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါပေးခဲ့သည်ဟုလည်းကာကွယ်​ရေးဝန်ကြီးဌာနကအသိ​ပေးထားသည်။

ယခုရက်ပိုင်းအတွင်း ​ဒေသအနှံ့တွင် စစ်​ကောင်စီ၏ တပ်စခန်းမျိုးစုံကို​တော်လှန်​ရေးတပ်ဖွဲ့များက ဆက်တိုက်တိုက်ခိုက်​နေသည်ကို​တွေ့ရသည်။

You May Also Like

သတင်း

ဆောမြို့နယ်၌ PDF တပ်ရင်း (၆)ရင်း ရှိပြီး ယင်းအနက် အမှတ် (၃)တပ်ရင်းနှင့် အမှတ်(၅) တပ်ရင်းများက လက်နက်ရရှိထားသည့် တပ်ရင်းများဖြစ်ကြောင်း၊ ကျန်တပ်ရင်းများ၌ လူအင်အားရှိသော်လည်း လက်နက်လိုအပ်ချက်ရှိနေကြောင်း ဆော PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

သတင်း

အဆိုပါ တိုက်ပွဲ၌ တော်လှန်ရေး ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ပွဲတွင် MA1 တစ်လက် ၊ကျည်ဘောက် ၃ ခု၊ကာဘိုင် တစ်လက် ၊ကျည်ဘောက် ၄ ခု ၊ကျည်အများနှင့်ဆက်သွယ်ရေးစက် ၁ လုံး ၊ဖုန်း ၁ လုံး သိမ်းဆည်းနိုင်ခဲ့ကြောင်းဓါတ်ပုံမှတ်တမ်းများနှင့်အတူ​ဖော်ပြထားသည်။

သတင်း

ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်) နံနက် ၆နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး ၉နာရီအထိ မြေပြင်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ စစ်ကောင်စီက လေကြောင်းပစ်ကူရောက်လာ၍ PDFများ ဆုတ်ခွာခဲ့သော်လည်း လက်နက်ကြီး၊ ဒရုန်းတပ်ဖွဲ့များက တိုက်ခိုက်မှုဆက်လုပ်နေကြောင်း ၎င်း ကဆိုသည်။