Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိ

အဆိုပါ တိုက်ပွဲ၌ တော်လှန်ရေး ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ကျားဖြူစစ်ကြောင်းမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသောလက်နက်များအား တွေ့ရစဉ်
ကျားဖြူစစ်ကြောင်းမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသောလက်နက်များအား တွေ့ရစဉ်

▪️လက်နက်သုံးလက်ရဟု ကျားဖြူစစ်ကြောင်း အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့၌ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း အဆိုပါဒေသရှိ ပူးပေါင်းတပ်ဖွဲ့တစ်ခုဖြစ်သည့် ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၁ရက် နံနက် ၅နာရီခွဲခန့်တွင် ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များမှ ကော့ကရိတ်မြို့၊ တံတားဦး၊ ညောင်ပင်အောက်ဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲဝင်များကိုသွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျားဖြူစစ်ကြောင်းမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသောလက်နက်များအား တွေ့ရစဉ်
ကျားဖြူစစ်ကြောင်းမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသောလက်နက်များအား တွေ့ရစဉ်

အဆိုပါ တိုက်ပွဲ၌ တော်လှန်ရေး ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

“တိုက်ပွဲဖြစ်တာတော့ မှန်တယ်။ ထိခိုက်သေဆုံးမှုတွေ ကျဆုံးမှုတွေကတော့ ကျွန်တော်အားလုံး မသိခဲ့ဘူး”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်မှ အတို (၁) လက်၊ MA3 (၂) လက်၊ ကျည်ဘောက် (၄) ခု၊ RPG 7 အသီး (၁) လုံး ကို သိမ်ဆည်း ရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်သည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်း မှ တိုက်ခိုက်လာနိုင်ခြေရှိ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ၏ ဘေးအန္တရာယ်မှ ကင်းရှင်းစေရေး သတိဖြင့် သွားလာကြရန် တိုက်တွန်းထားသည်။

“ကော့ကရိတ်မြို့မှာ မာရှယ်လောအမိန့်တွေ ထုတ်ပြန်ထားတယ်။ ည ၆နာရီဆို မသွားရတော့ဘူး မနက်ဆိုလည်း ၆နာရီ။ ထုတ်ပြန်မှုတွေရှိတော့ရှိတယ်”ဟု ဒေသခံက ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်မှ ယခုရက်အတွင်း စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်လာ၍ KIA အမှတ်(၃) တပ်မဟာနှင့် အမှတ်(၆)တပ်မဟာတို့၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

စီးပွားရေးနှင့်ပတ်သတ်ပြီးမှန်ကန်တိကျသည့်သတင်းအချက်အလက်များမရရှိမှုနှင့် ဗီဇာသက်တမ်းကိစ္စအခက်အခဲများသည်လည်းအာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်ပိုမိုအခက်အခဲဖြစ်လာနေသည်ဟု ဥရောပကုန်သည်ကြီးများအသင်းကဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် စစ်ဖက်နှင့် သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် အရပ်ဘက်ဆိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်းလည်း အသိပေးသည်။

သတင်း

ဆောမြို့နယ်၌ PDF တပ်ရင်း (၆)ရင်း ရှိပြီး ယင်းအနက် အမှတ် (၃)တပ်ရင်းနှင့် အမှတ်(၅) တပ်ရင်းများက လက်နက်ရရှိထားသည့် တပ်ရင်းများဖြစ်ကြောင်း၊ ကျန်တပ်ရင်းများ၌ လူအင်အားရှိသော်လည်း လက်နက်လိုအပ်ချက်ရှိနေကြောင်း ဆော PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။