Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူဒေသရှိ စစ်ကောင်စီမွေးမြူရေးတပ်ကို PDFများ တိုက်ခိုက်သိမ်းပိုက်ရာ အရာရှိအပါအဝင် သေဆုံးမှုရှိ

ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်) နံနက် ၆နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး ၉နာရီအထိ မြေပြင်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ စစ်ကောင်စီက လေကြောင်းပစ်ကူရောက်လာ၍ PDFများ ဆုတ်ခွာခဲ့သော်လည်း လက်နက်ကြီး၊ ဒရုန်းတပ်ဖွဲ့များက တိုက်ခိုက်မှုဆက်လုပ်နေကြောင်း ၎င်း ကဆိုသည်။

ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံ ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku Media
ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံ ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku Media

▪️စစ်ကောင်စီတပ်မှ ငါးဦးအရှင်ဖမ်းမိ၊ မြင်းများကိုလွှတ်ပေးပြီး မြင်းခြံများမီးရှို့ခဲ့ဟု PDF ပြော

▪️စစ်ကောင်စီတပ်လေကြောင်းက တုံ့ပြန်တိုက်ခိုက် နေ၊ ‌ဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နေရ

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေဒေသရှိ စစ်ကောင်စီ၏ မြင်းမွေးမြူရေးတပ်ကို ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့နံနက်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သေဆုံးထိခိုက်မှုရှိပြီး သုံ့ပန်း ငါးဦး ဖမ်းဆီးရရှိခဲ့ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ပခုက္ကူဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် Earthquake အဖွဲ့မှ ကိုအရှည်ကြီးက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်) နံနက် ၆နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး ၉နာရီအထိ မြေပြင်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ စစ်ကောင်စီက လေကြောင်းပစ်ကူရောက်လာ၍ PDFများ ဆုတ်ခွာခဲ့သော်လည်း လက်နက်ကြီး၊ ဒရုန်းတပ်ဖွဲ့များက တိုက်ခိုက်မှုဆက်လုပ်နေကြောင်း ၎င်း ကဆိုသည်။

ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံ ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku Media
ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံ ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku Media

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ Earthquake အဖွဲ့၊ ဒရုန်းတပ်ဖွဲ့ အပါအဝင်ဒေသတွင်း PDF တပ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ပစ္စည်းတွေကတော့ တော်တော်များတယ်။ MA1 သုံးလက်ရှိမယ် နောက်ပြီး သူတို့ အသုံး အဆောင် ကျည်ဘောက်တွေရှိမယ်။ စစ်သုံ့ပန်း ငါးယောက်မိတယ်။ နောက်ပြီး သေတာက ကျွန်တော်တို့ မျက်စိရှေ့တင် လေးယောက်၊ ဗိုလ်ကြီးတစ်ယောက်၊ ဗိုလ်လေးတစ်ယောက်ပါတယ်။ မိတဲ့အထဲမှာလည်း တပ်ကြပ်တစ်ယောက်ပါတယ်။ အခု ထိပွဲက တအားကြီး ငြိမ်သက်သွားတာမျိုးမရှိသေးဘူးရယ်”ဟု ကိုအရှည်ကြီးက ပြောပြသည်။

လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာသော်လည်း PDF ရဲဘော်များ ကျဆုံးမှုမရှိကြောင်း၊ ဒဏ်ရာရသူအချို့ရှိကြောင်း ၎င်းကဆိုသည်။

ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံ ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku Media
ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံ ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku Media

“ကျွန်တော်တို့ဘက်က ကျဆုံးတာတော့မရှိဘူး လက်နက်ကြီး စမှန်တာမျိုးတော့ ၅ယောက်လောက်ရှိတယ်။ အဖွဲ့အစည်းအနေနဲ့ဆို MA3 တစ်လက် ပစ်ပါများတော့ ပျက်သွားတာမျိုးဖြစ်တယ်။ တိုက်ပွဲချိန်က တော်တော်ကြာတာကိုး။ ပစ္စည်းလုံးလုံး ဆုံးရှုံးတာမျိုးမဟုတ်ဘဲ ပစ္စည်းပျက်သွားတာ မျိုးပေါ့ဗျာ။ ဒေသတွင်းအခြေအနေက မြစ်ခြေ အဲဒီနားပတ်ဝန်းကျင်မှာ ရွာတွေကို ဗုံးကြဲတာမျိုးလုပ်နေတယ်လို့ ကြားတယ်။ ရွာခံတွေက ရှောင်နေရတာပေါ့” ဟု ကိုအရှည်ကြီးက ပြောသည်။

စစ်ကောင်စီတပ်မှ မြင်းများကို လွှတ်ပေးခဲ့ပြီး အချို့မြင်းများကိုဖမ်းထားကြောင်း၊ မြင်းခြံများကို မီးရှို့ခဲ့ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲအခြေအနေနှင့် စစ်ကောင်စီတပ်တွင်းသို့ စီးနင်းတိုက်ခိုက်ခဲ့မှု အခြေအနေများကို ထုတ်ပြန်ပေးသွားမည်ဖြစ်သည်ဟုလည်း ပခုက္ကူဒေသအခြေစိုက် Earthquake အဖွဲ့မှ ကိုအရှည်ကြီးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံ ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku Media
ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံ ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku Media

“မြစ်ခြေမြို့ပေါ် စကစမွေးမြူရေးတပ် BPIကို ဒေသတော်လှန်ရေးအဖွဲ့များ တက်သိမ်းတာဖြစ်ပြီး စခန်းသိမ်းမိကာ လက်နက်များစွာသိမ်းဆည်းရမိကြောင်းသိရပါတယ်။ အလောင်းများလည်းတန်းစီနေကြောင်းသိရပါတယ်။”ဟု Pakokku City& University Newsက အသိပေးသည်။

စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ တိုက်ခိုက်ခဲ့၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထန်တလန်ရဲစခန်းကို ချင်းကာကွယ်ရေးတပ်များ ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်မျိုးစုံ ၄၀ကျော်ရရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော်(CNA)က အသိပေးထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မှန်ကလည်း စစ်အာဏာရှင် တိုက်ဖျက်ရေး အတွက် တစ်နှစ်တာ စီမံချက်အတိုင်း ဆောင်ရွက်နေပြီး ယခင် တော်လှန်ခုခံမှု အားနည်းသည့်ဒေသ၊ မရှိသည့်ဒေသများ၌လည်း စစ်ရေးအရှိန်မြှင့်သွားမည်ဟု အသိပေးထားသည်။

You May Also Like

သတင်း

ဆောမြို့နယ်၌ PDF တပ်ရင်း (၆)ရင်း ရှိပြီး ယင်းအနက် အမှတ် (၃)တပ်ရင်းနှင့် အမှတ်(၅) တပ်ရင်းများက လက်နက်ရရှိထားသည့် တပ်ရင်းများဖြစ်ကြောင်း၊ ကျန်တပ်ရင်းများ၌ လူအင်အားရှိသော်လည်း လက်နက်လိုအပ်ချက်ရှိနေကြောင်း ဆော PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

သတင်း

အဆိုပါ တိုက်ပွဲ၌ တော်လှန်ရေး ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ပွဲတွင် MA1 တစ်လက် ၊ကျည်ဘောက် ၃ ခု၊ကာဘိုင် တစ်လက် ၊ကျည်ဘောက် ၄ ခု ၊ကျည်အများနှင့်ဆက်သွယ်ရေးစက် ၁ လုံး ၊ဖုန်း ၁ လုံး သိမ်းဆည်းနိုင်ခဲ့ကြောင်းဓါတ်ပုံမှတ်တမ်းများနှင့်အတူ​ဖော်ပြထားသည်။

သတင်း

ယခုရက်ပိုင်းအတွင်း ​ဒေသအနှံ့တွင် စစ်​ကောင်စီ၏ တပ်စခန်းမျိုးစုံကို​တော်လှန်​ရေးတပ်ဖွဲ့များက ဆက်တိုက်တိုက်ခိုက်​နေသည်ကို​တွေ့ရသည်။