Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံမြို့နယ် မယ်တော်ဂူကုန်းအား စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ပေါင်၅၀၀ ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်သည် စစ်ဖက်နှင့် သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် အရပ်ဘက်ဆိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်းလည်း အသိပေးသည်။

ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဖယ်ခုံ PDF
ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဖယ်ခုံ PDF

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ်ရှိ ဖယ်ခုံမြို့နယ် မယ်တော်ဂူကုန်းအား စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံ PDFက ယနေ့ ထုတ်ပြန် သည်။

ယမန်နေ့ ည ၁၁နာရီခန့်က ဖယ်ခုံမြို့နယ် ရီလုံရီကန်​ကျေးရွာအုပ်စု ဝါရီခူကျေးရွာရှိ မယ်တော်ဂူကုန်းအား စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြစ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အဆောင်တစ်ခုနှင့် မယ်တော်ဂူရင်ပြင် ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဖယ်ခုံ PDF
ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ – ဖယ်ခုံ PDF

“စစ်ဖက်နဲ့သက်ဆိုင်တာလည်း မဟုတ်ဘူး။ကျေးရွာနဲ့က တော်တော်နီးတယ်။ကံကောင်းလို့ ဒေသခံတွေ ဘာမှထိခိုက်မှု မဖြစ်တာ”ဟု ဖယ်ခုံ PDF နှင့်နီးစပ်သူက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဖယ်ခုံ PDF
ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ – ဖယ်ခုံ PDF

စစ်ကောင်စီတပ်သည် စစ်ဖက်နှင့် သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် အရပ်ဘက်ဆိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်းလည်း အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီအတွင်း လေကြောင်း တိုက်ခိုက်မှုသုံးကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှုများတွင် အရပ်ဘက်ဆိုင်ရာနေရာများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု နှစ်ကြိမ်ရှိခဲ့သည်။

ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဖယ်ခုံ PDF
ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ – ဖယ်ခုံ PDF

ဇန်နဝါရီတွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့၊ ဘော်လခဲမြို့နယ်နှင့် ရွာသစ်မြို့နယ်ခွဲတို့အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် ငါးလုံးပျက်စီးခဲ့သည့်အပြင်၊ ဘုန်းကြီးကျောင်း နှစ်ကျောင်းနှင့် စေတီတစ်ဆူ ပျက်စီးခဲ့ရပြီး အရပ်သားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရကာ ငါးဦးဒဏ်ရာရခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ တစ်လကြာ စစ်ကြောင်းထိုးမှုတွင် ကနီမြို့နယ်က (၁၇)ရွာနှင့် ယင်းမာပင်မြို့နယ်က(၈)ရွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင်လည်း ငွေသာရွာကို ထပ်မံမီးရှို့ဖျက်ဆီးသွားပြီး မီးလောင်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

မြေပြင်တိုက်ပွဲများ ဖြစ်ပွါးရုံတင်မက စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များဖြင့်ပါ ၃ ကြိမ်တိုင် လေကြောင်းပစ်ကူကာထိုးစစ်ဆင်ခဲ့ကြောင်းသိရသည်။

သတင်း

စစ်ကောင်စီတပ်မှ ယခုရက်အတွင်း စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်လာ၍ KIA အမှတ်(၃) တပ်မဟာနှင့် အမှတ်(၆)တပ်မဟာတို့၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။