Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU နယ်မြေ၌ ​လေးကြိမ်​မြောက်အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း NUG ပြည်ထဲရေးထုတ်ပြန်

ယခုသင်တန်းဆင်းပွဲကို နှစ်လနီးပါးအကြာတွင်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲပြုလုပ်စဥ်။NUG-MOHAAI)
(တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲပြုလုပ်စဥ်။NUG-MOHAAI)

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် – ၄) သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ကြောင်းပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

သင်တန်းအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဒုတိယလပတ်မှ ဒီဇင်ဘာလ ဒုတိယလပတ်အထိ (သုံးလ) ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေမှူန်းရေး၊ အထူးလက်ဖြောင့်၊ စစ်မြေပြင်ဆေးဝါးကုသခြင်း နှင့် မြို့ပြအထူးစစ်ဆင်ရေးအတွက် အဓိကကျသော စစ်ရေးလေ့ကျင့်မှူများကို စာတွေ့လက်တွေ ၊နေ့ရောညပါ သင်ကြားပို့ချခဲ့သည်ဟု ဖော်ပြသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြောင်း​ဖော်ပြထားသည်။ထို​ကြောင့်ယခုသင်တန်းဆင်းပွဲကို နှစ်လနီးပါးအကြာတွင်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

ဝန်ကြီးဒေါ်ဇင်မာအောင်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးသွားမည်ဟု ထုတ်ပြန်ထားသည်။

သတင်း

အဆိုပါ တိုက်ပွဲ၌ တော်လှန်ရေး ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

ယခုရက်ပိုင်းအတွင်း ​ဒေသအနှံ့တွင် စစ်​ကောင်စီ၏ တပ်စခန်းမျိုးစုံကို​တော်လှန်​ရေးတပ်ဖွဲ့များက ဆက်တိုက်တိုက်ခိုက်​နေသည်ကို​တွေ့ရသည်။

သတင်း

မနက်ဖြန် ဖေဖော်ဝါရီ ၁၁ရက်၌ ကျရောက်မည့် (၇၅)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ KNU ဥက္ကဋ္ဌ ပြောကြားသည့် မိန့်ခွန်းကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။