Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIAတပ်ရင်း(၂၇)နယ်မြေ၌ တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ

စစ်ကောင်စီတပ်မှ ယခုရက်အတွင်း စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်လာ၍ KIA အမှတ်(၃) တပ်မဟာနှင့် အမှတ်(၆)တပ်မဟာတို့၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kachin Net)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kachin Net)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း (၂၇) နယ်မြေ၌ စစ်ကောင်စီနှင့်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယနေ့ ဖော်ပြသည်။

စစ်ကောင်စီတပ်မှ ယခုရက်အတွင်း စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်လာ၍ KIA အမှတ်(၃) တပ်မဟာနှင့် အမှတ်(၆)တပ်မဟာတို့၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ KIA တပ်ရင်း(၂၇) နယ်မြေ၌ ဖေဖော်ဝါရီ ၈ရက်ကစပြီး စစ်ကောင်စီတပ်နှင့် KIA တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၀ရက်ကလည်း စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော ခလရ (၄၇)၊ ခလရ(၄၂၄)၊ ခလရ(၂၅၀) ခမရ(၃၁၉)၊ ခမရ(၆၀၁)ပူးပေါင်းတပ် နှင့် KIAတို့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများပြားကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

စစ်ကောင်စီတပ်မှ ဒဏ်ရာရသူများကို မိန်ဝိန်းဘက်မှ ဖြတ်သန်းကာ နမ့်ခမ်းဆေးရုံဘက် သယ်ဆောင်သွားသည်ဟုလည်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ရှမ်းမြောက်ဒေသရှိ KIA အမှတ်(၆) တပ်မဟာ၊ အမှတ်(၉)တပ်ရင်းနယ်မြေ၌ ဖေဖော်ဝါရီ ၉ရက်နေ့က စစ်ကောင်စီတပ်ယာဉ်ကို KIAက ကြားဖြတ်တိုက်ခိုက် ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့မှ စစ်အင်အား လက်နက်ခဲယမ်း စားနပ်ရိက္ခာအပြည့် ဖြည့်တင်းကာ မော်တော်ယာဉ်များဖြင့် နမ့်ဖက်ကာဘက် စစ်ရေးလှုပ်ရှားလာစဉ် KIAက ကြားဖြတ်စောင့်ကြိုတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၀ရက်ကလည်း ကွတ်ခိုင်မြို့နှင့် နမ့်ဖက်ကာအကြားတွင် စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။ အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်ထိခိုက်သေဆုံး အခြေအနေကို ဖော်ပြမထားပေ။

KIA အမှတ်(၅) တပ်မဟာနယ်မြေအတွင်းရှိ ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာ အနီးသို့လည်း စစ်ကောင်စီတပ်က အင်အား ၁၃၀ခန့်ဖြင့် ကျေးရွာများရှိ စာသင်ကျောင်းနှင့် ဘုန်ကြီးကျောင်းများ၌ စခန်းချလှုပ်ရှားနေ၍ တိုက်ပွဲများဖြစ်ပွားလာမည်ကို ပြည်သူများက စိုးရိမ်နေကြရသည်ဟု ဆိုသည်။/news-mm/2023/02/05/67005/

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ တစ်လကြာ စစ်ကြောင်းထိုးမှုတွင် ကနီမြို့နယ်က (၁၇)ရွာနှင့် ယင်းမာပင်မြို့နယ်က(၈)ရွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင်လည်း ငွေသာရွာကို ထပ်မံမီးရှို့ဖျက်ဆီးသွားပြီး မီးလောင်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

မြေပြင်တိုက်ပွဲများ ဖြစ်ပွါးရုံတင်မက စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များဖြင့်ပါ ၃ ကြိမ်တိုင် လေကြောင်းပစ်ကူကာထိုးစစ်ဆင်ခဲ့ကြောင်းသိရသည်။

သတင်း

စီးပွားရေးနှင့်ပတ်သတ်ပြီးမှန်ကန်တိကျသည့်သတင်းအချက်အလက်များမရရှိမှုနှင့် ဗီဇာသက်တမ်းကိစ္စအခက်အခဲများသည်လည်းအာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်ပိုမိုအခက်အခဲဖြစ်လာနေသည်ဟု ဥရောပကုန်သည်ကြီးများအသင်းကဆိုသည်။