Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီလက်​အောက်ဘဏ်လုပ်ငန်းနှင့်လျှပ်စစ်မီး မတည်ငြိမ်မှု​ကအကြီးမားဆုံးအခက်အခဲဖြစ်​ကြောင်းဥရောပကုန်သည်အသင်းဆို

စီးပွားရေးနှင့်ပတ်သတ်ပြီးမှန်ကန်တိကျသည့်သတင်းအချက်အလက်များမရရှိမှုနှင့် ဗီဇာသက်တမ်းကိစ္စအခက်အခဲများသည်လည်းအာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်ပိုမိုအခက်အခဲဖြစ်လာနေသည်ဟု ဥရောပကုန်သည်ကြီးများအသင်းကဆိုသည်။

(ရန်ကုန်တွင် မီးပြတ်​နေသဖြင့်ဖ​ယောင်တိုင်ထွန်း၍ ​ဈေး​ရောင်​နေသူတစ်ဦး ။ဓါတ်ပုံ-The New Yourk Times)
(ရန်ကုန်တွင် မီးပြတ်​နေသဖြင့်ဖ​ယောင်တိုင်ထွန်း၍ ​ဈေး​ရောင်​နေသူတစ်ဦး ။ဓါတ်ပုံ-The New Yourk Times)

ဘဏ်လုပ်ငန်းနှင့်လျှပ်စစ်မီးမတည်ငြိမ်မှုများသည် စစ်​ကောင်စီလက်​အောက် မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန် အကြီးမားဆုံးအခက်အခဲဖြစ်နေကြောင်းမြန်မာနိုင်ငံအခြေစိုက်ဥရောပကုန်သည်ကြီးများအသင်းကထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းထားသည့်ကာလအတွင်းမြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများအပေါ် မြန်မာနိုင်ငံအခြေစိုက်ဥရောပကုန်သည်ကြီးများအသင်းကသုတေသနစာတမ်းပြုလုပ်ထားခြင်းပြီး ထိုစာတမ်းထဲတွင် စီးပွား​ရေးလုပ်ရန်အခက်အခဲအချက်များကို ​ဖော်ပြထားခြင်းဖြစ်သည်။

ထိုအပြင်စစ်ကောင်စီ၏မတည်ငြိမ်သည့်မူဝါဒမျိုးစုံထုတ်ပြန်နေခြင်းမှာလည်း စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးအချက်များထဲတွင်တစ်ခုပါဝင်​ကြောင်းလည်းဥရောပကုန်သည်များအသင်းက စစ်​ကောင်စီလက်​အောက်ခံမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်တွေ့ဆုံ​ဆွေး​နွေးစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

စီးပွားရေးနှင့်ပတ်သတ်ပြီးမှန်ကန်တိကျသည့်သတင်းအချက်အလက်များမရရှိမှုနှင့် ဗီဇာသက်တမ်းကိစ္စအခက်အခဲများသည်လည်းအာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်ပိုမိုအခက်အခဲဖြစ်လာနေသည်ဟု ဥရောပကုန်သည်ကြီးများအသင်းကဆိုသည်။

“ဥရောပကုမ္ပဏီတွေက ရေရှည်အတွက်ကြည့်ပြီးရင်းနှီးမြှပ်နှံချင်တာ။ အခုချိန်မှာ အားလုံးခက်ခဲနေတယ်ဆိုတာသိပါတယ်။ ဒီထဲမှာ စီးပွားရေးအရမှာ မူတွေ ခဏခဏပြောင်းတာက အဆိုးဆုံးပါပဲ”ဟုဥရောပကုမ္ပဏီတစ်ခုမှ မန်းနေးဂျင်းဒါရိုက်တာတစ်ဦးက​ပြောသည်။

ဥရောပကုန်သည်ကြီးအသင်းသည် မြန်မာနိုင်ငံတွင်ကုမ္ပဏီပေါင်း ၁၂၀ကျော်ရင်းနှီးမြှပ်နှံလုပ်ကိုင်နေဆဲဖြစ်သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ တစ်လကြာ စစ်ကြောင်းထိုးမှုတွင် ကနီမြို့နယ်က (၁၇)ရွာနှင့် ယင်းမာပင်မြို့နယ်က(၈)ရွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင်လည်း ငွေသာရွာကို ထပ်မံမီးရှို့ဖျက်ဆီးသွားပြီး မီးလောင်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

မြေပြင်တိုက်ပွဲများ ဖြစ်ပွါးရုံတင်မက စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များဖြင့်ပါ ၃ ကြိမ်တိုင် လေကြောင်းပစ်ကူကာထိုးစစ်ဆင်ခဲ့ကြောင်းသိရသည်။

သတင်း

စစ်ကောင်စီတပ်မှ ယခုရက်အတွင်း စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်လာ၍ KIA အမှတ်(၃) တပ်မဟာနှင့် အမှတ်(၆)တပ်မဟာတို့၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။