Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် ပေ(၃၀၀)ခန့်မြင့်သော မြေစာပုံပြိုကျပြီး ရေမဆေးသမား နှစ်ဦးသေဆုံး

ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာမှ စွန့်ပစ်မြေစာပုံသည် ယမန်နေ့(ဖေဖော်ဝါရီ ၁၃ရက်) ညက ပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူများ မြေပိသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

မြေစာပုံပြိုကျမှုကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်၊ ဓာတ်ပုံ - CJ
မြေစာပုံပြိုကျမှုကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်၊ ဓာတ်ပုံ - CJ

▪️ဒဏ်ရာရသူသုံးဦးတွေ့ရှိထားပြီး ပျောက်ဆုံးနေသူများကို ရှာဖွေနေ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပေ(၃၀၀)ခန့်မြင့်သော မြေစာပုံတစ်ခုပြိုကျပြီး ရေမဆေးကျောက်ရှာသူနှစ်ဦးသေဆုံးကာ ဒဏ်ရာရသူသုံးဦးတွေ့ရှိထားပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေသည်။‌

ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာမှ စွန့်ပစ်မြေစာပုံသည် ယမန်နေ့(ဖေဖော်ဝါရီ ၁၃ရက်) ညက ပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူများ မြေပိသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

“အရေအတွက် နည်းလား၊များလား မသိရဘူး။ ပြောနေတာတော့ အမျိုးမျိုးပဲ။ အခုမနက်အထိတော့ ရုပ်အလောင်းနှစ်လောင်းနဲ့ ဒဏ်ရာရသူ သုံးဦးတွေ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြေစာပုံသည် ပေ(၃၀၀)ခန့်​မြင့်ပြီး ပြိုကျချိန် ည ၁၀ နာရီခန့်သည် ရေမဆေးကျောက်ရှာဖွေသူအများအပြားရှိနေချိန်ဟု သိရသည်။

“၁၀ယောက်ထက်တော့ မလျော့ဘူးဗျ။ ဆက်ရှာနေကြတယ်”ဟု ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ဒဏ်ရာရသူသုံးဦးသည် ဖားကန့်ဆေးရုံ၌ ကုသ နေရဆဲဖြစ်သည်။

ဖားကန့်တွင် ဇန်နဝါရီ ၃၀ရက်ကလည်း ပေ (၁၀၀)ခန့်မြင့်သော ကျောက်ကမ်းပါးယံတစ်ခုပြိုကျပြီး ရေမဆေးကျောက်ရှာသူ လေးဦးသေဆုံးခဲ့သည်။

ဖားကန့်တွင် ရခိုင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအပါအဝင်အနယ်နယ်အရပ်ရပ်မှ လာရောက်ပြီး ကျောက်တူးနေသူ နှစ်သိန်းမှ သုံးသိန်းကြားရှိနေသည်။

အဆိုပါ ကျောက်တူးသမားများကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်မှုများ ရှိခဲ့သည်ဟု ​ဒေသခံများက ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ကျားရွာကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီအတွင်းက ပထမဆုံးအကြိမ် ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ၂၀၂၂ ဧပြီတွင်လည်း ဒုတိယအကြိမ်မြောက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။

သတင်း

ပျူများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်း၍ အလင်းဝင်သွားကြရန်နှင့် အလင်းမဝင်ပါက မိမိတို့၏ နေအိမ်များအတွင်း အချိန်မရွေး ပေါက်ကွဲမှု ဖြစ်ပွားနိုင်ကြောင်း မြိုင်(ပ.က.ဖ)က သတိပေးသည်။

သတင်း

မြေပြင်တိုက်ပွဲများ ဖြစ်ပွါးရုံတင်မက စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များဖြင့်ပါ ၃ ကြိမ်တိုင် လေကြောင်းပစ်ကူကာထိုးစစ်ဆင်ခဲ့ကြောင်းသိရသည်။

သတင်း

အဆိုပါ တိုက်ပွဲ၌ တော်လှန်ရေး ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။