Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက်တိုး၍ PDFရဲဘော် ခုနစ်ဦးကျဆုံး

ဖေဖော်ဝါရီ ၉ ရက်က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နှင့် ၁၀ ရက်များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်း Pdfအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်
သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်

▪️လက်နက်ခဲယမ်းနှင့် မော်တော်ယာဥ်များ ဆုံးရှုံးခဲ့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ငွေသာကျေးရွာကို မီးရှို့ရန်လာသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ရန် ကြိုးပမ်းသည့် PDF အဖွဲ့ဝင်များအနက် ရဲဘော် ခုနစ်ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းနှင့် မော်တော်ယာဥ်များလည်း ဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းPDFအဖွဲ့များက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)နံနက် ၁၁ နာရီခွဲခန့်က ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ညီနောင်သုံးဖော်အဖွဲ့၊ Shwe Nyar Myae People Defense Force၊ Southern YSO PDF၊ Yesagyo Revolution Group၊Zarmani Blood Guerilla Army.Myaing အဖွဲ့၊ယင်းမာပင်ခရိုင်အမှတ် (၁၀) တပ်ရင်း ဒေါင်နက်နယ်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့နှင့်ပုလဲမြို့နယ်ရှိ အခြားမဟာမိတ်များက ရှေ့ထွတ်မိုင်းများဖြင့် တိုက်ခိုက်ရန်သွားရောက်ခဲ့သည်။

သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်
သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်

ထိုသို့သွားရောက်စဥ် စစ်တပ်ကင်းပုန်းနှင့် ထိပ်တိုက်တွေဆုံမိပြီး PDF ရဲဘော်ခြောက်ဦးနှင့် ရပ်ရွာကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ညီနောင်သုံးဖော်အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထိုဖြစ်စဉ်တွင် ရဲဘော် လေးဦးကို မီးရှို့သတ်ဖြတ်ပြီး ကျန်ဒဏ်ရာရရဲဘော် သုံးဦးကို လည်လှီးသတ်ဖြတ်သွားကာ ကား သုံးစီးကို မီးရှို့သွားကြောင်း ဒေသတွင်းPDFအဖွဲ့များက အသိပေးသည်။

ကျဆုံးခဲ့သည့်ရဲဘော်များမှာ Shwe Nyar Myae People Defense Forceမှ ရဲဘော်လေးဦး၊ ညီနောင်သုံးဖော်မှ ရဲဘော် တစ်ဦး၊ Zarmani Blood Guerilla Army.Myaingအဖွဲ့မှ ရဲဘော် တစ်ဦး၊ Yesagyo Revolution Groupက ဒေသကာကွယ်ရေး ရဲဘော် တစ်ဦး စုစုပေါင်း ခုနစ်ဦး ဖြစ်သည်။

သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်
သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်

ထို့အပြင် Shwe Nyar Myae People Defense Force က MK12သေနတ် တစ်လက်၊ ကားတစ်စီး၊ လက်လုပ်ခြောက်ဆယ်ပြောင်း တစ်ခု၊ဗုံးသီးအဆံများ၊ ညီနောင်သုံးဖော်က သေနတ် တစ်လက်၊ ကားတစ်စီး၊ လက်လုပ်ခြောက်ဆယ်ပြောင်း တစ်ခု၊ ဗုံးသီးအဆံများ၊ Southern YSO PDF က ကားတစ်စီး၊ လက်လုပ်ခြောက်ဆယ်ပြောင်း သုံးခု၊ ဗုံးသီးအဆံများ၊ Yesagyo Revolution Groupက လက်လုပ်ခြောက်ဆယ်ပြောင်း နှစ်ခု ဆုံးရှုံးခဲ့ကြကြောင်း ဒေသတွင်း PDFအဖွဲ့များက ထုတ်ပြန်သည်။

“ထိပ်တိုက်တိုးသလို ဖြစ်တာ။ ရဲဘော်တွေက နေရာ ပြောင်းအယူ စစ်ကြောင်းနဲ့ တိုးတာ။ အဲ့မှာ ပစ်ခံရတာပဲ။”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်
သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်

​ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းPDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆုံးရှုံးနစ်နာမှုများ ရှိနေသော်လည်းစစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ဒေသတွင်း PDFအဖွဲ့များက အသိပေးသည်။

ဖေဖော်ဝါရီ ၉ ရက်က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နှင့် ၁၀ ရက်များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်း Pdfအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

You May Also Like

သတင်း

အမျိုးသမီးတွေနဲ့အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်တဲ့အတွက် အစုလိုက် အပြုံလိုက် လူမဆန်စွာ သတ်ဖြတ်မှုဖြစ်တယ်လို့ ပုလော PDF က ဆိုထားပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ယနေ့(ဖေဖော်ဝါရီလ ၁၃ ရက်) နံနက်ပိုင်းတွင် ရွှေဘိုမြိုနယ် ချီပါအုပ်စု ငါးဆူကုန်းရွာကိုပါ မီးများ စတင်ရှို့နေကြောင်း WetLet Information Networks အဖွဲ့က ပြောသည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)နံနက် ၉နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ ဘောလုံးကွင်းထဲက စစ်ကောင်စီတပ်သားများသည် (၁၂၀)မမ လက်နက်ကြီးတ​ပ်ဆင်ထားပြီး အနောက်တကြောသို့ လက်နက်ကြီးဖြင့် ၅ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်။

သတင်း

ဖေဖော်ဝါရီ ၁ရက်မှ ၁၁ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကို ထုတ်ပြန်ခဲ့ရာ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ အထိနာခဲ့သည်။