Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းမြောက်တိုက်ပွဲ ၅ရက်ဆက်ဖြစ်၊ စစ်ကောင်စီတပ် အထိနာ၍ လေကြောင်း တိုက်ခိုက်နေဟု KIA အသိပေး

စစ်ကောင်စီတပ်သည် KIA တပ်ရင်း(၉) တပ်များအား စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲဖြစ်နေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့တွင် People’s Spring သတင်းဌာနသို့ပြောကြားထားသည်။

(KIA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Kachin Land)
(KIA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Kachin Land)

ရှမ်းပြည်နယ်မြောက်ပိုင်းရှိကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စခန်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေ တိုက်ခိုက်နေ၍ ယနေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA အမှတ်(၆)တပ်မဟာ အမှတ်(၉) တပ်ရင်းနယ်မြေ တွင် ဖေဖော်ဝါရီ ၁၅ရက်နေ့မနက် ၈နာရီခွဲအချိန်မှစပြီး စစ်ကောင်စီနှင့် KIA တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။အဆိုပါနေရာ၌ ဖေဖော်ဝါရီ ၁၄ရက်နေ့ကတည်းက စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် KIA တပ်စခန်းရှိရာသို့ ထိုးစစ်ဆင်လာ၍ KIAက ခုခံတိုက်ခိုက်နေကြောင်း ဖော်ပြသည်။

လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ် နေသည့်အပြင်ယနေ့နေ့လည် ၁နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

Public Service Announcement
Public Service Announcement

ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီတပ်မှ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ KIAနှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ ရက်ခန့်ရှိနေပြီဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်မှုများ ရှိနေ၍ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

အဆိုပါဒေသ၌ စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေဆဲအခြေအနေဖြစ်၍တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ကြောင်း KIAကအသိ​ပေးသည်။

စစ်ကောင်စီတပ်သည် KIA တပ်ရင်း(၉) တပ်များအား စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲဖြစ်နေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့တွင် People’s Spring သတင်းဌာနသို့ပြောကြားထားသည်။

ယနေ့တိုက်ပွဲဖြစ်ပွားရာဒေသသည် ကွတ်ခိုင်-မူဆယ်ကြား နားဖိုင်ဒေသ၌ဖြစ်တွင်ဖြစ်ပြီး နမ့်ဖက်ကာ၊ နမ့်အွန် ဒေသများ၌လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ​ဒေသခံအချို့ကပြောသည်။

You May Also Like

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း KIA အမှတ်(၆)တပ်မဟာ အမှတ်(၉)တပ်ရင်းနယ်မြေ ကုန်ရန်ကော်အနီးတစ်၀ိုက်တွင် ယနေ့ ဖေဖေါ်ဝါရီလ(၁၅)ရက် နံနက်ကစ၍ စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်ဟု ဆိုသည်။

သတင်း

KIAတပ်ရင်း(၉)နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာ၍ လွန်ခဲ့သည့် သုံးရက်ကတည်းက တိုက်ပွဲနေ့စဉ်ဖြစ်ပွားခဲ့ဟု KIA ဘက်က အတည်ပြုထားသည်။

သတင်း

ယမန်နေ့ကပင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျားဘေကျေးရွာနှင့် ဘဲကျရွာကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ဘဲကျရွာမှ ပြည်သူနှစ်ဦး လက်နက်ကြီးကျည်အပိုင်းအစများထိမှန် ဒဏ်ရာရခဲ့သည်။

သတင်း

စင်ကာပူဟာ ယခင်စစ်အစိုးရ လက်ထက်တွေမှာ စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ဆက်ဆံရေး ရှိခဲ့ပေမယ့် တကျော့ပြန် အာဏာသိမ်းတဲ့စစ်ကောင်စီအပေါ်မှာ တင်းမာတဲ့သဘောထားရှိနေပါတယ်။