Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်္ဂလာတောင်ညွှန့်မြို့နယ်တိုက်ခန်းမီး လူသုံးဦးဆေးရုံရောက်

မီးစတင်လောင်သည့် အခန်းတွင် မီးငြိမ်းသွားချိန်၌ မီးကူးစက်လောင်ခဲ့သည့် အခြားအခန်းတွင် မီးထပ်လောင်ခဲ့သောကြောင့် တိုက်ခန်းပေါ်တွင် နေထိုင်သူများက အရေးပေါ်ဆင်းခဲ့ရသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။

မီးလောင်မှုအား ငြှိမ်းသတ်နေစဉ်နှင့် လူနာများအား ဆေးရုံပို့ဆောင်ရန် ပြင်ဆင်နေစဉ်၊ မင်္ဂလာတောင်ညွှန့်လူငယ်လူမှူကူညီရေးအသင်း
မီးလောင်မှုအား ငြှိမ်းသတ်နေစဉ်နှင့် လူနာများအား ဆေးရုံပို့ဆောင်ရန် ပြင်ဆင်နေစဉ်၊ မင်္ဂလာတောင်ညွှန့်လူငယ်လူမှူကူညီရေးအသင်း

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၌ မီးလောင်မှုဖြစ်ခဲ့ရာ မီးခိုးကြောင့် အသက်ရှုကြပ်နေသည့် လူနာသုံးဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှူကူညီရေးအသင်းက အသိပေးထားသည်။

“မီးလောင်ပြင်တွင် အသက်ရှူမွန်းကြပ် လူနာ ‌ခြောက်ဦးခန့်ရှိပြီး သုံးဦးအား YGH.သို့ တောင်ညွန့်ကွန်ယက် ညီနောင်အသင်းများနှင့်ပူးပေါင်း၍ပို့ဆောင်ကူညီပေးခဲ့ပြီး ကျန် ၃ဦးအား မြေပြင်ကုသမှု့များပူးပေါင်း ဆောင်ရွက်ပေးခဲ့ပါသည်။” ဟု ယင်းအသင်းက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၅ ရက် နေ့လည် ၃ နာရီခန့်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၂၂ လမ်းရှိ တိုက်ခန်းတစ်ခုတ္ငင် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ကျော် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“သင်္ဘောဆေးသိုလှောင်ထားတဲ့ ထပ်ခိုးကစလောင်တာတဲ့ ” ဟု ယင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မီးစတင်လောင်သည့် အခန်းတွင် မီးငြိမ်းသွားချိန်၌ မီးကူးစက်လောင်ခဲ့သည့် အခြားအခန်းတွင် မီးထပ်လောင်ခဲ့သောကြောင့် တိုက်ခန်းပေါ်တွင် နေထိုင်သူများက အရေးပေါ်ဆင်းခဲ့ရသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။

မီးလောင်မှုအကြောင်းရင်း နှင့် ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့ အနေဖြင့် ထုတ်ပြန်ခြင်းမရှိပေ။

You May Also Like

သတင်း

ရန်ကုန်မြို့ရှိ သုံးမြို့နယ်တွင် စစ်တပ်သိမ်းယူထား​သောမြေနေရာများကိုတန်ဖိုးသင့်အိမ်ရာအခန်းများ​ဖော်ထုတ်၍ နွေဦး​တော်လှန်​ရေးရန်ပုံငွေအတွက် ကြိုပွိုင့်စနစ်ဖြင့်EOD ကရောင်းချ​ပေးနေခြင်းဖြစ်သည်။

သတင်း

အဆိုပါ ဗဟင်းတိုက်နယ်ဆေးရုံသည် စစ်​ကောင်စီဝန်ထမ်းများစွန့်ပစ်သွားသဖြင့် NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကတာဝန်ယူဖွင့်လှစ်​ပေး​နေခြင်းဖြစ်သည်။

သတင်း

‌NUG၏ရောင်းချမည့် ကွန်ဒိုတိုက်ခန်းများမှာ ကမ္ဘာအေးလမ်းမပေါ်ရှိ ၁၀၆ တပ်ပိုင်မြေနေရာများဖြစ်ပြီး ကွန်ဒို အခန်းလေးမျိုးခွဲခြားရောင်းချမည်ဟု NUGကထုတ်ပြန်ထားသည်။

သတင်း

အဲဒီဆေးရုံတွေဟာ CDM တွေကိုအလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်ကောင်စီက ပိတ်ခိုင်းထားတာလို့လည်းစုံစမ်းသိရပါတယ်။