Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နဂါးနီစစ်ကြောင်းတိုက်ပွဲဝင် ရဲဘော်များအား NUG လက်နက်များပေးအပ်

စစ်ကြောင်းမှူးများမှလည်း အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်စကား ပြန်လည်ပြောဆိုခဲ့သည်ဟု ဖော်ပြသည်။

NUG အစိုးရက လက်နက်များတပ်ဆင်ပေးအပ်နေစဉ်၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း
NUG အစိုးရက လက်နက်များတပ်ဆင်ပေးအပ်နေစဉ်၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ နဂါးနီစစ်ကြောင်း တိုက်ပွဲဝင်ရဲဘော်များအား အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ် ဒေသတပ်မှူးများက လက်နက်တပ်ဆင် ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ယမန်နေ့ ညပိုင်း၌ သတင်းထုတ်ပြန်သည်။

အဆိုပါ လက်နက်ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၄ရက် က ကျင်းပခဲ့ပြီး တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များက စစ်ဒေသခွဲအမှတ် (၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၏ နဂါးနီစစ်ကြောင်းသို့ လက်နက်များပေးအပ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် စစ်ဒေသခွဲ အမှတ်(၃)အတွင်း စစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရဲဘော်များ သိရှိစေရန်အတွက် ရှင်းလင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပြီး အသေးစိတ် အခြေအနေကို ဖော်ပြမထားပေ။

နွေဦးတော်လှန်ရေး၏ ၂နှစ်ကျော်ကာလအတွင်း အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို ဂုဏ်ပြုကြောင်းလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟုဆိုသည်။

NUG အစိုးရက လက်နက်များတပ်ဆင်ပေးအပ်နေစဉ်၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း
NUG အစိုးရက လက်နက်များတပ်ဆင်ပေးအပ်နေစဉ်၊ ဓာတ်ပုံ – နဂါးနီစစ်ကြောင်း

စစ်ကြောင်းမှူးများမှလည်း အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်စကား ပြန်လည်ပြောဆိုခဲ့သည်ဟု ဖော်ပြသည်။

နဂါးနီစစ်ကြောင်းသည် KNU တပ်မဟာ(၆) နယ်မြေတွင် တိုက်ပွဲဝင်နေသည့် စစ်ကြောင်းဖြစ်သည်။

အမျိုးသားညီညတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် KNUနယ်မြေရှိ စစ်ကြောင်းများအပါအဝင် ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်များအား လက်နက်တပ်ဆင်ဖြည့်တင်းမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

You May Also Like

သတင်း

လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများအား ဖိတ်ခေါ်ချက် ကို ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)နံနက်တွင် တရားဝင် ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း KIA အမှတ်(၆)တပ်မဟာ အမှတ်(၉)တပ်ရင်းနယ်မြေ ကုန်ရန်ကော်အနီးတစ်၀ိုက်တွင် ယနေ့ ဖေဖေါ်ဝါရီလ(၁၅)ရက် နံနက်ကစ၍ စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် KIA တပ်ရင်း(၉) တပ်များအား စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲဖြစ်နေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့တွင် People's Spring သတင်းဌာနသို့ပြောကြားထားသည်။

သတင်း

ဇန်နဝါရီ ၁၆ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ စင်ကာပူဟာ မြန်မာစစ်တပ်ရဲ့ စစ်လက်နက် ထုတ်လုပ်ရာ လုပ်ငန်းစုတွေကို သွယ်ဝိုက် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေရှိရာ နိုင်ငံတွေထဲက တစ်ခုလို့ ဖော်ပြထားပါတယ်။