Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းအမျိုးသားတစ်ရပ်လုံး စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ပူးပေါင်းပါဝင်ကြရန် CNF တိုက်တွန်း

ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည် ထောင်တည်ဆောက်ရေးကိုလည်း Stakeholder များနှင့်အတူ ဆက်လက် အကောင်အထည်ဖော်မည်ဟုလည်း ဖော်ပြသည်။

ချင်းအမျိုးသားတပ်ဦး(CNF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်
ချင်းအမျိုးသားတပ်ဦး(CNF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်

ပြည်တွင်း၊ ပြည်ပရှိ ချင်းအမျိုးသားတစ်ရပ်လုံး အနေဖြင့် ချင်းအမျိုးသားတပ်မတော် (CNA) နှင့်အတူ အာဏာရှင် ဆန့်ကျင်တော်လှန်ရေးတွင် မိမိတက်ကျွမ်းရာ ကဏ္ဍအသီးသီးမှ တတက်တအား ပူးပေါင်းပါဝင်ကြရန် CNFက တိုက်တွန်းနှိုးဆော်လိုက်သည်။

ဖေဖော်ဝါရီ ၂၀ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်ကို ယနေ့တွင် ထုတ်ပြန်ခဲ့ရာ အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး ချင်းအမျိုးသားနေ့ အား အမျိုးသားနိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပရန် ဖော်ပြထားသည်။

၂၀၂၁အလွန် အာဏာရှင်ဆန့်ကျင်တွန်းလှန်သည့် စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများသည် ပြည်သူ အခြေပြု ပြည်သူ့တော်လှန်ရေးဖြစ်သည်ဟု CNFက ဆိုသည်။

CNF/CNAအနေဖြင့် လက်ရှိဆင်နွှဲနေသော တော်လှန်ရေး စစ်ပွဲကို အမျိုးသားလွတ်မြောက်ရေး အောင်ပွဲအဖြစ် ခံယူလျက် နိုင်ငံရေးဦးတည်ချက် ယုံကြည်ချက်တူညီသော ညီနောင်လက်နက်ကိုင်မဟာမိတ်များ၊ အမျိုသားညီညွတ်ရေးအစိုးရ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်သည်။

ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည် ထောင်တည်ဆောက်ရေးကိုလည်း Stakeholder များနှင့်အတူ ဆက်လက် အကောင်အထည်ဖော်မည်ဟုလည်း ဖော်ပြသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ထူထောင်ရန် ရရာလက်နက် စွဲကိုင်ပြီး နွေဦးတော်လှန်ရေး အတွက် အသက်၊ သွေး၊ချွေး၊ အိုးအိမ်၊ စည်းစိမ်ပေါင်းများစွာ စတေးလျက် ခုခံတော်လှန်စစ်ဆင်နွှဲခဲ့ရာ နွေဦးတော်လှန်ရေး၌ သွေးမြေကျခဲ့သော အာဏာနည်များ၊ ဒဏ်ရာရ ရဲဘော်ရဲဘက်များအားလုံးအပေါ် လေးစားဂါရ၀ပြုကြောင်းလည်း CNFက ထုတ်ပြန်ခဲ့ပြီး လူမှုဒုက္ခပေါင်းစုံရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူအားလုံးအပေါ် လေးစား စာနာကြောင်း ဖော်ပြထားသည်။

You May Also Like

သတင်း

ရက္ခိုင့်တပ်တော်(AA) နှင့် အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်သည် စစ်တွေဘက်မှ ချင်းပြည် ပလက်၀နယ်သို့ သင်္ဘောအသုံးပြုပြီး အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

သတင်း

ဖေဖော်ဝါရီ ၁ရက်မှ ၁၁ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကို ထုတ်ပြန်ခဲ့ရာ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

သတင်း

အမေရိကန်၊ ဗြိတိန်၊ကနေဒါနဲ့ဩစတြေးလျတို့ကအာဏာသိမ်း စစ်ကောင်စီအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေကြောင့် စစ်အာဏာရှင်တွေက မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်တဲ့ စစ်ပွဲမျိုးဆင်နွှဲနိုင်မှုအပေါ်အကန့်အသတ်ဖြစ်စေလိမ့်မယ်လို့ CNFက အသိအမှတ် ပြုထားပါတယ်။

မေးမြန်းခန်း

စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်​တွေသေဆုံးမှုရှိခဲ့ပြီး လက်နက်မျိုးစုံ ၄၀ ကျော်ကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။