Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ဘေးရှောင်တွေအတွက်အရေးကြီးလိုအပ်ချက်တွေကို KNU ပြောခွင့်ရသူ ပြော

ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များအတွက် ကေအဲန်ယူခရိုင်အသီးသီးရှိ တာဝန်ရှိသူများက အစွမ်းကုန်စီစဉ်ဆောင်ရွက်ပေးနေသည်ဟု ကေအဲန်ယူ-ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်တွေအတွက်အရေးကြီးလိုအပ်ချက်တွေကို KNU ပြောခွင့်ရသူ ပြော
စစ်ဘေးရှောင်တွေအတွက်အရေးကြီးလိုအပ်ချက်တွေကို KNU ပြောခွင့်ရသူ ပြော

ကော်သူးလေအုပ်ချုပ်နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ(၅)သိန်းအထိ ရှိလာပြီး လူသားချင်းစာနာမှုအကူအညီများ အရေးတကြီးလိုအပ်နေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်(၂၀၂၃)ခုနှစ်အတွင်း၌ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု အခြေအနေသည် အရင်ကထက် ပိုမိုဆိုးရွားလာနေပြီး အရပ်သားပြည်သူလူထုအပေါ် စစ်တပ်ကပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုများ နေ့စဉ်ဆိုသလို လုပ်ဆောင်နေသောကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ဘေးရှောင်ဦးရေများ များပြားလာခဲ့ကြောင်း ကေအဲန်ယူ ပြောခွင့်ရသူ ပဒိုစောတောနီးက ဆိုသည်။

စစ်ဘေးရှောင်တွေအတွက်အရေးကြီးလိုအပ်ချက်တွေကို KNU ပြောခွင့်ရသူ ပြော
စစ်ဘေးရှောင်တွေအတွက်အရေးကြီးလိုအပ်ချက်တွေကို KNU ပြောခွင့်ရသူ ပြော

” ဘာဖြစ်လည်းဆိုတော့ စစ်ကောင်စီကလည်းပဲ နေ့ရှိသရွေ့ လူထုကိုပဲ ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်နေတဲ့အခါကျတော့ လူထုတွေက ပြေးလွားတိမ်းရှောင်နေရတယ်ဆိုတာတော့ လုံး၀သံသယမရှိပါဘူး။ အဲ့ဒါကြောင့်မို့လို့ ပြေးလွားနေရတဲ့ဦးရေတွေ များလာတယ်ဆိုတာ အဲ့ဒါဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များအတွက် ကေအဲန်ယူခရိုင်အသီးသီးရှိ တာဝန်ရှိသူများက အစွမ်းကုန်စီစဉ်ဆောင်ရွက်ပေးနေသည်ဟု ကေအဲန်ယူ-ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

” အရေးပေါ်အကူအညီတွေ ဒီထက်ပိုများများရနိုင်ဖို့က သိပ်အင်မတန်အရေးကြီးတဲ့ အချိန်အခါဖြစ်နေပါတယ်။ ဖြစ်နေတဲ့ကိစ္စက ကျွန်တော်တို့နယ်မြေတစ်ခုတည်းမှာ မဟုတ်ပါဘူး။ တစ်တိုင်းတစ်ပြည်လုံးမှာ ဒီလိုဖြစ်နေတဲ့အခါကျတော့ အနည်းဆုံးအားဖြင့် တစ်တိုင်းပြည်လုံးဆို (၂)သန်းထက်မလျော့တော့ဘူးဆိုတာ ကျွန်တော်သေချာပြောရဲပါတယ် ဒီနေ့ဒီအချိန်ခါမှာ။ အဲ့ဒါမို့လို့ ဒီစစ်ရှောင်တွေရဲ့ လိုအပ်တဲ့အရေးပေါ်ကူညီမှုက အင်မတံမှပဲ အရေးတကြီးဖြစ်နေပါပြီဆိုတာ ပြောလို့ရပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

စစ်ဘေးရှောင်တွေအတွက်အရေးကြီးလိုအပ်ချက်တွေကို KNU ပြောခွင့်ရသူ ပြော
စစ်ဘေးရှောင်တွေအတွက်အရေးကြီးလိုအပ်ချက်တွေကို KNU ပြောခွင့်ရသူ ပြော

ကရင်စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် ကရင်လူမှုအဖွဲ့အစည်းများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်၏ စစ်ရေးလုပ်ဆောင်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်မှုများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အရပ်သားပြည်သူလူထုများ ဒုက္ခများစွာရင်ဆိုင်ကြုံတွေ့နေကြရသလို ထွက်ပြေးတိမ်းရှောင်နေရသည့်ဦးရေကလည်း ပိုမိုများပြားလာကာ ဆေးဝါး၊ စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်လျက်ရှိနေသည်ဟု သိရသည်။

“အဓိကလိုအပ်တာတော့ ငှက်ဖျားဆေး။ ရိက္ခာအခက်အခဲရှိတယ်။ သူတို့မှာ အနွေးထည်တွေစောင်တွေကအစတောင် မလုံလောက်ကြဘူး။ နေရာထိုင်ခင်းတွေကလည်းပဲ အလျဉ်းသင့်သလိုပဲနေကြရတာ။ ကလေးသူငယ်အများစုက ယားနာတွေပေါက်ကြတယ်။ ပြီးတော့ ငှက်ဖျားတွေဖြစ်ကြတယ်။ ကလေးအများစုမှာ ဖြစ်နေတဲ့ကိစ္စပေါ့နော်။ အမျိုးသမီးတွေမှာလည်းပဲ သူတို့နေထိုင်စားသောက်ရတာတွေ အာဟာရမပြည့်တာလည်းပါမယ်၊ ဖျားကြနာကြတာရှိတယ်” ဟု ကေအဲန်ယူ-တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်ပြီး စစ်ရှောင်အရေးကူညီလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်တွေအတွက်အရေးကြီးလိုအပ်ချက်တွေကို KNU ပြောခွင့်ရသူ ပြော
စစ်ဘေးရှောင်တွေအတွက်အရေးကြီးလိုအပ်ချက်တွေကို KNU ပြောခွင့်ရသူ ပြော

ယခုနှစ် (၂၀၂၃)ခုနှစ် ဇန်နဝါရီလအတွင်း ကော်သူးလေနယ်မြေ၌ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူလူထုနေထိုင်ရာ ကျေးရွာနှင့် လယ်ယာလုပ်ငန်းခွင်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်သောကြောင့် ကလေးငယ်များအပါအဝင် အရပ်သား(၁၇)ဦးခန့် သေဆုံးခဲ့ရပြီး (၅၀)နီးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်း၊ ဆေးရုံ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနှင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်သည်။

Facebook

You May Also Like

သတင်း

KNU တပ်မဟာ(၁)နယ်မြေရှိ သထုံ- ဘီးလင်း- ကျိုက်ထို လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

သတင်း

ဖေဖော်ဝါရီ ၁ရက်မှ ၁၅ရက်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၂၈ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။

သတင်း

စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုသည် လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်တင်းစွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ဖော်ပြသည်။

သတင်း

နွေဦးတော်လှန်ရေး၏ ၂နှစ်ကျော်ကာလအတွင်း အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို ဂုဏ်ပြုကြောင်းလည်း ဒုစစ်ဒေသမှူးက ပြောသည်။