Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNLA ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် ပျက်စီးသည့်ကားများဆွဲရန်လာသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ဟု HRS အသိပေး

KNU တပ်မဟာ(၁)နယ်မြေရှိ သထုံ- ဘီးလင်း- ကျိုက်ထို လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

Hawk Revolutionary Squad(HRS) ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - HRS
Hawk Revolutionary Squad(HRS) ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - HRS

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ဘီးလင်းနှင့်သထုံကြား၌ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ပြီး ပျက်စီးသည့် ကားများလာဆွဲသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သည်ဟု Hawk Revolutionary Squad(HRS) ဒရုန်းတပ်ဖွဲ့က ယမန်နေ့ညပိုင်း၌ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၉ရက်က စစ်ကောင်စီယာဉ်တန်းကို သထုံနှင့် ဘီးလင်းမြို့ကြား ကမာစိုင်ရွာသစ်အနီးတွင် ပူးပေါင်းတပ်ဖွဲ့က မိုင်း သုံးလုံးဆွဲ တိုက်ခိုက်ခဲ့သည့်အပြင် (၄၀)မမ ဗုံးသီး ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု HRSက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ခုနစ်ဦးသေ၊ လေးဦးဒဏ်ရာရပြီး ကား သုံးစီး ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ခိုက်ခံရ၍ ပျက်စီးသွားသည့် ယာဉ်များကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၀ရက် နံနက်တွင် လာရောက်ဆွဲယူရာ ဒရုန်းဖြင့် ထပ်မံစောင့်ကြို တိုက်ခိုက်ခဲ့သည်ဟု HRSက ထုတ်ပြန်သည်။ ဗုံးသီး ရှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုကို အတည်မပြုနိုင်သေးဟု ဖော်ပြသည်။

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်းလည်း HRSက ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်မြေခံ KNLA တပ်တာဝန်ရှိသူအချို့အား မေးမြန်းရန် ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

KNU တပ်မဟာ(၁)နယ်မြေရှိ သထုံ- ဘီးလင်း- ကျိုက်ထို လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

Facebook

You May Also Like

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၂ဝ ရက်)ည ၇ နာရီခန့်က ငါန်းဇွန်မြို့နယ် သားကျင်ရွာ(အ.ထ.က) ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်၏ ကင်းပတ်ထွက်ချိန် ဒေသတွင်း PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၁၈ရက်ညပိုင်းက တပ်မဟာ(၃)၊ မူးမြို့နယ်၊ တုံးတောကျေးရွာတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်က ကျွန်းတောကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နေအိမ် တစ်လုံးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

သတင်း

ကျောက်မဲမြို့နယ်ဟာ TNLA လှုပ်ရှားရာနယ်မြေဖြစ်ပြီး အဲဒီဒေသထဲ စစ်ကောင်စီစစ်ကြောင်းဝင်လာ လို့တိုက်ပွဲဖြစ်တာလို့ TNLA ဘက်ကဆိုထားပါတယ်။

သတင်း

စစ်ကောင်စီတပ်သားနှစ်ဦးသည် MA-3 သေနတ် ၂လက်၊ ကျည် ၆၇၄တောင့် ၊ ကျည်အိမ် ၉ခု၊ လက်ပစ်ဗုံး လေးလုံးနှင့် (၆၀)မမ ဗုံးသီး သုံးခုတို့ကို CDF-ဟားခါးထံ အပ်နှံခဲ့သည်။