Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲလုံး၀မရှိခဲ့သည့် KNU တပ်မဟာ(၇) နယ်မြေ၌ စစ်ကောင်စီတပ်ရိက္ခာပို့ယာဉ် မိုင်းထိ

KNUနှင့် စစ်ကောင်စီတပ်တို့ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ထောင်ချီဖြစ်ခဲ့သော်လည်း KNU တပ်မဟာ(၇)နယ်မြေ၌ တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိခဲ့ပေ။

KNU တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNU တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️စစ်ကောင်စီတပ်က သတ်မှတ်နယ်မြေကျော်လွန်လာ၍ လုံခြုံရေးအရ ထောင်သည့်မိုင်းထိခြင်းဖြစ်နိုင်ဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇) ဖားအံခရိုင်အတွင်း၌ စစ်ကောင်စီယာဉ်တန်း မိုင်းထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်ရှိခဲသည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၂၃ရက်က စစ်ကောင်စီ၏ ရိက္ခာပို့ ယာဉ်တန်းသည် မာနယ်ပလောဒေသ၌ မိုင်းထိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“သူတို့ပြောတာ တစ်ယောက် သေတယ်။ နှစ်ယောက်ဒဏ်ရာရတယ်ပြောတယ်။ မတော်ဆပဲဖြစ်တာ။ အဲဒီမှာကကိုယ့်လူက လုံခြုံရေးထောင်ထားတဲ့သဘောပေါ့။ သူ့ကားက ကျွံသွားတဲ့သဘောပေါ့။ ပစ်တာခတ်တာမရှိဘူး။ သူတို့က ကားလမ်းအတိုင်းပဲလာတယ်ဆိုဘာမှ မဖြစ်ဘူး။ ကျနော်ထင်တာ ။ သတ်မှတ်ထားတဲ့နယ်ကျော်လို့ ဖြစ်တဲ့သဘောပေါ့။တကယ်လို့သာပစ်မယ်ဆိုရင် ထိထက်ပိုထိမှာ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

KNUနှင့် စစ်ကောင်စီတပ်တို့ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ထောင်ချီဖြစ်ခဲ့သော်လည်း KNU တပ်မဟာ(၇)နယ်မြေ၌ တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိခဲ့ပေ။

“ဒီဘက် ကျနော်တို့လူတွေကလည်း လည်း တိုက်ပွဲမဖော်ဘူးလေ။ တပ်မဟာ(၇)တစ်ဂွင်ပေါ့။အဲဒီနေရာက တိုက်ပွဲဖော်တဲ့နေရာမဟုတ်ဘူး။ တပ်မဟာ(၇)က လက်ရှိ အခြေအနေအရ တိုက်ပွဲမဖြစ်အောင်ထိန်းထားတဲ့သဘောပေါ့နော်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNU ခရိုင်နှင့်တပ်မဟာ ခုနစ်ခုရှိသည့်အနက် တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ(၄)၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၆) နယ်မြေများ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အာဏာသိမ်းပြီးနောက် တိုက်ပွဲပေါင်း ၈ထောင်ကျော်ရှိခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ယနေ့တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပကဖ)နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ၂ နာရီကျော်က မန္တလေးတိုင်း‌၊ စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာရဲစခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ကြိမ်တိုင် ဗုံးသီးကြဲချခဲ့ရာ ရဲစခန်းအဆောက် အဦး၏ အတွင်းသို့ကျရောက်ခဲ့သဖြင့် ရဲများက ဘေးပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဗိုလ်ကောင်းကင်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)က အသိပေးသည်။

သတင်း

ပဒိုစောအယ်နာဒိုကို မေးမြန်းထားသည့်အင်တာဗျူးကို Salween Pressသတင်းဌာနက ယနေ့ ဖော်ပြခဲ့ရာ ပဒိုစောအယ်နာဒိုကဒေသတွင်းအခြေအနေများနှင့် ပဋပက္ခ ဖြစ်ပွားနေမှုများနှင့်ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

ယခုလ တတိယပတ်အတွင်း ကရင်နီပြည်နယ်ရှိ ဖရူဆို၊ရှားတော၊ ဒီးမော့ဆိုနှင့် ရှမ်း - ကရင်နီဒေသအစပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားသည်။