Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ကိုရီးယားမြန်မာများထည့်ဝင်သည့် One Day Challenge လှုပ်ရှားမှုမှ NUG ကို ကန်ဒေါ်လာ ၁.၆ သန်းကျော်ပေးပို့လှူဒါန်း

လက်ရှိတွင် One Day Challenge အဖွဲ့ဝင်ပေါင်း ၁၃၄၂ ဦးရှိပြီး ယင်းအဖွဲ့ဝင်များက ၎င်းတို့၏ လစဥ်ထည့်ဝင်ငွေ ကိုရီးယားဝမ်ငွေ ၁၂၅,၇၆၀,၀၀၀ ကို NUG အား ထောက်ပံ့နေခြင်းဖြစ်သည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေးကော်မတီ-ကိုရီးယား၏ဆန္ဒပြပွဲနှင့် One Day Challenge အဖွဲ့ဝင်များ၏ ​​နွေဦး​တော်လှန်​ရေးအတွက် ၁၅ ကြိမ်​မြောက် ​ဒေါ်လာ၁ သိန်းကူညီ​ပေးအပ်မှုအတွက်ဂုဏ်ပြုမှတ်တမ်းလွှာ။ ဓါတ်ပုံ- JDCKOR)

တောင်ကိုရီးယားရောက်မြန်မာများထည့်ဝင်သည့် One Day Challenge လှုပ်ရှားမှုမှ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အမေရိကန်ဒေါ်လာ ၁.၆ သန််းကျော်(ဝမ် ၂,၁၈၇,၃၈၆,၆၂၅)ပေးပို့လှူဒါန်းပြီးဖြစ်ကြောင်း One Day Challenge တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

လက်ရှိတွင် One Day Challenge အဖွဲ့ဝင်ပေါင်း ၁၃၄၂ ဦးရှိပြီး ယင်းအဖွဲ့ဝင်များက ၎င်းတို့၏ လစဥ်ထည့်ဝင်ငွေ ကိုရီးယားဝမ်ငွေ ၁၂၅,၇၆၀,၀၀၀ ကို NUG အား ထောက်ပံ့နေခြင်းဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးကော်မတီ-ကိုရီးယား၏ ဖေဖော်ဝါရီ ၂၃ ရက်ထုတ်ပြန််ချက််အရ ၂၀၂၁ သြဂုတ်မှ ၂၀၂၃ ဖေဖော််ဝါရီအထိ One Day Challenge လှုပ်ရှားမှုရန််ပုံငွေများအနက််မှ လစဥ်် အမေရိကန်ဒေါ်လာ တစ်သိန်းနှင့်ညီမျှသော ဝမ််ငွေကို NUG ထံ ပေးပို့လာရာ ထုတ််ပြန်််သည့်နေ့အထိ စုစုပေါင််း ဒေါ်လာ ၁၅ သိန်း(၁.၅သန်း)ကို ပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

One Day Challenge လှုပ်ရှားမှုတွင် ပါဝင်သည့် တောင်ကိုရီးယားရောက်မြန်မာများက ၎င်းတို့ လစာ၏ တစ်ရက်စာဝင်ငွေကို လက်ရှိမြန််မာ့နွေဦးတော်လှန််ရေးအတွက် လစဥ်ထည့်ဝင်ခြင်းဖြစ်ပြီး One Day Challenge အဖွဲ့များကို အထူးလေးစားဂုဏ်ယူ ဦးညွှတ်ကြောင်းတာ၀န်ရှိသူကပြောသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေးကော်မတီ-ကိုရီးယား၏ဆန္ဒပြပွဲနှင့် One Day Challenge အဖွဲ့ဝင်များ၏ ​​နွေဦး​တော်လှန်​ရေးအတွက် ၁၅ ကြိမ်​မြောက် ​ဒေါ်လာ၁ သိန်းကူညီ​ပေးအပ်မှုအတွက်ဂုဏ်ပြုမှတ်တမ်းလွှာ။ ဓါတ်ပုံ- JDCKOR)
(စစ်အာဏာရှင်ဆန့်ကျင်ရေးကော်မတီ-ကိုရီးယား၏ဆန္ဒပြပွဲနှင့် One Day Challenge အဖွဲ့ဝင်များ၏ ​​နွေဦး​တော်လှန်​ရေးအတွက် ၁၅ ကြိမ်​မြောက် ​ဒေါ်လာ၁ သိန်းကူညီ​ပေးအပ်မှုအတွက်ဂုဏ်ပြုမှတ်တမ်းလွှာ။ ဓါတ်ပုံ- JDCKOR)

“နွေဦးတော်လှန်ရေးမှာ NUGဟာ နိုင်ငံရေးအရ၊ လက်တွေ့ အာဏာကျင့်သုံးရေးအရ အင်အားတောင့်တင်းခိုင်မာလျက် အစိုးရယန္တရား လည်ပတ်နေနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အစိုးရယန္တရား လည်ပတ်ရေးအတွက် နိုင်ငံသားများက ထောက်ပံ့တဲ့ ဘဏ္ဍာရန်ပုံငွေ ရရှိရေးမှာလည်း ထပ်တူ အရေးကြီးပါတယ်။ နိုင်ငံသားတိုင်းက ထောက်ပံ့တဲ့ ဘဏ္ဍာရန်ပုံငွေကို တော်လှန်ရေးရဲ့ အဓိကကျတဲ့ ကဏ္ဍများအတွက် NUGအစိုးရရဲ့ အစီအမံနဲ့ စီမံခွဲဝေ အသုံးပြုနိုင်မှသာ တော်လှန်ရေးအတွက် ထိရောက်အကျိုးရှိမှာဖြစ်တာကြောင့် နိုင်ငံသားတိုင်းက NUG ကို ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့တဲ့ One Day Challenge လှုပ်ရှားမှုမှာ ဇွဲသန်စွာနဲ့ ပါဝင်ကာ စစ်အာဏာရှင်ကို ရွပ်ရွပ်ချွံချွံတော်လှန်နေကြတဲ့ One Day Challenge မန်ဘာဝင်များကို အထူးပဲ လေးစားဂုဏ်ယူ ဦးညွတ်ပါတယ်” ဟု ၎င်းကဆက်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလသည် လစဉ် One Day Challenge ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းကို ကောင်းစွာ လက်ခံရရှိကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုလွှာများကို ဖေ‌ဖော်ဝါရီ ၂၃ ရက််တွင် ၁၅ ကြိမ်မြောက် ပေးပို့ခဲ့ကြောင်းသိရသည်။

NUG သည် One Day Challenge ထောက်ပံ့ငွေကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ဒေသန္တရအုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နယ်မြေစိုးမိုးရေး ကိစ္စရပ်များအတွက် သုံးစွဲလျှက် ရှိကြောင်းထုတ်ပြန်ကြေညာထားသည််။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ကလည်းOne Day Challenge ထောက်ပံ့ငွေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ နယ်မြေစိုးမိုးရေး မဟာဗျူဟာ စီမံချက် အောင်မြင်နိုင်စေရေးအတွက် အကြမ်းဖက်စစ်တပ်ကို ရှေ့တန်းကနေ ဖိအားကောင်းစွာပေးကာ တော်လှန်တိုက်ပွဲဝင်နေသော တပ်ဦးခံတပ်ဖြစ်သည့် အထူးတပ်ဖွဲ့သို့ အမေရိကန် ဒေါ်လာ ၃ သောင်း (၅၉၄သိန်းကျပ်)တန်ဖိုးရှိ ကျည်အရေအတွက် (၁၃,၅၀၀)‌အား ထောက်ပံ့ခဲ့ပြီး ဥကရစ်ထ စခမ်းသိမ်း တိုက်ပွဲအတွက် ဘတ်တစ်သန်းနှင့် မြေပြင်PDF, LPDF, UGအဖွဲ့ (၁၂၉)ဖွဲ့သို့ကျပ်(၂,၃၄၀)သိန်းကို “NUGအစိုးရ၏ ထောက်ပံ့ ကူညီငွေ” အဖြစ် ထောက်ပံ့ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

One Day Challenge တာ၀န်ရှိသူက “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် စစ်စစ်ဆိုတဲ့ လားရာ ပန်းတိုင် ညီတူကြတာမို့ လားရာမလွဲစေတဲ့ မတူကွဲပြား ခြားနားမှုတွေကို ထွေးပွေ့ပိုက်ပြီး ချီတက်နိုင်တဲ့ တော်လှန်ရေးသမားတွေအဖြစ်နဲ့ အာဏာရှင်ကို အဆုံးသတ် အမြစ်ဖြတ်ကြပါစို့” ဟုတိုက်တွန်းသည်။

You May Also Like

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ် ၈ခုက CDM တက္ကသိုလ် ဆရာ၊ ဆရာမများပူးပေါင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်မှတဆင့် ပညာရပ်စုံ တက္ကသိုလ်ကို တည်ထောင်ထားခြင်းဖြစ်သည်။

သတင်း

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Türk သည် ဝန််ကြီးဦးအောင်မျိုးမင်းကို ဖေဖော်ဝါရီ ၂၃ ရက််တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာရှိ ၎င်း၏ရုံးခန်း၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို ရင်််းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင််ခဲ့ကြောင်း သိိရသည််။

သတင်း

လုပ်ကြံခံရသူသည် ဝဲဘက်ပေါင်၌ ထိုးဖောက် ဒဏ်ရရခဲ့ပြီး ၎င်းစီးလာသော ဆိုင်ကယ်ကိုလည်း လက်နက်ကျည် အချက်ပေါင်းများစွာ ထိမှန်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ

လက်ရှိ အချိန်မှာတော့ မြောက်ကိုရီးယား စစ်တပ်ဟာ သတ္တမ အကြိမ်မြောက် နျူကလီးယားလက်နက် စမ်းသပ်ဖို့အတွက် ပွန်ဂျီရီမှာ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးတွေ၊ စောင့်ကြည့်လေ့လာသူတွေက ယုံကြည်နေကြပါတယ်။