Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဖေဖော်ဝါရီ ၂၇ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ရှားတောမှာ ရိက္ခာပို့ဆောင်တဲ့ စစ်ကောင်စီယာဥ်တန်းကို ကရင်နီပူးပေါင်းတပ် ကြားဖြတ််တိုက်

ကရင်နီပြည်နယ် ရှားတောမြို့ဗျူဟာကုန်းသို့ ရိက္ခာပို့ဆောင်တဲ့ စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC က ပြောပါတယ်။ မနေ့မနက်အစောပိုင်းကရှားတောမြို့ရဲ့ အရှေ့ဖက်(၉)မိုင်ခန့်အကွာရှိ သံလွင်မြစ်ကမ်းခြေ တာတမောစခန်းမှ ရှားတောမြို့ဗျူဟာကုန်းသို့ ပြည်သူပိုင်မော်တော်ယာဉ်ငယ်များနဲ့ သယ်ဆောင်နေစဉ် ကရင်နီတပ်မတော်(KA) နဲ့ ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ကားတစ်လုံး ပျက်ဆီးသွားပြီး ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးစလုံး သေဆုံးခဲ့တယ််လို့ KA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ််ကူကြောင့် KA စစ်သည်တစ်ဦး ခြေသလုံးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကရင်နီတပ်မတော်(KA)ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်ရန်ချိန်ရွယ်နေစဥ်၊
ကရင်နီတပ်မတော်(KA)ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်ရန်ချိန်ရွယ်နေစဥ်၊

▪︎CDMများရဲ့ ဆန္ဒကိုထည့်သွင်းစဉ်းစားပြီး အကူအညီများရရေးကြိုးပမ်းဖို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အာဏာဖီဆန်ရေးလှုပ်ရှားမှ(CDM) မူဝါဒ အသက်ဝင်အောင်လုပ်ဆောင်ဖို့နဲ့ CDMများရဲ့ ဆန္ဒကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ကျင်းပတဲ့ CDM အောင်မြင်ရေးကော်မတီအစည်းအဝေးမှာ ပြောပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ နွေဦးတော်လှန်ရေးကြီးကို အရှိန်အမြင့်ဆုံးရောက်ရှိသွားပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုရရှိနိုင်ခဲ့သည်အထိ တော်လှန်ရေးကိုအားကောင်းအောင်မောင်းနှင်ပေးခဲ့ကြောင်း၊ CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ဒီနေ့အထိ အားမလျှော့စတမ်း တိုက်ပွဲနေတဲ့ CDMများဟာ နိုင်ငံ့ဂုဏ်ဆောင်များဖြစ်ပြီး လေးစားချီးကျူးထိုက်သူများ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကော်မတီအနေနဲ့ CDMဆိုင်ရာ အထောက်ပံ့ကူညီရေးအစီအစဉ်များ၊ လုံခြုံရေး၊ လှုမှုရေး၊ လေ့လာသင်ယူမှု မရပ်တန့် စေရေးစီမံကိန်းများ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အားဖြည့်အကူအညီပေးရေး အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ပေမယ့် လိုအပ်ချက်များ အကန့်အသတ်များ ရှိနေဆဲဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဝန်ထမ်းများ CDM လှုပ်ရှားမှုပါဝင်ကြရန် ရန်ကုန်မြို့၌ လှုံ့ဆော်ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - CJ
စစ်တပ်က အာဏာသိမ်းပြီးနောက် ဝန်ထမ်းများ CDM လှုပ်ရှားမှုပါဝင်ကြရန် ရန်ကုန်မြို့၌ လှုံ့ဆော်ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ – CJ

▪︎သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံမှာ မြန်မာပြည်သူတွေနဲ့တူ ရပ်တည်ခဲ့မှုကို NUG နိုင်ငံခြားရေးဝန်ကြီး ချီးကျူးဂုဏ်ပြု

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေနဲ့အတူ အတူရပ်တည်ကြောင်း အထွေထွေညီလာခံ UNGAမှာ ရဲဝံ့စွာထုတ်ဖော်ပြောကြားခဲ့မှုမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အလွန််အရေးပါတဲ့ အခိုက်အတံံ့ဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဂုဏ််ပြုချီးကျူးပါတယ်။ လွန််ခဲ့တဲ့၂ နှစ်် (၂၀၂၁ ဖေဖော်ဝါရီ ၂၆)က သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ ရဲဝံ့သောရပ်တည်ချက်ဟာတော်လှန်ရေးသမိုင်းစာမျက်နှာထက်မှာ မော်ကွန်းဝင်နေပြီလို့ ဝန််ကြီး ဒေါ်ဇင်မာအောင်က ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာ ရေးသားပါတယ်။ နောက်ပြီး မြန်မာပြည်သူများနဲ့ နွေဦးတော်လှန်ရေးအတွက်ရဲဝံ့စွာရပ်တည်ခဲ့တဲ့၊ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများကို ကိုယ်စားပြုလျက် ၊ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို လေးစားစွာဂုဏ်ပြုတယ်လို့ ဆက်လက််ဖော်ပြပါတယ်။

လွန်ခဲ့သည့် ၂ နှစ်က သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံ၌ မြန််မာပြည််သူများနှင့်အတူ ရပ်တည်ခဲ့မှုကို NUG နိုင်ငံခြားရေးဝန်ကြီး ချီးကျူးဂုဏ်ပြု
လွန်ခဲ့သည့် ၂ နှစ်က သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံ၌ မြန််မာပြည််သူများနှင့်အတူ ရပ်တည်ခဲ့မှုကို NUG နိုင်ငံခြားရေးဝန်ကြီး ချီးကျူးဂုဏ်ပြု

▪︎စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရခိုင်ခရီးစဥ်ကို AA စောင့်ကြည့်နေ

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် ရခိုင်ပြည်နယ်သို့လာရောက်မှုကို သိရှိထားပြီးစောင့်ကြည့်နေတယ်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။ မင်းအောင်လှိုင် ရခိုင်သို့ရောက်ရှိနေချိန် ဒီနေ့ ပြုလုပ်တဲ့ AAရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး မင်းအောင်လှိုင် ရခိုင်ပြည်ကို လာရောက်တဲ့အတွက် ရခိုင်ပြည်သူတွေအတွက် တစုံတရာအကျိုးရှိတယ်၊ အထူးသဖြင့် ရခိုင်ပြည်မှာ လက်ရှိပိတ်ဆို့ကတ်သတ်ထားတာတွေကို ဖြေလျှော့ပေးလာတယ် သို့မဟုတ် ရခိုင်ပြည်သူတွေရဲ့ဘ၀ ပြန်လည်ထူထောင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်တစုံတရာ အထောက်အပံ့ဖြစ်တဲ့ ကိစ္စမျိုးကို ဦးတည်ပြီး လာရောက်တွေ့ဆုံတာမျိုးဆို AA အနေနဲ့ အထွေအထူးပြောဖို့မရှိကြောင်း ဦးခိုင်သုခက ပြောပါတယ်။

▪︎စမ်းချောင်းမှာ ဓားဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အမျိုးသားနဲ့ ဒဏ်ရာရထားတဲ့ အမျိုးသမီး‌တစ်ဦးတွေ့

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုမှာ ဓားဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးနဲ့ ဓားဒဏ်ရာရရှိထားတဲဲ့ အမျိုးသမီးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ညပိုင်းကရဲစခန်းကအကြောင်းကြားလို့သွားရောက်ခဲ့တာဖြစ််ပြီးရောက်ရှိချိန်မှာအမျိုးသားကတော့ သေဆုံးနေပြီလို့ ဆိုပါတယ််။ ဖြစ်စဥ် အသေးစိတ်မသိရသေးပေမယ့် သေဆုံးသူအမျိုးသားမှာ ဓာတ်ပုံဆရာဖြစ်ပြီး အမျိုးသမီးမှာ မော်ဒယ်ဖြစ်တယ်လို့ သိရပါတယ်။

လူမှုကူညီရေးအသင်းမှ လာရောက်သယ်ဆောင်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - ရဲသူရိန်
လူမှုကူညီရေးအသင်းမှ လာရောက်သယ်ဆောင်နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – ရဲသူရိန်

▪︎မြင်းမူမြို့နယ်ရှိ ပဒတ္ထိုင်းရွာကို စစ်ကောင်စီတပ် မီးရှို့၊ နေအိမ် ၆၅ လုံးပြာကျ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၆၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ််လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီီ ၂၅ ရက်က အရာတော်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း PDF အဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ််။ စစ်ကောင်စီတပ်ဟာ မြင်းမူနယ်ဘက်သို့ပါ ကူးလာခဲ့ရာ ပဒတ္ထိုင်းရွာကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့ပြီး အိမ် ၆၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။ တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပဒတ္ထိုင်းရွာမှာစစ်ကောင်စီတပ်သားနှစ်ဦးအလောင်းကိုတွေ့ရှိခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

▪︎ဝေါမြို့ပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို PDFတိုက်ခိုက် သုံးဦးသေ၊ လေးဦးဒဏ်ရာပြင်းထန်ဟုဆို

ပဲခူးတိုင်း၊ ဝေါမြို့ပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဝေါမြို့နယ် ပ.က.ဖ မှ တော်လှန်ရေးရဲဘော်များက ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် မနေ့ညပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲက ဒီနေ့ထုတ်ပြန်ပါတယ််။ ဝေါမြို့ ဘုရားပျိုရွာထိပ်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ စောင့်ကြပ်လျှက်ရှိတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဝေါမြို့နယ် ပ.က.ဖ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် စစ်ဆေးရေးဂိတ်မှာ ရှိနေတဲ့ ရာအိမ်မှူးတစ်ဦး၊ မီးသတ်ဝန်ထမ်းနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး၊ ဒုရဲအုပ်တစ်ဦးနဲ့ ပျူစောထီးနှစ်ဦးတို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲက ဆိုပါတယ်။

(​ဝေါ ပကဖ တပ်ဖွဲ့ဝင်အချို့။ဓါတ်ပုံ-Bago Region PDF)
(​ဝေါ ပကဖ တပ်ဖွဲ့ဝင်အချို့။ဓါတ်ပုံ-Bago Region PDF)

▪︎စစ်ရှောင်နဲ့ မီးဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ခဲ့တယ်လို့ ဂန့်ဂေါ (ပအဖ) အသိပေး

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ ရန်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတဲဲ့ ပြည်သူများနဲ့ စစ်ကောင်စီတပ်မီးရှို့လို့ နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူများကို ဆန်၊ ဆီနဲ့ ငွေကြေး ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။ အခု ဖေဖော်ဝါရီအတွင်း ဂန့်ဂေါမြို့နယ် ကုက္ကားကျေးရွာမှ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ပြည်သူအိမ်ထောင်စု (၃၂)စုအတွက် တစ်အိမ် ထောင်လျှင် ဆန် ခြောက်ပြည်၊ ဆီ ၅၀ ကျပ်သား စုစုပေါင်း ဆန် (၁၂)တင်း၊ ဆီ (၁၆)ပိဿာ ကိုပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီလက်ချက်ကြောင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရတဲ့ရဲလှကျေးရွာ အိမ်ထောင်စု သုံးစုအတွက် တစ်အိမ်လျှင် ငါးသောင်းကျပ်စီ ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Facebook

You May Also Like