Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတိုင်းရင်းသားအဆို​တော်​တွေသီဆိုတဲ့သီချင်းယူကျုမှာ​ရေပန်းစား​လာ

ဒီသီချင်းကို ဖေဖော်ဝါရီ ၃ ရက်က လူသုံးသောင်းခွဲကျော် Subscribe လုပ်ထားတဲ့ Chin Tube You Tube Channel မှာတင်ခဲ့တာဖြစ်ပြီး သုံးပါတ်​ကျော်အကြာမှာ ကြည့်ရှုသူတစ်သန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။

(Chinlung Chauk Artist အဖွဲ့ရဲ့ We Are The World Cover Song ကို Youtuber​တွေက ပြန်လည်တင်ဆက်ထားကြမှု)
(Chinlung Chauk Artist အဖွဲ့ရဲ့ We Are The World Cover Song ကို Youtuber​တွေက ပြန်လည်တင်ဆက်ထားကြမှု)

▪︎သုံးပါတ်​ကျော်အတွင်းကြည့်ရှုသူတစ်သန်း​ကျော်လာပြီး၊ နိူင်ငံတကာက Youtuber​တွေချီးကျူး​​နေ

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှု​တွေကို​နေ့စဥ်ရင်ဆိုင်​နေရတဲ့မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ကမ္ဘာကသိစေဖို့ ရည်ရွယ်သီဆိုထားတဲ့ Chinlung Chauk Artist အဖွဲ့ရဲ့ We Are The World Cover Song က Youtuber တွေကြားထဲမှာ ရေပန်းစားနေပါတယ်။

ဒီသီချင်းကို ဖေဖော်ဝါရီ ၃ ရက်က လူသုံးသောင်းခွဲကျော် Subscribe လုပ်ထားတဲ့ Chin Tube You Tube Channel မှာတင်ခဲ့တာဖြစ်ပြီး သုံးပါတ်​ကျော်အကြာမှာ ကြည့်ရှုသူတစ်သန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။

ဒီသီချင်းကို သီဆိုတဲ့ Chinland Chauk Artist အဖွဲ့မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကိုရောက်နေတဲ့ ချင်းတိုင်းရင်းသားအဆိုတော်တွေနဲ့ မီဇိုရမ်ရဲ့ နာမည်ကြီး အနုပညာရှင်တွေ စုစု​ပေါင်း ၂၅ ဦးကပါဝင်သီဆိုထားတာဖြစ်ပါတယ်။​သီချင်းကိုCoda Band က​နေတီးခတ်​ပေးထားတာဖြစ်ပါတယ်။ချင်းအဆို​တော်​တွေထဲမှာ Myanmar Idol ပြိုင်ပွဲက​နေနာမည်ကြီးလာတဲ့ ဘင်ဂျမင်ဆန်လည်းပါဝင်ပါတယ်။

Chinlung Chauk Artist အဖွဲ့ကပြန်ဆိုရာမှာ စစ်​ကောင်စီတပ်က ​လေ​ကြောင်းက​နေအကြမ်းဖက်တိုက်ခိုက်​နေမှု​တွေ ၊ ပြည်သူ​တွေသတ်ဖြတ်ခံ​နေရတာ၊ ဖမ်းဆီးခံ​နေရတာ၊ထွက်​ပြေးတိမ်း​ရှောင်​နေရတာ စတဲ့စစ်တပ်ရဲ့ အကြမ်း

ဖက်မှု​တွေကိုပုံ​ဖော်သီဆိုထားကြတာဖြစ်ပါတယ်။ ဒါ​ကြောင့် တရားမျှတမှုနဲ့ ဒီမိုက​ရေစီအတွက် တိုက်ပွဲဝင်​နေကြတဲ့ မြန်မာပြည်သူ​တွေအတွက် ကမ္ဘာကြီးက ကူညီ​ပေးကြဖို့လည်း​တောင်းဆိုထားတာကိုလည်း​တွေ့ရပါတယ်။ သီချင်းကို You Tube မှာ Chin tube က​နေတစ်ဆင့်အလွယ်တစ်ကူရှာ​နားဆင်ကြည့်ရှုလို့ရပါတယ်။

YouTubeက သီချင်းတွေကို Review လုပ်တဲ့နိုင်ငံတကာကသီချင်း​ဝေဖန်သူ တော်တော်များများက ဒီသီချင်း ဗီဒီယိုဖိုင်ကို Reaction Video တွေပြုလုပ်ခဲ့တာကြောင့် ပိုပြီး လူသိများလာခဲ့တာပါ။

Classy’s World Youtuber က We are The World သီချင်းကို ဂီတပုံစံအမျိုးမျိုးနဲ့ Cover သီချင်းပြုလုပ်ရာမှာ မူရင်းပုံစံကိုပြောင်းလဲတာမျိုး မတွေ့ရပေမယ့် Chinland Chauk Artist ရဲ့ တင်ဆက်မှုမှာတော့ သီချင်းပုံစံကိုပါ ပြောင်းလဲထားတာကိုတွေ့ရတယ်ဆိုပြီး သီဆိုသူတွေအားလုံးကိုလည်း ချီးကျူးထားပါတယ်။

တခြားနိုင်ငံအသီးသီက Youtuber တွေကလည်း ချီးကျူးကြပြီး ဗီဒီယိုကြည့်ရှုပြီးသူတွေကလည်း ကောင်းမွန်တဲ့ မှတ်ချက်တွေပဲပေးထားကြပါတယ်။

“We are the world reaction တွေ အကုန်ဝင်ကြည့်မိပီး ကြက်သီးတွေထ မျက်ရည်‌တွေ ဝဲရတယ် တကယ်ကိုကောင်းလွန်းပါတယ် ထိလည်းထိရောက်ပါတယ် သီချင်းတပုဒ်နဲ့ မီးမောင်းထိုးပြသွားတယ်” လို့ ပရိသတ်တစ်ဦး ကမှတ်ချက်ပြုထားပါတယ်။

(Chinlung Chauk Artist အဖွဲ့ရဲ့ We Are The World Cover Song ကို Youtuber​တွေက ပြန်လည်တင်ဆက်ထားကြမှု)
(Chinlung Chauk Artist အဖွဲ့ရဲ့ We Are The World Cover Song ကို Youtuber​တွေက ပြန်လည်တင်ဆက်ထားကြမှု)

ဒီသီချင်းမှာပါဝင်သူတွေရဲ့ အရည်အချင်း‌ကောင်းမွန်ကြသလို Rap စာသားတွေနဲ့ သီဆိုထားတာကလည်း သီချင်းကို ပိုပြီး စိတ်ဝင်စားမှုပိုရစေတယ်လို့ ပရိသတ်တစ်ဦးကဆိုပါတယ်။

“ကိုယ့်မြန်မာပြည်မှာ ဖြစ်ပျက်နေလို့ သူတို့လေးတွေဆိုတာနားထောင်ရင်း မျက်ရည်ကျ တယ်ကွယ် ဆိုထားတဲ့ကလေးတွေ တစ်ကယ့်ကိုတော်ပါတယ် ဒီ့ထက်မက အောင်မြင်ပါစေ မြန်မာနိုင်ငံကို ကယ်တင်နိုင်ပါစေ” လို့ အခြားပရိသတ်တစ်ဦးကလည်း သူ့အမြင်ကိုပြောထားပါတယ်။

We are The World သီချင်းကို 1985 မှာ မိုက်ကယ်ဂျက်ဆင် နဲ့ လိုင်ယွန်နယ်ရစ်ချီ တို့က သီဆိုထားတာဖြစ်ပါတယ်။

အာဖရိကတိုက်ကဆင်းရဲတဲ့နိုင်ငံ​တွေအတွက် အလှူ​ငွေရဖို့ ကမ္ဘာ​ကျော်​တေးသံချင်း​တွေသီးဆိုရာမှာလည်း ပိုထင်ရှားနာမည်ကြီးလာတာဖြစ်ပါတယ် ။

You May Also Like

သတင်း

ပတ္တမြားတူးဖော်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးဆောင်ရွက်နေသည့် စစ်ကောင်စီအတွက်ဘဏ္ဍာငွေကူညီရှာဖွေပေးနေခြင်းဖြစ်သည်။

သတင်း

သီချင်း၏အမည်မှာ 'ငါတို့ဒဏ္ဍာရီ' ဖြစ်ပြီး ဇေယျာသော် ၊ရန်ရန်ချန်း နှင့် R ဇာနည်တို့က သီဆိုထားသည်။

News

နာမည်ကြီး တေးရေး၊အဆိုတော်ထူးအိမ်သင် ရေးသားပြီး မွန်းအောင်သီဆိုထားသည့် "သွေးသစ္စာ"သီချင်းသည်စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုများတွင် ပြည်သူလူထုအား စိတ်ခွန်အားပေးသည့် သီချင်းတစ်ပုဒ် ဖြစ်လာသည်။

News

အကြမ်းဖက်စစ်​ကောင်စီသည် အဆို​တော်ချမ်းချမ်း၏ ​နေအိမ်အား လုယူချိတ်ပိတ်ပြီး​နောက် အဆိုပါ ​နေအိမ်အား ပြန်လည်​ရောင်းချ၍ ​ငွေရှာ​ဖွေရန် ကြိုးပမ်း​နေခြင်း ဖြစ်သည်။