Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ စစ်တပ်အထိနာတဲ့ ပင်​လောင်းတိုက်ပွဲ”

ဖေဖော်ဝါရီ ၂၄ရက်က ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအဝင်ရှိစစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာပြီးဂိတ်စခန်းအားစွန့် ခွာထွက်ပြေးကြသည်။

ကရင်နီတပ်မ​တော်(KA)မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KA
ကရင်နီတပ်မ​တော်(KA)မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KA

▪︎” လေကြီးတာတော့မဟုတ်ဘူး။ကျွန်တော်တို့အနေနဲ့ မမှုဘူး။စစ်ကောင်စီတပ်ကနာမည်ကြီးတပ်မ ၆၆ လိုမျိုးကြမ်းပါတယ်၊ ရမ်းပါတယ်ဆိုတဲ့ လူတွေတောင် ကရင်နီမှာ မြေသြဇာဖြစ်နေတာ။အဲဒီထက်ဘယ်ကောင်လာလာကျွန်တော်တို့ကရင်ဆိုင်ဖို့အသင့်ဘဲ” – KNDF စစ်ဦးစီး(၂) ကိုမာဝီ

နေပြည်​တော်နှင့် မိုင် ၅၀ ​ကျော်သာကွာ​ဝေးသည့် ရှမ်းပြည်​တောင်ပိုင်းရှိ ပင်​လောင်းမြို့နယ်တွင် ​ဖေ​ဖော်ဝါရီလကုန်ပိုင်းမှစ၍တိုက်ပွဲများအပြင်းအထန်ဖြစ်ပွား​​ခဲ့သည်။

ဖေဖော်ဝါရီ ၂၄ရက်က ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအဝင်ရှိစစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာပြီးဂိတ်စခန်းအားစွန့် ခွာထွက်ပြေးကြသည်။

ဖယ်ခုံမြို့နယ်နှင့်မိုးဗြဲဘက်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည့်စစ်ကောင်စီတပ်ကိုကရင်နီပူးပေါင်းတပ်များကလက်ဦးမှုယူ၍စတင်တိုက်ခိုက်ခဲ့ပြီးနောက်တိုက်ပွဲမှာ ရက်သတ္တပတ်အကြာပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ ဆောင်းပြောင်းစစ်ဆေးရေးဂိတ်ကိုဝင်စီးပြီးတဲ့​နောက် စကစ ဘက်က အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးခဲ့တယ်။ပအိုဝ်းအမျိုးသားတပ်မ တော် PNO/ PNA က တပ်သားအချို့လည်း စစ်ကောင်စီနဲ့ ပူးပေါင်းလာတယ်” ဟု ကရင်နီအမျိုး သားများကာ ကွယ်ရေးတပ် KNDF တာဝန်ရှိသူက တိုက်ပွဲစတင်ဖြစ်ပွားပုံကို ပြောသည်။

စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်ဖြင့်ပြန်၍ထိုးစစ်ဆင်လာသဖြင့် ဆောင်းပြောင်းမှ တောင်မဲသင်းနှင့်ပင်ပုံကျေး ရွာများအထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ပင်လောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းတပ်မှသေဆုံးသူ( ၃၀ )ဝန်းကျင်ရှိနိုင်ကြောင်းလည်း ကရင်နီပူးပေါင်းတပ်များက ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများစွာလည်း ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့သည်။

ပင်​လောင်းတိုက်ပွဲတွင်​ စစ်တပ်နှင့်အတူတိုက်ပွဲဝင်ပြီး ​သေဆုံးခဲ့​သောPNA တပ်ဖွဲ့ဝင်၏ ယူနီ​ဖောင်းတစ်ခု။ဓါတ်ပုံ-KMIC
ပင်​လောင်းတိုက်ပွဲတွင်​ စစ်တပ်နှင့်အတူတိုက်ပွဲဝင်ပြီး ​သေဆုံးခဲ့​သောPNA တပ်ဖွဲ့ဝင်၏ ယူနီ​ဖောင်းတစ်ခု။ဓါတ်ပုံ-KMIC

ရှမ်းပြည်နယ်​တောင်ပိုင်းရှိပင်​လောင်းမြို့နယ်သည်အနောက်ဘက်တွင် ​နေပြည်​တော်ပျဉ်းမနားမြို့နယ်၊အရှေ့ဘက်တွင် ညောင်ရွှေမြို့နယ် ၊ မြောက်ဘက်တွင် ကလောမြို့နယ် နှင့် တောင်ဘက်တွင် ဖယ်ခုံမြို့နယ်တို့ဖြင့် နယ်နိမိတ် ထိစပ်နေသည်။ထိုအပြင် အာဏာလုစစ်​ကောင်စီ၏ ဗဟိုချက် ​နေပြည်​တော်နှင့် ပင်​လောင်းမြို့နယ်မှာ အ​ဖြောင့်တိုင်းပါက ၅၂ မိုင်ခန့်( ၈၃ ဒသမ ၅ ကီလိုမီတာ)သာ​ဝေးသည်။ကားလမ်းအတိုင်းဆိုလျှင်ပင် ၈၅ မိုင်ခွဲ(၁၃၈ ကီလိုမီတာ)သာရှိပြီး ​နေပြည်​တော်သို့ ကားဖြင့် ၃ နာရီ​ကျော်​မောင်းလျှင်​​​အ​ရောက်သွားနိုင်သည်။

ကရင်နီတပ်​ပေါင်းစုကတိုက်ခိုက်၍ စစ်သားများထွက်​ပြေးကုသော​ဆောင်း​ပြောင်းရွာဂိတ်သည်ပင် ​နေပြည်​​တော်နှင့် ကာလမ်းအတိုင်းသွားလျှင် မိုင် ၁၁၀ ​ကျော်သာ​ဝေးရွာ ကားဖြင့်ပုံမှန်​မောင်းပါက ၄ နာရီဆိုလျှင်​နေပြည်​တော်အ​ရောက်သွားနိုင်သည်။​နေပြည်​တော်နှင့် ​ဆောင်း​ပြောင်းရွာအကွာအ​ဝေးကို ​အ​ဖြောင့်တိုင်းပါက ၅၂ မိုင်​ကျော်( ၈၄ ကီလိုမီတာခန့်)သာ​ကွာဝေးခြင်းဖြစ်၏ ။

“ အခုကတော့သူတို့ဆုတ်သွားပြီး။ကျွန်တော်တို့အပြင်းအထန်တိုက်ခိုက်နေတယ်။ကျွန်တော်တို့ နယ်ထဲကို ထပ်တိုးမဝင်လာနိုင်အောင်သူက RPGဆို၊ကိုယ် RPG ပဲ။သူစက်သေနတ်ဆို ကိုယ်စက်သေနတ်ပဲ။ကျွန်တော်တို့မှာလေယာဥ်သာမရှိလို့သာ ။သူလေယာဥ်ဆို ကိုယ်လေယာဥ်လုပ်လို့ရတာပေါ့။အခု သူတို့ဘက် က မတိုးသာဘူး။တိုးရင်လည်း သူတို့ဘက်က လူတွေ အကုန်ကုန်ပြီးမှပဲ နောက်ဆုံးကျန်တဲ့ တစ်ယောက် နှစ်ယောက်လောက်ပဲ ဝင်နိုင်လိမ့်မယ်။သူတို့တွေ အပြင်းအထန် တိုက်ခိုက်ခံရတယ်။အကျအဆုံးများတယ်။ကျွန်တော်တို့ သိမ်းဆည်းရမိတဲ့လက်နက်တွေရှိတယ်။ ကျွန်တော်တို့ မထုတ်ပြန်သေးဘူး” ဟု ရှမ်းပြည်နယ်​တောင်ပိုင်းနှင့်ကရင်နီနယ်စပ်တိုက်ပွဲများနှင့်ပတ်သပ်၍ KNDFစစ်ဦးစီး( ၂ )ကိုမာဝီက People’s Spring သို့ပြောသည်။

ပင်​လောင်းမြို့နယ်ကိုGoogle Map တွင်​တွေ့ရမှု
ပင်​လောင်းမြို့နယ်ကိုGoogle Map တွင်​တွေ့ရမှု

ဖေဖော်ဝါရီတစ်လအတွင်းကရင်နီပြည်နယ်တစ်ခုလုံးတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၅ ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်များမှ လက်နက် ၃၄ လက် နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့​ကြောင်းKNDF ကထုတ်ပြန်ထားသည်။တိုက်ပွဲအများစုမှာ ပင်​လောင်းမြို့နယ်တွင်ဖြစ်ပွားခြင်းဖြစ်သည်။

ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်​ရေးတပ်(KNDF) နှင့် ​ဒေသခံPDF ပူးပေါင်းတပ်များကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်နှင့်PNO/PNAပူးပေါင်းတပ်များအထိနာသဖြင့် လက် နက်ကြီး ပစ်ကူနှင့် လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သည်။

အထိနာခဲ့သည့် စစ်ကောင်စီပူးပေါင်းတပ်သည် တောင်မဲသင်း၊လုံပျဥ်ရွာမှဆောင်းပြောင်းရွာအနီးသို့ပြန်လည်ဆုတ်ခွာသွားခဲ့သည်။လက်ရှိတွင် နှစ်ဖက်တိုက်ပွဲမှာမရှိသေးသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိနေကြောင်း ဒေသခံအချို့က​ပြောသည်။

“ စစ်ရှောင်နေရတဲ့ ဒေသခံက သုံးထောင်အထက်ရှိနေသေးတယ်။ပြီးတော့ တိုက်ပွဲကလည်း ဘယ်လိုဆက် ဖြစ်မယ်ဆိုတာ မသိနိုင်ဘူးလေ။ကလောဘက်ကနေ စစ်ကားတွေ ထပ်ဆင်းလာတယ်လို့တော့ ကြား တယ် “ ဟု ဆောင်းပြောင်းရွာခံတစ်ဦးကပြောသည်။

ပင်​လောင်းမြို့နယ်နှင့် ​ဆောင်း​ပြောင်းရွာကို Google Map တွင်​တွေ့ရမှု
ပင်​လောင်းမြို့နယ်နှင့် ​ဆောင်း​ပြောင်းရွာကို Google Map တွင်​တွေ့ရမှု

စစ်​ကောင်စီတပ်က အထိနာပြီး​နောက် ပင်လောင်းတိုက်ပွဲကိုပအိုဝ်းလူမျိုးနှင့်ကရင်နီလူမျိုးကြားလူမျိုးရေးတိုက်ပွဲသဏ္ဍန်ပုံဖော်၍ ​သွေးခွဲရန်ကြိုးစားလျှက်ရှိသည်။

အဆိုပါ ဝါဒမှိုင်းတိုက်မှုနှင့်ပတ်သပ်၍ကိုမာဝီက” စစ်ကောင်စီဘက်က လူမျိုးရေးရန်တိုက်ပေးဝါဒဖြန့်နေသလို ပအိုဝ်းနဲ့ ကရင်နီ တိုက်နေတယ်ဆိုတာ မဟုတ်ဘူး။စစ်ကောင်စီနဲ့ စစ်ကောင်စီအကျိုးကို လုပ်ပေးနေတဲ့သူတွေကို တိုက်ထုတ်တာဖြစ်တယ်။ပအိုဝ်းလူမျိုးတွေကို ရှင်းရှင်းလင်းလင်း မြင်စေချင်တယ်။သိစေချင်တယ်။စစ်ကောင်စီနဲ့ အတူတူ တွဲလာတဲ့ ကောင်တွေ၊ ကျွန်တော်တို့ကို ပစ်ခတ်တဲ့ပအိုဝ်းလို့ အမည်ခံထားတဲ့ ကိုယ်ကျိုးစီးပွားကြည့်တဲ့သူတွေကို ကျွန် တော်တို့ က တိုက်ခိုက်တာဖြစ်တယ်” ဟုပြောကြားသည်။

ပင်​လောင်းတိုက်ပွဲတွင် အထိနာသွား​သော စစ်တပ်သည် ကရင်နီ ဒေသအတွင်းသို့ စစ်​​ကောင်စီ၏အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂)မှတပ်ရင်းတပ်ဖွဲ့များ အင်အားဖြည့်တင်းနေသည်။

“ အဓိကတော့ သူတို့ အင်အားဖြည့်လာတာပေါ့။ စက ခ(၂)က တပ်မ တစ်မလုံးလာတာပေါ့။ တစ်မလုံးဆိုတာ ၁၀ရင်းဆို အကုန်လုံးတော့ မလာဘူး တစ်ရင်းတော့ကျန်မယ်။ သုံးရင်း တစ်ဗျူဟာနဲ့ သူတို့ ဝင်လှုပ် ရှားမယ်လေ။ ဗျူဟာ ၃ခုဆိုတော့ ၉ရင်းလောက်လာမှာပေါ့။ ကျနော်တို့ ကြားတာ မိုးဗြဲရောက်ပြီ နောက် ဆီဆိုင်ရောက်ပြီ။ တချို့လည်းဒေသကိုရောက်ပြီ”ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ခံခူညေးရယ်ကလည်းPeople’s Springသို့ပြောသည်။

KNDF မှ ရဲဘော်များအား တွေ့ရစဉ်
KNDF မှ ရဲဘော်များအား တွေ့ရစဉ်

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ကလည်း ကရင်နီပြည်သူလူထု ထံသို့ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် အချက်များအပါအဝင် လုံခြုံရေးဆိုင်ရာ အသိပေး တိုက်တွန်းနှိုးဆော်ချက်တစ်ရပ်ကို မတ်လ ၄ ရက်က အရေးပေါ်ထုတ်ပြန်၍ ပြည်သူများကိုသတိပေးထားသည်။

“ လေကြီးတာတော့မဟုတ်ဘူး။ကျွန်တော်တို့အနေနဲ့ မမှုဘူး။စစ်ကောင်စီတပ်ကနာမည်ကြီးတပ်မ ၆၆ လိုမျိုးကြမ်းပါတယ်၊ ရမ်းပါတယ်ဆိုတဲ့ လူတွေတောင် ကရင်နီမှာ မြေသြဇာဖြစ်နေတာ။အဲဒီထက်ဘယ်ကောင်လာလာကျွန်တော်တို့ကရင်ဆိုင်ဖို့အသင့်ဘဲ” ဟုကိုမာဝီက ပြတ်သာစွာ​ပြောပါသည်။

You May Also Like

သတင်း

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝန်း၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၃၂ မှုရှိကြောင်း NUG က မှတ်တမ်းတင်ပြုစုထားပြီး မြေပြင်တွင် ယင်းအရေအတွက်ထက် များပြားနိုင်ကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက သတင်းစာ ရှင်းလင်းပွဲ၍ ပြောသည်။

သတင်း

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မတ်လ ၄ရက်နှင့် ၅ရက်တို့တွင် ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲရွာတို့အား မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

နိုင်ငံတကာတရားစွဲအဖွဲ့အစည်းများအနေဖြင့်လည်း ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများကို ယခုလက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်စပ်ဒေသတွင် သာမကပဲ မြန်မာတစ်နိုင်ငံလုံးအနှံ့ကျူးလွန်မှုများအထိ ချဲ့ထွင်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

သတင်း

တပ်ကြပ်ငစိုးမှာ ခြေထောက်ပြတ်ထွက်သွားကာ ဆေးရုံတင်ထားပြီး အသက်အန္တရာယ်ထိခိုက်နိုင်ကာ ပျူဝေဠုမှာ ပွဲခြင်းပြီး ‌သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့တာဝန်ခံက ဆိုသည်။