Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မတ်လ ၄ရက်နှင့် ၅ရက်တို့တွင် ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲရွာတို့အား မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ပင့်သာရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ပင့်သာရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ နှစ်ရက်အတွင်း ကျေးရွာသုံးရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မတ်လ ၄ရက်နှင့် ၅ရက်တို့တွင် ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲရွာတို့အား မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ပင့်သာရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ပင့်သာရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

မတ်လ ၄ ရက်က အောက်တဲရွာရှိ နေအိမ် နှစ်လုံး၊ ချပ်သင်းရွာမှ နေအိမ် ခုနစ်လုံး၊ မတ်လ ၄ရက်နှင့် ၅ရက်တို့တွင် ပင်သာရွာမှ နေအိမ် ၅၁လုံးတို့အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယခင်ကလည်း အဆိုပါကျေးရွာများရှိ ဒေသခံပြည်သူလူထုနေအိမ်များကို မီးရှို့ခဲ့ရာ အောက်တဲရွာမှ နေအိမ် ၄၀ကျော်၊ ပင်သာရွာမှ နေအိမ် ၁၅၀ ခန့်အထိ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အသိပေးထားသည်။

(ပင့်သာရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ပင့်သာရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများက ကိုးတောင်ဘို့၊ ချပ်သင်းနှင့် ပင့်သာတိုက်နယ်အတွင်း စစ်ကြောင်းထိုးခြင်း၊ ပစ်ခတ် မီးရှို့မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ယင်းဒေသရှိ ဒေသခံ ပြည်သူ သုံးသောင်းကျော် အိုးအိမ်စွ်န့ခွာပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်မှ သေဆုံးသူများအနက်တစ်ပွင့်ဗိုလ်တစ်ဦး၊တပ်ကြပ်ကြီးတစ်ဦးနှင့်ဒု-တပ်ကြပ်တစ်ဦးပါဝင်ကြောင်း အတည်ပြု သိရှိရသည်ဟု ဖော်ပြသည်။

သတင်း

မိုင်းထိပြီးမကြာမီ စစ်ကား သုံးစီးထပ်မံရောက်ရှိလာပြီး ပျက်စီးသွားသော ယာဥ်နှင့် သေဆုံးစစ်သားအလောင်းများအား လာရောက်သယ်ယူသွားကြောင်း သိရသည်။

ဆောင်းပါး

ဖေဖော်ဝါရီ ၂၄ရက်က ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအဝင်ရှိစစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာပြီးဂိတ်စခန်းအားစွန့် ခွာထွက်ပြေးကြသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝန်း၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၃၂ မှုရှိကြောင်း NUG က မှတ်တမ်းတင်ပြုစုထားပြီး မြေပြင်တွင် ယင်းအရေအတွက်ထက် များပြားနိုင်ကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက သတင်းစာ ရှင်းလင်းပွဲ၍ ပြောသည်။