Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေဟု MBTပြော

အဆိုပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်အရ အတည်ပြုနိုင်ခဲ့သည်ဟု Myingyan Black Tiger(MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

(၂၀၂၁က ရန်ကုန်မြို့တွင် ဆန္ဒပြသူများအား လိုက်လံပစ်ခတ်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-EPA)
(၂၀၂၁က ရန်ကုန်မြို့တွင် ဆန္ဒပြသူများအား လိုက်လံပစ်ခတ်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-EPA)

မကွေးတိုင်း၊ ရေစကြိုမြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger(MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၆ ရက်) နံနက် ၁၁နာရီခန့်က ရေစကြိုမြို့၊ အမှတ်(၁) ထင်းတန်းရပ်ကွက်၊မီးကင်းလမ်းဆုံတွင် Myingyan Black Tiger(MBT)၏ ရဲဘော်များ စောင့်ဆိုင်းနေစဥ် ရုံးပေါင်းစုံနှင့် ဆေးရုံကြီးတွင်ရှိသော စစ်ကောင်စီတပ်သားများက အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းသုံးခုခွဲ၍ ထွက်လာခဲ့သည်။

အဆိုပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်အရ အတည်ပြုနိုင်ခဲ့သည်ဟု Myingyan Black Tiger(MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ ဒီကောင်တွေ မြို့ထဲကို စစ်ကြောင်းသုံးကြောင်းခွဲထိုးခဲ့တာ။ သူတို့ကစစ်ကြောင်း သုံးကြောင်း ခွဲလာတဲ့အချိန်မှာ ပထမဆုံးစစ်ကြောင်းဟာ ကျွန်တော်တို့စိုးမိုးထားတဲ့နယ်မြေထဲကို ကျွံလာတဲ့အတွက် မိုင်းဆွဲခဲ့တာပါ။” ဟု Myingyan Black Tiger(MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်နှင့်အတူ ပျူစောထီးများလည်းပါဝင်ပြီး ရွာဘိုးရပ်အတွင်း ဝင်ရောက်မွှေနှောက်ကာ ပြည်သူများကို ဒုက္ခပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၄ ရက်ကလည်း ရေစကြိုမြို့ ၊အမှတ်(၂)စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံဌာနတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား လက်နက်ကြီး လက်နက်ငယ်များဖြင့် စီးနင်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ကြောင်း Myingyan Black Tiger(MBT)အဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

မတ်လ ၃ ရက် နံနက် ၇ နာရီကျော်တွင် မြိတ် - ထားဝယ်လမ်းအတိုင်း မောင်းနှင်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပိတိုင်ကွေ့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဥ်တန်းမှ ယာဉ်တစ်စီးတိမ်းမှောက်သွားပြီး တစ်စီးမှာ မီးလောင်ပျက်စီးသွားသည်ဟု ဆိုသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရသည် UNHCR၊ နိုင်ငံတကာမိတ်ဖက်များ၊ ဒေသခံရိုဟင်ဂျာအဖွဲ့အစည်းများနှင့်အတူ ထိခိုက်ခံစားခဲ့ရသော အိမ်ထောင်စုများအတွက် အကူအညီများပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးမှုကို ၂၀၂၂ နှစ် မိုးကုန်ပိုင်းတွင် နောက်ဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု PDF Zoland တာဝန်ရှိသူကပြောသည်။

သတင်း

စစ်ကောင်စီတပ်မှ သေဆုံးသူများအနက်တစ်ပွင့်ဗိုလ်တစ်ဦး၊တပ်ကြပ်ကြီးတစ်ဦးနှင့်ဒု-တပ်ကြပ်တစ်ဦးပါဝင်ကြောင်း အတည်ပြု သိရှိရသည်ဟု ဖော်ပြသည်။