Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမှ ချင်းပြည်သို့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ဟုPDF ဇိုလဲန်းသတိပေး

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးမှုကို ၂၀၂၂ နှစ် မိုးကုန်ပိုင်းတွင် နောက်ဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု PDF Zoland တာဝန်ရှိသူကပြောသည်။

(ကရင်ပြည်နယ် ၊​လေး​ကေ့​ကော်မြို့သစ်ကို ၂၀၂၁ ဒီဇင်ဘာလကစစ်​ကြောင်းထိုးဝင်​ရောက်ခဲ့စဥ်က စစ်သားအချို့။ ဓါတ်ပုံ-CJ)
(ကရင်ပြည်နယ် ၊​လေး​ကေ့​ကော်မြို့သစ်ကို ၂၀၂၁ ဒီဇင်ဘာလကစစ်​ကြောင်းထိုးဝင်​ရောက်ခဲ့စဥ်က စစ်သားအချို့။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ကလေးမြို့မှချင်းပြည်နယ်ဘက်သို့စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)-ဇိုလဲန်း(Zoland)က ယနေ့မတ်လ ၇ရက်တွင်သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ကလေး-သိုင်းငင်း-တီးတိန်လမ်းမကို အသုံးပြုလာခြင်းကြောင့် ထိုလမ်းမကြီးပေါ်တွင် အချိန်မရွှေးတိုက်ပွဲများဖြစ်လာသည်ဟု PDF-Zolandကသတိ​ပေးထားသည်။ ထိုကြောင့် မိဘပြည်သူများအနေဖြင့် ထိုလမ်းမကြီးပေါ်တွင် ခရီးသွားလာခြင်း၊ တောထွက်ခြင်းမပြုရန်လည်း အသိပေးထားသည်။

“သူတို့က ရှုခင်းသာကနေ ခြေလျင်နဲ့တက်လာတာ။ အဓိကက ခရီးသွားယာဉ်တွေ ပြည်သူတွေဘက်ကနည်းနည်း သတိထားရင် ပိုကောင်းတာပေါ” ဟု PDF-Zoland တာဝန်ရှိသူ တစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးမှုကို ၂၀၂၂ နှစ် မိုးကုန်ပိုင်းတွင် နောက်ဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု PDF Zoland တာဝန်ရှိသူကပြောသည်။

“ သူတို့တက်လာတာ နှစ်ရက်လောက်ရှိပြီ တောင်ပေါ်ကို စစ်ကြောင်းထိုးဖို့ တက်လာတာ။ ကျွန်တော်တို့ သူတို့အင်အားနဲ့ အခြေအနေကို စုံစမ်းနေဆဲပါ”ဟု၎င်းကဆက်ပြောသည်။

ထိုစစ်ကြောင်းသည် တီးတိန်မြို့ကို ထိုးစစ်ဆင်ရန်ဖြစ်နိုင်သည်ဟုလည်း တာဝန်ရှိသူကသုံးသပ်ပြောသည်။

PDF ဇိုလဲန်းသည် ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း လှုပ်ရှားနေသည့် ကာကွယ်ရေးတပ်ဖြစ်ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

You May Also Like

သတင်း

အဆိုပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်အရ အတည်ပြုနိုင်ခဲ့သည်ဟု Myingyan Black Tiger(MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရသည် UNHCR၊ နိုင်ငံတကာမိတ်ဖက်များ၊ ဒေသခံရိုဟင်ဂျာအဖွဲ့အစည်းများနှင့်အတူ ထိခိုက်ခံစားခဲ့ရသော အိမ်ထောင်စုများအတွက် အကူအညီများပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

သတင်း

ကျောက်ထုမြို့နယ်ရွာတစ်ရွာတွင်ယမန်နေ့( မတ်လ ၆ ရက်) ညနေ ၃နာရီခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ပွဲ ဖြစ်ပွားခဲ့စဥ်The Youth Force(​ဆောနှင့်​ကျောက်ထု) မှရဲဘော် ကိုဇင်ဖြိုးလွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း

တော်လှန်ရေးကာလတလျှောက် စစ်ရေးအရှိန် မြင့်တက်လာသည်နှင့်အမျှ စစ်အသုံးစရိတ်ကြပ်တည်းမှု ပြသနာများအား နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပေါင်းစပ်ဖြေရှင်းနိုင်ရန် လိုအပ်နေသည်ဟုလည်း အထက်ပါတာဝန်ခံက ဆိုသည်။