Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာတွင် စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

ယမန်နေ့ ညနေ၅နာရီခန့်က မြင်းခြံ – ခမရ (၁၅)အဝင်ဂိတ် ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေစဥ်)
(စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေစဥ်)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ချောင်းဆုံကျေးရွာတွင် စစ်ကောင်စီတပ်စွဲပြီး ရက်ပိုင်းအတွင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ရဲ နှစ်ဦးသေဆုံးကြောင်း မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်း Natogyi People Defence Force၏ တာဝန်ခံက ပြောသည်။

ယမန်နေ့ ​(မတ်လ ၆ ရက်)က မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ချောင်းဆုံကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်းနှင့်အတူ Myingyan District Drone Strike Team တို့ပူးပေါင်း၍ ဒရုန်းဖြင့်ဗုံး သုံးကြိမ်ချတိုက်ခိုက်ခဲ့ကြောင်း NPDF တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် ရဲ နှစ်ဦးသေဆုံးပြီး စစ်ကောင်စီတပ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ၎င်းက ပြောသည်။

“ အဲရွာမှာ တပ်စွဲထားတာမကြာသေးဘူး။ သုံးရက်လောက်ပဲရှိသေးတယ်။ သူတို့က တောနင်းတဲ့အထဲမှာ ရဲတပ်သားတွေပါ ထည့်ပြီးတောနင်းနေတယ်လို့သတင်းရတယ်။ သေသွားတာကလည်း ရဲတပ်သားလို့အတွင်း သတင်းရတယ်” ဟု Natogyi People Defence Force၏ တာဝန်ခံက ပြောသည်။

စစ်ရေးအရှိန်မြင့်လာ၍ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် Natogyi People Defence Force က မေတ္တာရပ်ခံသည်။

ယမန်နေ့ ညနေ၅နာရီခန့်က မြင်းခြံ – ခမရ (၁၅)အဝင်ဂိတ် ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

You May Also Like

သတင်း

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရှု​ဒေါင်းသစ်လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(မတ်လ ၇ရက်)ည ၈နာရီခန့်တွင် ဝင်ရောက်အကြမ်းဖက်ပြီး လက်ဖက်ရည်သောက်နေသော အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

တိုက်နယ်စွန် PDF အဖွဲ့နှင့် မဟာမိတ်ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း၊ အဆိုပါစစ်ဆင်ရေးကို တိုက်နယ်စွန် PDF အဖွဲ့၊ ဗိုလ်မိုးကြိုး ၊ Zero Power ၊ MU ၊ မြင်းဖြူရှင် ၊ ဒီမိုပေါက်ကွဲ ၊ မော်ကွန်းသစ် PLA ၊...

သတင်း

အာဏသိမ်းကာလ နှစ်နှစ်ကျော်အတွင်း TNLAက Non CDM များနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် တရားဝင် ကြေညာချက် ထုတ်ပြန် သတိပေးခြင်းလည်းဖြစ်သည်။

သတင်း

မတ်လ ၅ရက် ညပိုင်းက ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာသို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။