Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားတောင်မြို့ရှိ စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

တိုက်နယ်စွန် PDF အဖွဲ့နှင့် မဟာမိတ်ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း၊ အဆိုပါစစ်ဆင်ရေးကို တိုက်နယ်စွန် PDF အဖွဲ့၊ ဗိုလ်မိုးကြိုး ၊ Zero Power ၊ MU ၊ မြင်းဖြူရှင် ၊ ဒီမိုပေါက်ကွဲ ၊ မော်ကွန်းသစ် PLA ၊ ပ.က.ဖ အဖွဲ့တို့နှင့် မဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(ဆားတောင်ရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်ရန် သွားရောက်နေစဥ်)
(ဆားတောင်ရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်ရန် သွားရောက်နေစဥ်)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လက်နက်ကြီးတစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၇ ရက်)က ဆားတောင်မြို့ရှိ စစ်ကောင်စီတပ်အား မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် (၈၀)မမ တစ်လုံးဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၂ နာရီခန့်တွင် (၆၀) မမ လေးလုံး၊ (၈၀) မမ နှစ်လုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာ ရရှိကြောင်း တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ပြောသည်။

“ ဆားတောင်မှာအခြေချပြီး ဘေးနားကရွာတွေကို စစ်ကြောင်းထိုးနေတဲ့အဖွဲ့ပါ။ဗိုလ်မိုးကြိုးအဖွဲ့က သွေးအိုင်ထဲကနေ ဖိုတီးတလုံး ကောက်ယူရရှိခဲ့တယ်လို့လည်းသိရပါတယ်။” ဟု တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ဆိုသည်။

တိုက်နယ်စွန် PDF အဖွဲ့နှင့် မဟာမိတ်ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း၊ အဆိုပါစစ်ဆင်ရေးကို တိုက်နယ်စွန် PDF အဖွဲ့၊ ဗိုလ်မိုးကြိုး ၊ Zero Power ၊ MU ၊ မြင်းဖြူရှင် ၊ ဒီမိုပေါက်ကွဲ ၊ မော်ကွန်းသစ် PLA ၊ ပ.က.ဖ အဖွဲ့တို့နှင့် မဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မတ်လ ၆ ရက် နံနက်ပိုင်းကလည်း မြင်းမူမြို့နယ်၊ လက္ကပင်ရွာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ တိုက်ခိုက်ရန် ဒေသတွင်းPDFများက စစ်ကူခေါ်သောကြောင့် တပ်စိတ်သုံးစိတ်စစ်ကူသွားရောက်ခဲ့ကြောင်း၊ ညနေ ၄ နာရီခန့်တွင် လက္ကပင်ကျေးရွာသို့ ရောက်ရှိခဲ့သော်လည်း စစ်ကောင်စီတပ်က ​ပြည်သူများအား ဓားစာခံ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ၍ တိုက်ခိုက်နိုင်ခြင်း မရှိကြောင်း တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ပြောသည်။

You May Also Like

သတင်း

Justice For Myanmar သည် မြန်မာစစ်ကောင်စီအား ဖိတ်ကြားမှုကို ချက်ချင်းရပ်တန့်ရန်၊ နောင်အာဆီယံဒေသတွင်း ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲများနှင့် ပွဲများအားလုံးကို ပိတ်ပင်ရန် တောင်း ဆိုထားသည်။

သတင်း

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရှု​ဒေါင်းသစ်လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(မတ်လ ၇ရက်)ည ၈နာရီခန့်တွင် ဝင်ရောက်အကြမ်းဖက်ပြီး လက်ဖက်ရည်သောက်နေသော အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

အာဏသိမ်းကာလ နှစ်နှစ်ကျော်အတွင်း TNLAက Non CDM များနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် တရားဝင် ကြေညာချက် ထုတ်ပြန် သတိပေးခြင်းလည်းဖြစ်သည်။

သတင်း

မတ်လ ၅ရက် ညပိုင်းက ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာသို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။